Monday, August 3, 2009

ခဏတာ

Romantic MySpace Comment

ညှိုချက်ပြင်းတဲ့မင်းမျက်ဝန်းတွေထဲ
ငါခဏတာကျဆုံးသွားခဲ့



Friendship MySpace Comment

သူငယ်ချင်းတွေပြောတဲ့စကားကိုလဲ
ငါခဏတာ ယုံကြည်မိခဲ့






















အခုတော့မင်းရဲ့ ပွေရှုပ်မှုတွေကိုသိတော့




Women MySpace Comment




မင်းအပေါ်ငါထားခဲ့တဲ့ သဘောထားတွေပျက်သုဉ်းခဲ့ပြီပေါ့.....

Sunday, August 2, 2009

ကြယ်လေးမေးတဲ့မေးခွန်း

Women MySpace Comment

ကြယ်လေးတွေကမေးတယ်....
ဘာဖြစ်လို့ငိုနေတာလဲတဲ့......
လွမ်းလို လို့ဖြေတော့
ဘယ်သူအတွက်နဲ့လဲတဲ့.....
တယောက်ယောက်ပေါ့နော်..
အဲဒီတယောက်ယောက်ကရော ဘယ်မှာရှိတာလဲတဲ့.....
မထင်မှတ်ခဲ့တဲ့နေရာလေးတခုမှာ
တို့နှစ်ယောက်အကြည့်ချင်းဆုံခဲ့ကြတာလေ.....
ထင်ယောင်ထင်မှားနဲ့ငါကယောင်ချောက်ချားဖြစ်နေတာ
အခုညပေါ့....လေပြေညင်းထဲမှာလွင့်လာတာ
နင်အသံထင်ပါရဲ့နော်.....မဖြစ်နိုင်ပါဘူး....
နင်နဲ့ငါက နိုင်ငံခြားနေပြီပဲလေ......
တကယ်ဆို ငါတို့နှစ်ယောက်ကြားမှာ
မာနတံတားကြီးခြားမဲ့အစား
ချစ်ခြင်းလှေကားထစ်လေးတွေရှိမယ်ဆိုရင်
ငါတို့နှစ်ယောက်အတွက်
ရင်ခုန်စရာဖြစ်မှာပါနော်..........

အဖြူရောင်သူငယ်ချင်းလေးဧ။်ငိုအက်သံ

လေပြေလေးများကိုတွေထိစဉ်ခဏလေးမှာ
ငါထင်လိုက်မိတယ်...ဒါဟာအိပ်မက်လေးလို့....
မင်းမျက်ဝန်းထဲမှာ ဖွေရှာကြည့်လိုက်တော့
သံယောဇဉ်နွယ်ကြိုးလေးတစ်ကြိုးကပ်ငြိတွယ်လို့
မင်းကိုသူငယ်ချင်းဆိုတဲ့အသိ ငါ့နှလုံးသားမှာ အမြဲတမ်း
ရေရွတ်ခဲ့တာ ဒီနေ့မတိုင်ခင်ပါပဲ.....
မင်းရဲ့ရင်မှာ နစ်စွဲစိုက်ဝင်နေတဲ့ကြင်နာစွဲ
လွမ်းသမျှတိုင်းကို မျက်ရည်တွေနဲ့ အစားထိုးလိုက်ပါတော့နော်...
ဖြူစင်လွန်းတဲ့မင်းကို မနာကျင်ရက်ပေမဲ့...
လျပ်တပြက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို
တရေးနိုးအိပ်မက်တွေလို့ မင်းယူဆလိုက်ပါ...
ထင်မြင်ချက်နှင့်ခံယူချက်မှာ
ဘယ်အရာက
မင်းအတွက်ပိုပြီးအရေးပါလဲ...?
သူငယ်ချင်းဆိုတဲ့
အဖြူရောင်တံတိုင်းကိုကျော်ဖြတ်ဖြိုခွဲဖို့
မင်းမှာ ခံစစ်နှလုံးသားတစ်စုံရှိတယ်ဆိုတာ
ငါသိပါတယ်...
ဒါပေမဲ့ အမိန့်ပေးစေခိုင်းနိုင်စွမ်းမရှိတဲ့
ငါရဲ့ နှလုံးသားကိုတော့ ခုခံမြှားအဖြစ်
ငါမသုံးပါရစေနဲ့နော်....
မင်းကိုသနားလို့ပါ....
ငါရဲ့မလှပတဲ့အတိတ်နဲ့ မကိုက်ညီတဲ့ပစ္စုပန်ကြားမှာ
အိုဟောင်းညစ်နွမ်းနေတဲ့ပန်းချီကားချပ်တွေ
စီးချက်မမှန်တော့တဲ့ငါခြေလှမ်းတွေ
ပြိုလဲကုန်တဲ့ငါမျက်ရည်တွေ ....ဒါတွေအားလုံး
ပြောင်းလဲကုန်တာ သူငယ်ချင်းဆို့တဲ့မင်းကြောင့်ပါ.....
ကွဲအက်နေတဲ့ မင်းရဲ့ရှိုက်သံတွေ
ငါမကြားပါရစေနဲ့တော့....
မင်းကိုဆက်ချစ်နေဦးမှာပါ...
အဖြူရောင်သူငယ်ချင်းလေး
အဖြစ်နဲ့ပေါ့.....ထာဝရအတွက်ပါပဲ................

