ဇင်ကိုဝိုင်းဆုတောင်းပေးနော်ညီမလေးဖြစ်ပါစေလို့ ....ညီမလေးဆို ဇင်ကအ၇မ်းပျော်မှာသိလား ..အခုပြောနေ၇င်တောင် မေမေဗိုက်ထဲက ဘယ်သူလေးလဲ့ဆိုတာကိုအ၇မ်းသိချင်လာပြီ
Monday, September 14, 2009
ဝိုင်းဆုတောင်းပေးကြပါနော်
ဇင်ကိုဝိုင်းဆုတောင်းပေးနော်ညီမလေးဖြစ်ပါစေလို့ ....ညီမလေးဆို ဇင်ကအ၇မ်းပျော်မှာသိလား ..အခုပြောနေ၇င်တောင် မေမေဗိုက်ထဲက ဘယ်သူလေးလဲ့ဆိုတာကိုအ၇မ်းသိချင်လာပြီ
Posted by ဇင် at 4:43 PM 4 comments
Labels: မိသားစု
Sunday, August 30, 2009
နင်ငါကိုမချစ်ဘူး
နစ်................ ချစ်လေး ...ငါတို့စကားပြောဖို့လိုတယ်
ငါ................... နစ်....နင်ဘာကိုဆိုလိုတာလဲ
နစ်................ တစ်စုံတခုက လာတော့မယ်
ငါ ................ဘာလဲ .......ဘာမှားလိုလဲ?????အဲဒါဆိုးဝါးလား????????????/
နစ် ..................နင်ကိုမနာကျင်စေဘူး.......baby
ငါ .................အိုဘုရားသခင်....ငါမျှော့်လင်ပါတယ်နင်ငါကိုမထားခဲ့ဘူးဆိုတာ
ငါသူကိုအရမ်းချစ်တယ်.......
ငါ ...................ဟုတ်ပါပြီ.....ငါနင်နားမှာရှိနေတယ် ...အရေးကြီးနေတာဘာလဲ
နစ် .................ငါမသေချာဘူး...ငါပြောသင့်လားမပြောသင့်ဘူးးလားဆိုတာ ....
ငါ .....................ကောင်းပြီ.......နင်အစဖေါ်ပြီပြီလေး ဒါကြောင့် ကျေးဇူးပြီ ငါကိုပြောပြပါနော်....
နစ် ....................ငါဒီမှာမနေတော့ဘူး သွားတော့မယ်...
ငါ..................... boby.....နင်ဘာတွေပြောနေတာလဲ???????ုငါမလိုချင်ဘူး
နစ် .................... ငါအဝေးတနေရာကိုသွားမလိုပါ.....
ငါ ဘာကြောင့်လဲ????? နင်မိသားစုအားလုံးက ဒီမှာနေကြတာလေဟာ...
နစ် .................... ကောင်းပြီ.....ငါအဖေက ဟိုအဝေးက ကျောင်းကဘော်တာဆောင်ကိုပို့တော့မှာ.
ငါ .....................ငါအဲဒါလုံးဝမယုံဘူး......
(ငါ ::.......တီတီ....မြည်နေတဲ့ဖုန်းကိုကိုင်လိုက်တယ် ...အလွန်စိတ်ဆိုးစွာနဲ့ အဖေက ငါကိုအော်ပြောနေတယ်
အဖေ .................ဘာလို့နင်အဲကောင်နဲ့စကားပြောနေတာလဲ ????ပြန်လာခဲ့
ဖုန်းစုတ်.....ဖုန်းကိုချလိုက်တယ်
နစ် .................ဟိုးးး နင်အဖေရဲ့ အသံကိုတော်တော်ကိုစိတ်ဆိုးနေတယ်နော်....
ငါ ..................နင်သိလားသူဘာဖြစ်တာလဲဆိုတာ....ဘာဘဲဖြစ်ဖြစ် နင်ကိုမသွားစေချင်ဘူး
နစ် ...................နင်ငါနဲ့အဝေးကိုလိုက်နိုင်မလား ?????
ငါ ......................baby....ငါလိုက်နိုင်တယ် နင်သိလား ..နင်အတွက်ဆို ငါဘာမဆိုလုပ်ပေးချင်တယ် ဒါပေမဲ့ ငါမလုပ်နိုင်ဘူး နင်မသိဘူးလားငါလုပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ ...ငါအဖေ ငါကိုသတ်လိပ်မမယ်...
နစ် .....................ဝမ်းနည်းစွာနဲ့...... ရပါတယ်...ငါနားလည်ပါတယ်...ငါခန့်မှန်းထားပါတယ်...
ငါ ..........................စဉ်းစားနေရင်...... ငါမယုံနိုင်ဘူး ဘာတွေဖြစ်ကုန်ပြီလဲ....
ငါအိမ်ကိုပြေးပြီပြန်သွားတယ် ..အိမ်ရောက်တော့ဘာတွေဖြစ်ကုန်ပြီလဲတခါမှမကြားဖူးတဲ့စကားကို သူပြောနေပြီ.....
ခဏနေတော့ ဖုန်းထမြည်နေတယ် ..
ငါ...................ဟဲလို
နစ် .................ဒီညကြရင် ငါနင်ကိုပေးစရာရှိတယ် ဘာကြောင့်လဲဆိုတော့ငါဒီည လေယာဉ်ချိန်၁နာရီမိနစ်၈၀ငါသွားရတော့မယ်ဆိုတော့ ....ငါနင်ကိုအခုတွေချင်တယ်....
ငါ .................အိုကေ....ငါနင်ကိုတိတ်တိတ်လေးလာတွေလိမ့်မယ် ပန်းခြံမှာ....
နစ် ..................အိုကေ.....ငါတို့အဲမှာတွေကြမယ်အဲမှာနောက်ထပ် မိနစ်၂၀မှာ
(ငါသူနဲ့ပန်းခြံအနီးတွေ့ကြတယ်.ငါသူကိုအတင်းကြပ်စွာငါဖက်ထားတယ် သူလဲငါကိုတင်းကြပ်စွာဖက်ထားတယ်.... ပြီးတော့ သူငါကိုစာတစ်စောင်ပေးတယ်)
နစ်.................... ရော့ ဒီမှာ နင်အတွက်စာ ငါသွားတော့မယ် နင်အိမ်ပြန်တော့....
ငါမျက်ရည်တွေမဆည်နိုင်လိမ့်ဆင်းလာတယ်...... ငါအရမ်းငိုမိတယ် သူငါကိုပြန်ခိုင်းနေပြီ
နစ် ................မငိုပါနဲ့... ငါနင်ကိုချစ်တယ်ဆိုတာနင်သိလား ....ဒါပေမဲ့ ငါသွားရတော့မယ်
ငါ ..................အိုကေ..... ငါစပြီ အဝေးကိုလျှောက်ခဲ့တယ် ငါတို့နှစ်ယောက်လမ်းခွဲပြီအိမ်ပြန်ခဲ့တယ်..... အိမ်ရောက်တော့ သူပေးတဲ့စာကို ငါစပြီဖတ်ခဲ့တော့
ရှီ........
ငါထွက်သွားပြီဆိုတာ နင်သိပါတယ်နော်...ငါသိတယ်ပါတယ် ငါနင်ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ နင်သိလိုရအောင်ငါစာရေးပြီရှင်းပြတာပါ....အမှန်ကတော့ ငါနင်ကိုလုံးဝမချစ်ခဲ့ဘူး...ငါနင်ကိုအရမ်းမုန်းတယ်.. နင်ဟာ ငါအတွက်မကောင်းတဲ့မိန်းမ နင်ဘယ်တော့မမေ့နဲ့အဲဒါကို ငါဘယ်တော့မှ နင်ကို မဂရုစိုက်ဘူး နင်အကြောင်းကို ငါနင်နဲ့ဘယ်တော့မှစကားမပြောချင်ဘူး နင်ရဲ့ဘေးမှာတောင်ငါမနေချင်ဘူး ..ငါနင်ကိုဘယ်လောက်မုန်းလဲဆိုတာနင်သိလား ...ငါနင်ကိုမုန်းလွန်းလို့ ဘယ်လောက် မုန်းလဲဆိုတာ ငါကိုယ်တိုင်မသိဘူး အခု ငါထင်တယ် နင်ကိုငါမုန်းတယ်ဆို နင်သိလောက်ပြီ ဒါကြောင့်ငါထွက်သွားတာ ..နင်ဘယ်တော့မှငါကိုမမျှော်နဲ့.. ငါမထင်ဘူးတစုံတယောက်မုန်းဖို့ဆိုရင် ...ဒါပေမဲ့
နင်ကိုမုန်းတယ်....ငါဘယ်တော့မှနင်ကိုမမြင်ချင်တော့ဘူး အရင်ကလိုငါဘဝတစ်လျှောက်လုံးမှာ....ငါနင်ကိုဘယ်တော့မှမနမ်းတော့ဘူး ငါနင်ကိုဘယ်တော့မှမပွေ့ဖက်တော့ဘူး..ငါနင်ကိုသတိမရတော့ဘူးဆိုတာ
ငါအာမခံတယ်...နင်ဘယ်တော့မှငါအချစ်ကိုမရစေတော့ဘူး...ငါနင်ကို အဲဒါသတိရစေချင်တယ်.... Bitch .နင်ဒီစာကိုသိမ်းထား ဘာကြောင့်လဲဆိုတော့ ဒီစာက နင်အတွက်နောက်ဆုံးငါပေးခဲ့တာဘဲ Fuck... ငါနင်ကိုအရမ်းမုန်းတယ်...ငါနင်ကိုပြောစရာမရှိတော့ဘူး ...ဂွတ်ဘိုင့်.....ငါ.......ငါစပြီငိုခဲ့တယ် ငါအဲစာရွက်ကိုလွင့်ပစ်ပြီ ငါအကြာကြီးငိုခဲ့တယ် ဘယ်ချိန်လောက်ငိုခဲ့လဲ့ဆိုတာ ငါမသိခဲ့ဘူး ရက်အနည်းကြာတော့ ငါအရမ်းဝမ်းနည်းခဲ့တယ်....ငါစိတ်ဓါတ်အရမ်းကျခဲ့တယ်....ခဏနေတော့ ငါသူငယ်ချင်းကို ငါဖုန်းခေါ်လိုက်တယ်....
ငယ်ချင်း.................. ဟယ်လို ...ရှီ နေကောင်းလား ?????
ငါ ........................ငါမယုံဘူး ဘာတွေဖြစ်ကုန်ပြီလဲ ....သူငါကိုချစ်တယ်ဆိုတာ ငါသိတယ်
ငယ်ချင်း ...................အဲအကြောင်းလား???? လွန်ခဲ့တဲ့ရက် နစ်ငါဆီကိုလာသွားတယ်.. သူငါကိုပြောတယ် ..ငါဆီကိုနင်ဖုန်းဆက်ပြီအဲအကြောင်းမေး၇င်...နင်အကျီင်္အိတ်ကပ်မှာ ဒါမှမဟုတ် တစ်စုံတခုမှာ ရှာကြည့်ကြည့်တဲ့....
ငါရှာခဲ့တယ် စာရွက်သေးသေးလေးတွေကို ငါအိတ်ကပ်ထဲမှာ ....
Baby ငါမျှော်လင့်ပါတယ် နင်ဒီစာမဖတ်ခင် ..ငါပေးခဲ့တဲ့စာကို ဖတ်ပြီသွားပြီဆိုတာ ...ငါသိတယ် နင်အဖေ ဒီစာကိုဖတ်မိလိမ့်မယ်.....ဒါကြောင့် ငါစာလုံးတွေကိုပြောင်းရေးခဲ့တယ်....