ရင်တွင်းအဖြစ်အထာ


ဘယ်သူမှမသိခင်ကတည်းက
တိတ်တိတ်ကလေးရှိပြီးသား
ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အချစ်
သူလည်းမသိ ကိုယ်ကိုကိုယ်တောင်
မရေရာခဲ့ပါဘူး......
ခိုးကြည့်ခဲ့ရတဲ့နေတွေ
ငေးမောနွမ်းလျတဲ့ညနေခင်းတွေမှာ
ကိုယ်ဟာ နေမြင့်လေ အရူးရင့်လေနဲ့
မိန်းမသားစကား ဘယ်လိုလုပ်ဖွင့်ပြောနိုင်မလဲကွယ်....
တကယ်ပါ...ချစ်တတ်ကြတာခြင်းအတူတူကို
ရင်ဖွင့်ပြမရနိုင်တဲ့ မိန်းကလေးတွေရဲ့ နှလုံးသားစကားအထာ
မျက်ဝန်းတွေမှာ အဓိပါယ် တွေအပြေည့်
ဒါတွေကို မင်းခံစားနားလည်ဖို့
နင်ရဲ့ ရင်ဘတ်တခြမ်းလောက် ငှားခွင့်ပြုပါ ချစ်သူရယ် .....

တိတ်တခိုး ငါညည်းရင်း.....


တိတ်တိတ်လေးချစ်ပြီး
မျှော်လင့်တကြီး ရူးသိပ်ခဲ့ဖူးတယ်...
ပြောင်းလဲလို့မရလဲတဲ့ချစ်ခြင်းတခုဟာ
သူအတွက်ဖြစ်တည့်ခဲ့တာတောင်
သူအချစ်ဟာ ငါ့အတွက်မဖြစ်ခဲ့ပါဘူး...
သူချစ်နေတာက တခြားတစ်ယောက်လေ....
ဝမ်းနည်းစရာကောင်းပေမဲ့လည်း
အစကတည်းက တစ်ဖက်သတ်ချစ်သူမို့.....
အပြစ်မမြင်ရက်ပါဘူးလေ.....
ဒါပေမဲ့လည်းရင်နှင်မဆံတော့ခံစားငိုကြွေးခဲ့ရတယ်......
သူသိပါစေလို့မရည်ရွယ်ပေမဲ့ပြောမိတဲ့စကား.....
ရေးမိတဲ့စာ....စပ်မိတဲ့ကဗျာတွေဟာ
သူနဲ့ပတ်သက်ပြီးခံစားရတဲ့
သီးသန့်ဝေဒနာလေးတွေဖြစ်ခဲ့တယ်.....
ပျော်ရွင်မှုတောင် စိတ်လွတ်ကိုယ်လွတ်
ခံစားလို့မရတဲ့ ကိုယ်က
သူနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုတော့
အနိုင်နိုင် အင်အားနဲ့လက်ခံနေတုန်းပဲ
သူအကြောင်းတစ်ခါတွေးတိုင်း
မျက်ရည်တစ်ခါကျတတ်နေတဲ့
ကိုယ်ရဲ့ရင်ကိုခွဲပြလို့ရရင်
ပြလိုက်ခြင်းပါရဲ့.......
ကိုယ်ရဲ့နှလုံးသားတွေခန်းကုန်ပြီလေ.....

Saturday, August 1, 2009

မာယာမရှိတဲ့အချစ်



ချစ်သူ
မာယာတွေ..အိုင်တင်တွေ..မလုပ်တတ်ဘူး
ပွင့်လင်းစွာနေတတ်တယ်
ချွှဲ့ပျစ်ပျစ်စကားလုံးတွေ မပြောတတ်ဘူး
နင်ရည်းစားဟောင်းလိုတော့ မောင်...ကိုကို လို့လဲ မခေါ်တတ်ဘူး
ဟန်ဆောင်တဲ့စကားနဲ့နင်အချစ်ကို ငါမကစားခဲ့ဘူး
PLEASE မပြောပါနဲ့ ငါကို "အိုင်တင်ခံနေတယ်လို့"
ငါဟာအပွင့်လင်းဆုံးနင်ကို စကားပြောခဲ့တယ်
ငါနင်ကိုအရမ်းချစ်တယ် ဒါပေမဲ့ အလိုမလိုက်ဘူးနော်
နင်ရဲ့ ရည်းစားဟောင်းချစ်တဲ့ အချစ်လောက် ငါအချစ်ကိုမမီသေးပါဘူး နော်

Thursday, July 30, 2009

i feel lik that :'(