မုန်းတယ်====ချစ်တယ်
ဘယ်တော့မှာ====အမြဲတမ်း
Bitch========Baby
မဖြစ်နိုင်ဘူးဆိုတာတွေ=====ဖြစ်လိမ့်မယ်
ငါမျှော်လင့်ပါတယ် ငါရေးထားတဲ့စာကို အလေးအနက်မထားပါနဲ့ ဘာကြောင့်လဲဆိုတော့ နင်ကို ငါအရမ်းချစ်လို့ပါ ငါနှလုံးသားထဲကပါချစ်တာပါ....ငါနင်နဲ့အဝေးကိုထွက်သွားချင်တာကို ဘာကြောင် နင်လက်မခံတာလဲ
ငါ .....................အိုဘုရား....ဒါသူစာဘဲ ....နစ်ငါကိုတကယ်ချစ်တာဘဲ သူငါကိုဖက်ထားတုန်း ငါအိတ်ကပ်ထဲကို သူထည့်ပေးခဲ့တာ ငါမယုံဘူး သူအဲလောက်ရူးလိုက်မယ်ဆိုတာ ...
ငယ်ချင်း ................အိုကေ နောက်မှဖုန်းပြန်ခေါ်မယ်နော်
ငါ .......................ပျော်ရွင်စွာနဲ့ ကောင်းပြီလေး ဘိုင့် ငါအိမ်မှာဘဲသူဖုန်းကို စောင့်ပြီနေတော့မယ်
ငါတီဗီကိုဖွင့်ကြည့်တော့
ဆိုးဝါးလွန်းတဲ့သတင်း
An airplane has crashed. Over 47 young boys died, we are still searching for survivors... This is a tragedy we will never forget, this plane was flight 1-80... it was on its way to an all boys boarding school..."
သတင်းကြေငြာသူက အဲလိုပြောခဲ့တယ်
ငါ .............တီဗီကိုပိတ်လိုက်တယ် ....သူဒီကမ္ဘာပေါ်မှာမရှိတော့ ငါလဲ မနေတော့ဘူး သူမရှိလို့ ငါနေစရာအကြောင်းလဲ မရှိဘူး ...ငါဘာလုပ်သင့်လဲ .....ငါငိုခဲ့တယ် ငါကံဆိုးလှချည်းလားး...နစ်နင်ကို ငါအရမ်းချစ်တယ် ..ငါကိုစောင့်နေပါ ..ငါလာခဲ့ပါမယ် ...ငါတို့အတူတူနေမယ်နော် ချစ်ရမယ်....
နောက်၃ရက်ကြာတော့ သတင်းစာမှာ ရှီရဲ့သေဆုံးသတင်းးပါခဲ့တယ်.....
နောက်မကြာခင်မှာဖုန်းမြည်နေတယ် ...တစ်ယောက်မှမကိုင်ကြဘူး .....
PLEASE LEAVE A MESSAGE
နစ် .................အား ဖုန်းကလဲ မတ်ဆေ့ထားခိုင်းနေပြီ
နစ်သူမတ်ဆေ့ထားခဲ့တယ် .....
ဟိုင်း နစ်ပါ ....ငါထင်တယ် နင်အိမ်မှာမရှိဘူးဆိုတာ ...ငါနင်ကိုခေါ်တာက ငါအသက်ရှင် နေသေးတယ်ဆိုတာ နင်ကိုသိစေချင်လို့ပါငါလေယာဉ်နောက်ကျသွားတယ်.. ဘာကြောင့်လဲ ဆိုတော့ နင်ကိုငါနောက်ဆုံးတခေါက်ပြန်လာကြည့်မိလို့လေး..ငါအတွက်မပူပါနဲ့ ငါနေကောင်းပေါတယ်နော် ငါအချစ်ရဆုံး ရှီလေးရယ်.....ငါပြန်လာရင်အတူတူနေမယ်နော် နင်ငိုအောင်ငါမလုပ်တော့မဘူးနော် .
ဒါလဲ နောက်တပုဒ်နော် ပြန်ထားတာ
Posted by ဇင် at 10:23 AM 2 comments
Labels: အဖြစ်အပျက်
Tuesday, August 18, 2009
နင်ငါကိုချစ်တယ်လို့ ဘာလို့ဖွင့်မပြောတာလဲ
ငါရင်ကို ခုန်အောင်လုပ်ခဲ့တဲ့ ချစ်သူရှိတစ်ယောက်ရှိတယ်.. သူနာမည်က ဂျင်း... လွန်ခဲ့တဲ့နှစ်က ငါအမြဲတမ်းသူအကြောင်းကို စဉ်းစားခဲ့တယ် ..ငါတို့ကျောင်းက ပျော်ပွဲစားသွားတဲ့အချိန်မှာ ငါသူနဲ့ ချစ်ခဲ့တယ်... အဲပျော်ပွဲစားမတိုင်ခင်ကတည်းကပေါ့..ငါရဲ့အချစ်က သူအတွက်ဘဲဖြစ်တယ်ဆိုတာ ငါဝန်ခံပါတယ်..အဲဒါနဲ့ ငါတို့ချစ်သူတွေဖြစ်လာခဲ့တယ် ဒါပေမဲ့ ငါတို့ချစ်တဲ့အချစ်က တခြားချစ်သူတွေချစ်တဲ့အချစ်နဲ့ လုံးဝကွာခြားနေတယ်... သူတစ်ယောက်ထဲတာ ငါအာရုံထဲမှာရှိတယ် .. ဒါပေမဲ့ သူအနားမှာ ကောင်မလေးတွေအများကြီးဘဲ ..ငါလဲအဲထဲမှာပါတာပေါ့... အဲဒီထည့်မှာ ငါအတွက်တော့ သူက တစ်ယောက် သော ချစ်သူပေါ့ .. သူအတွက် တော့ ငါဟာတခြားမိန်းကလေးလို့ဘဲပေါ့
'ဂျင်း နင်ရုပ်ရှင်သွားကြည့်ချင်လားလို့' ငါမေးခဲ့တယ်..
'မသွားချင်ဘူး'
'ဘာလို့လဲ ???အိမ်မှာစာလုပ်ရမှာမို့လို့လား???? ငါစိတ်ပျက်စွာမေးခဲ့တယ်..
'မဟုတ်ဘူး... ငါသူငယ်ချင်းနဲ့သွားတွေ့မလို့'
သူကအမြဲတမ်းအဲလို့ဘဲ ... ငါရှေ့မှာလဲ တခြားမိန်းကလေးနဲ့တွဲသွားတယ်... ဒါပေမဲ့ ငါဘာမပြောခဲ့ပါဘူး.. ငါက သူချစ်သူဖြစ်နေလို့ပေါ့.. ချစ်တယ်ဆို့တဲ့စကားလုံးတစ်လုံးကို ငါဘဲပြောရတယ်.. ငါသူကိုသိကတည်းကပေါ့.. အရင်တုန်းကလည်း ငါကိုချစ်တယ်ဆိုတဲ့စကားကို ငါသူဆီက မကြားခဲ့ဖူးဘူး... ငါတို့မှာနှစ်ပတ်လည့်နေ့လဲမရှိခဲ့ဘူး.. သူတရက်မှကိုမပြောခဲ့ဘူး ရက်၁၀၀ ..၂၀၀တာ ပြည့်သွားတယ် နေ့တိုင်း.. ငါတို့နှစ်ယောက်အိမ်မပြန်ခင်မှာ သူကငါလက်ထည့်ကို အရုပ်ကလေးတရုပ်ပေးခဲ့တယ် ဂွတ်ခ်ဘိုင့်လို့ မပြောခင်မှာပေါ့.. တစ်ရက်ကလေးမှ မပျက်ကွက်ခဲ့ဘူး .. အဲဒါဘာကြောင့်လဲဆိုတာ ငါမသိဘူး..
တနေ့မှာ ......
'ငါ.................... အမ်....... ဂျင်း .. ငါလေ.....
'ဂျင်း................. ဘာလဲ ??? ပြောလေ ဘာပြောမလို့လဲ ....
'ငါ....... ......... ငါနင်ကိုချစ်တယ် ...
'ဂျင်း............. ... ဒီအရုပ်ကိုယူပြီအိမ်ပြန်တော့နော်..
သူဘာဖြစ်တာလဲ အဲစကား၃လုံးလေးပြောတာကို အရုပ်ပေးပြီအတင်းကို အိမ်ပြန်ခိုင်းတယ်... ပြန်လှည့်ကြည့်တော့ သူပျောက်သွားတယ် ..သူကပြေးသွားတာကို... သူဆီက နေ့တိုင်းအရုပ်ကလေးတစ်ရုပ်ပြီတစ်ရုပ်အမြဲတမ်းရခဲ့တယ်.. ငါအခန်းတောင်ပြည့်တော့မယ်..အများကြီးဘဲ.... နေ့တနေ့ကိုရောက်ခဲ့တယ်အဲနေ့က ငါမွေးနေ့ ၁၅နှစ်ပြည့်တဲ့နေ့ပေါ့... ငါရဲ့မနက်ခင်းလေးမှာစောစောထခဲ့တယ်.. ငါသူနဲ့ဓါတ်ပုံရိုက်မယ်ပေါ့.. ငါအခန်းလေးထဲငါတစ်ယောက်ထဲနေတယ် .. သူဖုန်းခေါ်မှာကို ငါမျှော်လင့်စောင့်စားနေခဲ့တယ်.. နေခင်းစားကျော်သွားတယ် ..ညစားလဲကျော်သွားပြန်ပြီ ...ကြယ်လေးတွေထွက်ပြီမှောင်တော့မယ်.. သူဖုန်းမခေါ်ခဲ့ဘူး.. ငါရဲ့ ဖုန်းကို အကြိမ်ကြိမ်ပင်ပန်းချင်စွာနဲ့ ငါကြည့်ခဲ့တယ်.. မနက်၂နာရီမှာ.. သူငါဆီကိုရုတ်တရက်ဖုန်းခေါ်တယ် အိပ်ရာကနေ ငါကိုနိုးခဲ့တယ်.. ပြီတော့အိမ်အပြင်ထွက်လာခဲ့တဲ့.. ငါအရမ်းကိုပျော်ရွင်စွာနဲ့ပြေးပြီသူဆီကို ငါသွားခဲ့တယ်..
'ငါ...................... ဂျင်း......
'ဂျင်း.................. ရော့ဒီမှာနင်အတွက်.....
လာပြန်ပြီအဲအရုပ်သေးသေးလေး....
'ငါ.................... အဲဒါဘာလဲ...??????
'ဂျင်း................ မနေ့က ငါနင်ကိုအရုပ်မပေးခဲ့ဘူး.. အခုလာပေးတာ... ငါအခုအိမ်ပြန်တော့မယ် ..ဘိုင်
'ငါ.................... နေဦး....နေဦး ... ဒီနေ့ဘာနေ့လဲဆိုတာနင်သိလား????????
'ဂျင်း................ ဒီနေ့?????အမ်?????
ငါအရမ်းဝမ်းနည်းသွားတယ်...သူငါမွေးနေ့ကိုသူသတိရမယ်လို့ငါထင်ခဲ့တယ်..... သူဘာမှမဖြစ်သလို့နဲ့
လှည့်ပြီလှမ်းလျှောက်ထွက်သွားတယ်.. အဲဒီချိန်မှာ ..
'ငါ.................. နေအုန်း ...လို့ငါအော်ခေါ်ပြောခဲ့တယ်...
'ဂျင်း............... နင်မှာပြောစရာရှိလို့လား??????
'ငါ................... ပြော နင်ငါကိုချစ်တယ်လို့ အခုပြော......
'ဂျင်း............... ဘာလဲ?????
'ငါ................... ငါကိုချစ်တယ်လို့ပြောလေဟာ.......
အင်အားမရှိလောက်အောင် ဝမ်းနည်းသွားတဲ့ငါကသူ ရဲ့ရင်ခွင်ထဲကိုငါဝင်လိုက်တယ်.. သူကရိုးစင်းတဲ့စကားကိုပြောခဲ့တယ်...
'ဂျင်း............. တစ်စုံတစ်ယောက်ကို ငါချစ်တယ်လို့ပြောဖို့လွယ်ပါတယ်..ငါမပြောချင်ဘူး အဲစကားကိုနင်အလွယ်တကူကြားချင်ရင် တစ်ခြားတစ်ယောက်ကို သွားရှာနိုင်ပါတယ်.....
သူပြောပြီအဝေးကိုပြေးထွက်သွားတယ်....
ငါခြေထောက်တွေလှုပ်လို့မရအောင် ငါခံစားရတယ်.. မြေပြင်ပေါ်မှာ ငါပြိုလဲခဲ့တယ်.. သူကဘာလဲ လွယ်ကူတဲ့စကားကိုသူမပြောခဲ့ဘူး...သူဟာငါအတွက်ချစ်ရမဲ့ချစ်သူကောင်လေးမဟုတ်ဘူးဆိုတာငါခံစားရတယ်...
နောက်တနေ့... ငါအခန်းအောင်းပြီငိုခဲ့တယ်... သူငါဆီကိုဖုန်းမခေါ်ခဲ့တာတောင် သူဖုန်းကိုငါစောင့်စားနေမိတယ်.. သူကတော့မနက်မိုးလင်းတာနဲ့ငါရဲ့အိမ်ရှေ့မှာ အရုပ်သေးသေးလေးကို ပေးမြဲပေးနေခဲ့တယ် သူနေ့တိုင်းပေးတဲ့အရုပ်ကလေးတွေကို ငါအိမ်တောင်ဆောက်လို့ရပြီ...
ဘာမဟုတ်ဘဲ ၁လကုန်သွားပြီကျောင်းပြန်တက်ခဲ့တယ်... ငါရင်ထဲကိုသူနာအောင်လုပ်ခဲ့တယ်..သူကို လမ်းမှာတွေ့လိုက်တယ် ကောင်မလေးတစ်ယောက်နဲ့အတူ.. သူငါကိုပြုံးပြခဲ့တယ်..ငါတခါမှမမြင်ဘူးတဲ့အလုပ်ကို သူငါကိုလုပ်ပြခဲ့တယ်.. ငါကိုအရုပ်သေးသေးလေးပေးတယ်.. ငါအဲအရုပ်ကိုယူပြီအိမ်ကိုတန်းပြီပြေးခဲ့တယ်.... သူပေးတဲ့အရုပ်ကိုငါကြည့်ပြီငါမျက်နှာပေါ်မှာမျက်ရည်တွေစီးဆင်းပြီအကြာကြီးငိုခဲ့မိတယ်.. ဘာကြောင့်အဲအရုပ်တွေဘဲပေးနေရတာလဲ???တခြားကောင်မလေးကိုသွားပေးပါလား..ငါစိတ်ဆိုးစွာနဲ့ သူအရုပ်သေးသေးလေးကိုပစ်လိုက်တယ်.. ရုတ်တရက်ဖုန်းထမြည်ခဲ့တယ်.. အဲဒါသူဆက်တာပေါ့.. သူကပြောတယ်
'ဂျင်း.................. အိမ်နားကကားဂိတ်မှာစောင့်တယ်လာခဲ့
ငါအိမ်ကထွက်လာခဲ့တယ် ငါသိပ်လေးနေတဲ့ခြေလှမ်းတွေနဲ့ကားဂိတ်ကိုငါလှမ်းလာခဲ့တယ်... ငါကိုငါသတိပေးလိုက်တယ်.. သူကိုမေ့နိုင်အောင်လို့..အဲဒါမှပြီမှာ.. သူကအရုပ်အကြီးကိုကိုင်ပြီ ငါဆီကိုလာခဲ့တယ်...
'ဂျင်း............. ဂျို နင်တကယ်လာတယ်နော် ??????
ငါသူကိုမုန်းဖို့ငါမလုပ်နိုင်ဘူး.. သူရဲ့ပုံကဘာမှမဖြစ်သလိုနဲ့ ပျော်ရွှင်နေတယ်... သူအရုပ်ကလေးကိုကိုင်ထားတယ်...
'ငါ........................... ငါအဲဒါကိုမလိုချင်ဘူးဂျင်း..
'ဂျင်း........................ ဘာကြောင့်လဲ ဘာလို့လဲ????????
ငါသူလက်ထဲကအရုပ်ကို ငါလုယူပြီကားလမ်းမဘက်ကို ငါလွတ်ပစ်လိုက်တယ်...
'ငါ........................... ငါအဲအရုပ်ကိုမလိုချင်ဘူး... ငါဘာကိုမှာမလိုချင်ဘူး.. ဂျင်း နင်လိုမျိုးလူနဲ့ငါထပ်မဆုံချင်ဘူး....
စို့နေတဲ့ငါရင်ထဲစကားလုံးအားလုံးငါထုတ်ပြောခဲ့တယ်... ဒါပေမဲ့ ဒီနေ့ကတခြားနေ့နဲ့မတူဘူး.. သူမျက်လုံးလေးတွေလုံးဝကိုမငြိမ်ဘူး....
'ငါတောင်းပန်ပါတယ် ဂျို' သူရဲ့သိမ်ငယ်တဲ့အသံနဲ့ငါကိုတောင်းပန်ခဲ့တယ်... သူအရုပ်ကလေးကိုကောက်ဖို့လမ်းမဆီကိုသူသွားနေတယ်....
'ငါ.............................. ဂျင်း နင်ရူးနေလား.. ဘာလို့အဲအရုပ်ကိုသွားကောက်နေတာလဲ အဝေးကြီးကိုလွတ်ပစ်လိုက်..... သူငါပြောတာကို အရေးမစိုင်ဘူး...
Honk!! Honk!!! အသံကိုတီးနေတဲ့ကုန်တင်ကားရဲ့ ဦးတည်ရာလမ်းကသူဆီကိုဖြစ်နေတယ်...
'ငါ.............................. ဂျင်း မသွားနဲ့ မသွားနဲ့ ဂျင်း
.ငါအော်ပြီပြောနေတယ် ဒါပေမဲ့သူမကြားဘူး.. သူအရုပ်ကိုကောက်ဖို့ဘဲ အာရုံစူးစိုက်နေတယ်..
'ငါ.................................... ဂျင်း ရှောင်လိုက် အဲနားကနေရှောင်လိုက်လေ..Honk!! ..... Boom
ဒီအသံကြောက်စရာကောင်းတဲ့အသံ.. ငါရင်တွေအရမ်းတုန်နေတယ် သူဘာဖြစ်သွားပြီလဲ.. ငါသူဆီကိုပြေးသွားတယ်.... သူမျက်လုံးလေးထဲမှာ ငါကိုစကားတစ်လုံးပြောခဲ့ပြီအဝေးကိုထွက်သွားတယ်....
အဲနေ့ပြီတော့ ငါအပြစ်နဲ့ဝမ်းနည်းချင်များစွာငါသူကို လက်လွတ်ဆုံးရူံးခဲ့ရတယ်... ငါရူးသွပ်ချင်များစွာနဲ့အချိန်တွေ၂လတော့ကုန်သွားတယ်... သူငါနဲ့ချစ်သူဖြစ်တဲ့နေ့ကစပြီပေးခဲ့တဲ့အရုပ်သေးသေးလေးကို သူထွက်သွားတဲ့အချိန်ထိငါကိုသူပေးခဲ့တယ်... ငါအဲနေ့ကိုသတိရခဲ့တယ် ငါတို့အတူတူချစ်ခဲ့တဲ့အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာ ငါအရုပ်ကလေးကိုရေတွက်ခဲ့တယ်
၁...၂....၃.....၄...... ငါစပြီရေတွက်တယ်
၄၈၄....၄၈၅... အဲဒါအားလုံးရေတွက်လို့ကုန်သွားတဲ့အရုပ်လေး၄၈၅ ရုပ်ကိုငါရရှိခဲ့တယ်..
ငါစပြီငိုခဲ့တယ် အရုပ်အားလုံးကိုတင်းကျပ်စွာငါဖက်ထားခဲ့မိတယ် အဲအချိန်မှာ
'I LOVE YOU~ I LOVE YOU~!!!! အရုပ်ကလေးရဲ့ရင်ဘတ်ထဲက အသံကလေးထွက်လာခဲ့တယ်....
'I .....LO...VE...YO...U!!!!! တခြားအရုပ်ကလေးကိုကောက်ပြီ အရုပ်ကလေးရဲ့ရင်ဘတ်ကလေးကို ငါဖိခဲ့တယ်....
'I LOVE YOU......I LOVE YOU.....!!!! မဖြစ်နိုင်ဘူး!! ငါ အရုပ်ကလေးတွေရဲ့ရင်ဘတ်တွေကိုဖိထားလိုက်တယ်..
'I LOVE U......
I LOVE U.....
I LOVE U .....
I LOVE U .......
I LOVE U ...... အားလုံးအရုပ်ကလေးရဲ့ရင်ဘတ်ထဲက ထွက်လာခဲ့တယ်......
အသံတွေကလည်းမရပ်မနားထွက်လာခဲ့တယ် 'I LOVE U '... ဘာကြောင့်သူကိုယ်တိုင်မဖွင့်ပြောခဲ့တာလဲ့????????? သူရဲ့အသည်းငါနားမှာရှိနေခဲ့တာဘဲ .... ငါကိုအဲလောက်ချစ်နေရက်တာနဲ့ဘာကြောင့်မဖွင့်ပြောခဲ့တာလဲ??????????? ငါမျက်ရည်မထိန်းအောင်ငိုကြွေးနေခဲ့တယ်... ငါအရုပ်သေးသေးလေး အားးလုံးတွေရဲ့ ရင်ဘတ်ကိုငါလိုက်ဖိခဲ့မိတယ်...ငါကုတင်ဘေးက နောက်ဆုံးအရုပ်ကလေးကို ငါကောက်ပြီကြည့်လိုက်တော့ ဒါသူနောက်ဆုံးပေးခဲ့တဲ့အရုပ်ကလေးငါလမ်းမဘက်ကိုပစ်ခဲ့တဲ့အရုပ်ကလေးပေါ့... အဲဒီအရုပ်ကလေးမှာ သွေးတွေစွန်းနေတယ်... ငါအဲအရုပ်ကလေးရဲ့ရင်ဘတ်ကိုနှိပ်လိုက်တော့..... ငါအရမ်းကိုငိုမိတယ်.... ငါအရမ်းလည်းသတိရတယ်သူကို
'ဂျင်း............................ ဂျို နင်သိလား ဒီနေ့ဘာနေ့လဲဆိုတာ?????? ၄၈၆ရက်တိုင်အောင် နင်ကိုငါချစ်ခဲ့နေ့လေးပေါ့... ၄၈၆ရက်ကိုရောနင်သိလား??? ငါမပြောနိုင်ခဲ့ဘူးနင်ကိုချစ်တယ်လို့..ဘာလို့လဲဆိုတော့ ငါအရမ်းရှက်တယ်ဟာပြောရမှာ... ငါကိုခွင့်လွတ်ပါဟာ အရုပ်ကလေးနင်ကိုပေးရတာ... အဲဒါငါပြောခဲ့တယ်ဘဲ ငါနင်ကိုချစ်တယ်လို နေ့တိုင်းပေါ့ဟာ ငါမသေတဲ့အထိ နင်ကိုငါပြောသွားမယ်... ဂျို ငါနင်ကိုချစ်တယ်.....'
ငါမျက်ရည်တွေမဆည်နိုင်အောင် ငါငိုခဲ့တယ်..ငါအရမ်းငိုခဲ့တယ်...ဘာကြောင့်လဲ...ဘာကြောင့်လဲ.....
'ငါ...................................... အို့ဘုရားရယ် ငါကိုဘာကြောင့်အခုမှာပေးသိရတာလဲ သူငါအနားမှာမရှိတော့ဘူး ဒါပေမဲ့သူငါကို သူမသေခင်နောက်ဆုံးအချိန်မှာတောင် ငါကိုသူချစ်ခဲ့တယ်....
ဘာသာပြန်ပြီတင်ပေးထားတာပါ..တခါမှတော့မပြန်ဖူးဘူးကြိုက်လွန်းလို့ပြန်လိုက်တာ ...သူငယ်ချင်းတစ်ယောက် သူငှားလားတဲ့ဝတ္တုလေးထဲမှာတွေ့လို ကြိုက်သွားတာ
Posted by ဇင် at 9:51 PM 3 comments
Labels: အဖြစ်အပျက်
Monday, August 17, 2009
love and hate for me
It only get stronger with time.
Hate is easy.
Love takes courage.
for somebody you love but no longer believe in.
Posted by ဇင် at 10:29 PM 1 comments
Labels: love
Sunday, August 9, 2009
အဝေးကချစ်
လူုတွေက
အမျိုးမျိုးအဓိပါယ် ဖွင့်နေကြတဲ့
အချစ်ဆိုတာ ဘာမှန်းမသိခင်
မင်းနဲ့ ဆုံတွေ့ခဲ့တယ်.....
အကြည့်တွေကိုစွဲလမ်းခဲ့တယ်.....
အနမ်းတွေမှာ သာယာခဲ့တယ်.....
အတွေမှာ နစ်မျောခဲ့တယ်......
အချစ်တွေနယ်ကျွံခဲ့တယ်.....
တကယ်ပါ.....
အဲဒီဆိပ်ကမ်းမှာပဲ
တစ်ဘ၀စာ ကျောက်ချဖို့
ရည်ရွယ်ပြီးချဉ်းကပ်ခဲ့တာ.....
တကယ်ပါ.....
မင်းသာ
ငါရဲ့ဘ၀...
မင်းသာ
ငါရဲ့ အနာဂါတ်လို့
ခံယူပြီးလက်တွဲခဲ့တာ
ဘယ်လိုအရာတွေကြောင့်
နီးစပ်ဖို့ ကြိုးစားတိုင်း
ပိုပိုပြီး ဝေးကွာနေရတာလဲ....
အဲဒီမျှော်လင့်ချက်လေးကြောင့်ပဲ
ငါရဲ့ သိက္ခာတွေ
ငါရဲ့မာနတွေ
ထိုးကျွေးခဲ့တာတောင်
နောက်ဆုံးတော့
အရှုးပဲ ပြန်ရလိုက်တယ်....
သြော်...ဒီတော့
အချစ်ဆိုတာ
(ငါအတွက်)
လိုက်လေဝေးလေပဲပေါ့........
Posted by ဇင် at 10:41 PM
Labels: ကျွန်မအချစ်
Saturday, August 8, 2009
မုန့်လက်ဆောင် နဲ့ ငါးချဉ်
ဟီဟီ ရေးတော့မယ် ဟာသ ပေါ့ ဇင်ရဲ့အဖြစ်အပျက်ပေါ့.....ဘာရေးရင်ကောင်းမလဲ..အော် သိပြီ
ဇင်ကငယ်ငယ်ကဆိုအရမ်းအစားမက် အအိပ်မက် ကစားမက်တဲ့ ကောင်မလေးပေါ့.. ဘာလောက်ထိမက်လဲဆိုတော့ မနက်နိုးလိုမရရင် မုန့်နဲ့နိုးတာ ဘယ်လို့နိုးလဲဆိုတော့ ပအို့မ(အိမ်မှာဆို ပအို့မ လို့ဘဲခေါ်တယ်လေ)အတွက် မုန့်ချန့်ထားအုန်းလေး အကုန်မစားနဲ့လေ မုန့်ကုန်သွားပြီလား ..အဲလိုလေးဘဲ ကြားလိုက်တာနဲ့ အိပ်ရာကနေ ခုန်ြပီထတာ...အတင်းဘဲ ဘယ်မှာလဲ မုန့် ဘယ်မှာလဲ လို့အတင်းကိုမေးတာ မုန့်မြင်မှာ မျက်နှာသစ်တာ ..မုန့်မမြင်ရင်ပြန်အိပ်တယ် ဟီဟီ အဲဂလိုပေါ့ .......ဇင်ရဲ့ဦးလေးက အမြဲနောက်တတ်တယ် ......
အဲညက ဇင်အစောကြီး အိပ်ရာဝင်တယ် ....ဇင့်ဦးလေး ကို အလုပ်ကပြန်လားတော့ သူမှာ မုန့်ပါတယ်ဆိုတဲ့ အသံကိုတော့ကြားလိုက်တယ် အိပ်ရာကနေ ..
(.ဇင်မှာ ဦးလေးငယ်ရှိတယ် သူနာမည်က လင်းလင်း ...ဇင်ထက် ၂နှစ်လောက်ဘဲကြီးတယ် )
ဘာမုန့်လဲတော့မသိ ...ဇင်ဦးလေးကြီးက ဇင်ကိုနောက်ချင်တော့ ပြိုင်တူသူတို့ညီအကိုအတိုင်အဖောက်ကို ညီနေတာဘဲ ..လင်းလင်း မုန့်လက်ဆောင်ကို ကုန်အောင်မစားနဲ့နော် ..ပအိုမအတွက်ချန်ထားအုန်းတဲ့ ..လင်းလင်းကလဲတစ်ထုပ်ဘဲစားမယ်တဲ့ ပအိုမအတွက်တစ်ထုပ်ချန်ထားတယ်တဲ့ ... ချက်ချင်းကို ထပြီဘယ်သူကိုမှမကြည့်ဘူး ရေခဲသေတ္တာကိုဖွင့်ပြီး အထဲမှာတွေ့နေတဲ့  အဖြူရောင်အထုပ်ကို ဖြည်ပြီ ပန်းကန်ထဲကို ထည့်လိုက်ပြီ အိပ်ချင်မူးတူးနဲ့ပေါ့ ...ဟာ မုန့်လက်ဆောင်ကလည်းအရည်လဲမပါဘူး ရေခဲသေတ္တာကို ပြန်ဖွင့်ပြီထက်ရှာလိုက်တယ် ..မစားရသေးဘူး အားလုံးအိမ်ရှေ့မှာ တီဗီ ကြည့်နေတော့ လှမ်းမေးလိုက်တယ် မုန့်လက်ဆောင် ဘာလို့အရည်မပါတာလဲ ဘာလို့အဖတ်ပါရှိတာလဲလို့ အော်ပြီမေးလိုက်တော့ အိမ်က ဦးလေးကြီးရော အဘွားရော အဒေါ်ရော နောက်ဖေးကို ပြေးလာပြီ ကြည့်တယ် အားလုံးက အားရပါရကိုဇင်ကိုကြည့်ကြည့်ပြီ ရီနေကြတာ ဘာလို့ရီတာလို့တောင် ပြန်အော်လိုက်သေးတယ် ...နင်နိုးရဲ့လား..ဇင်ကလည်းနိုးပါတယ်လို့ ပြန်ပြောလိုက်တယ် ....ဘယ်သူမုန့်လက်ဆောင်ဝယ်လားလိုလဲ ကျဲ့ကျဲ့ဝယ်လာတာမဟုတ်ဘူးလား
(ကျဲ့ကျဲ့ကဇင်ဦးလေးကြီးကိုခေါ်တာပါ မွန်လို့မျိုးခေါ်တယ်လေ လင်းလင်းကငယ်ငယ်တုန်းက
ခေါ်တော့လိုက်ခေါ်တာ အကျင့်ဖြစ်သွားတယ်ဟီဟီ မြန်မာလိုဆို ကိုကိုကြီးပေါ့ တရုတ်မှာဆို မမပေါ့ ဟီဟီ)....
နင်ထည့်ထားတဲ့ မုန့်ပန်းကန်ကို ပြန်ကြည့်လိုက်အုန်း မျက်လုံးကို ကြီးကြီးဖွင့်ပြီကြည့်...အေးပေါ့ သူတို့ပြောတဲ့အတိုင်းကြည့်တာ ပေါ့ မမြင်ရမှာဆိုလို ပန်းကန်ကို ကိုင်ပြီ မျက်နှာနားလောက်ကို တိုးပြီကြည့်လိုက်တော့ ဟွန်းအနံက တမျိုးဘဲ ဘာလဲမသိဘူးဆိုပြီထပ်ကြည့်တယ်...ကြည့်ရင်းကြည့်ရင်း ဒါတောင်မမှတ်မိသေးဘူး ကိုယ်ဘာကိုင်ထားတယ်ဆိုတာ .ဟီဟီ မုန့်ငမ်းချက်က ကမ်းကုန်တယ်.......မုန့်လက်ဆောင် နဲ့ ငါးချဉ်ကို မှားရတယ်လို့ .....အဲလိုငမ်းတာမုန့်ကို အိမ်က ပြောတယ် နင်အဲဒါဖွင့် တာ အနံမရဘူးလားတဲ့ ဖွင့်တုန်းက အနံမရမိဘူး တကယ်လဲ မရဘူး ...အဲလောက်ငမ်းတာ ကျဲ့ကျဲ့ က နင်အကြောင်းသိလို့ နောက်လိုက်တာ တကယ်ထမယ်လို့တောင် မထင်ဘူး .....အခုထိ ငါးချဉ်စားရင် မုန့်လက်ဆောင်ကို သတိရတယ် ...ဟီဟီ ကိုယ် ပြောနေရင်တောင် ရီရလွန်းလို့ ဗိုက်အောင့်လာပြီ လူများရီရလားမရီရလားတော့မသိ ဇင်တော့ ပြန်ဖတ်ပြီ ရီနေတုန်းဘဲ ...သူတို့က ငါးချဉ်ဝယ်လာရင် ပအိုမကို မုန့်လက်ဆောင်ကျွေးလိုက်အုန်းဆိုတာကို အမြဲနောက်တော့တာဘဲ .....တအိမ်လုံးက အဲဂလိုပြောတာ ငါတို့ ရာဇ၀င်မှာ အဲလိုမျိုးမကြုံခဲ့ဖူးဘူး...နင်ကြမှာဘဲမကြုံဖူးတာတွေ ကြုံဖူးတော့တယ် ...ဟားဟား ငတ်ချုက်က ကမ်းးကုန်တယ်..
Posted by mikozan at 10:26 PM 3 comments
Labels: ဟာသ
Monday, August 3, 2009
အချစ်ဦး
မိုးတွေသည်းလွန်းနေတဲ့ညနေခင်းတခု
တီရှပ်အဖြူလေးနဲ့ကောင်လေးတယောက်
ဝိုင်းစက်နေတဲ့မျက်ဝန်းတစုံ
ထူးဆန်းလွန်းတဲ့အကြည့်တချက်
ဖူးငုံနေတဲ့ နှုတ်ခမ်းနှစ်လွှာ
စွဲမက်စေတဲ့အပြုံးလေးတစုံ
တခါတခါမှာ
ငါဘာတွေစဉ်းစားနေတာလဲလို့
ငါ့ကိုယ်ငါပြန်မေးမိတယ်...
ထွက်လာတဲ့အဖြေကတော့
ငါဘယ်သူကိုမှ
ဘယ်တုန်းကမှ မလိုက်လျော
မစွဲလမ်းမချစ်ခဲ့ဖူးတဲ့အချစ်နဲ့
စွဲလမ်းခဲ့ရတဲ့
ချစ်ဦးသူအကြောင်း.......
နောက်ဆုံးတော့
ငါစောင့်နေတာသိရဲ့တာနဲ့
နင် မပြန်လာခဲ့ဘူးနော် .....
Posted by ဇင် at 9:44 PM 1 comments
Labels: ကျွန်မအချစ်