Sunday, August 2, 2009

တိတ်တခိုး ငါညည်းရင်း.....


တိတ်တိတ်လေးချစ်ပြီး
မျှော်လင့်တကြီး ရူးသိပ်ခဲ့ဖူးတယ်...
ပြောင်းလဲလို့မရလဲတဲ့ချစ်ခြင်းတခုဟာ
သူအတွက်ဖြစ်တည့်ခဲ့တာတောင်
သူအချစ်ဟာ ငါ့အတွက်မဖြစ်ခဲ့ပါဘူး...
သူချစ်နေတာက တခြားတစ်ယောက်လေ....
ဝမ်းနည်းစရာကောင်းပေမဲ့လည်း
အစကတည်းက တစ်ဖက်သတ်ချစ်သူမို့.....
အပြစ်မမြင်ရက်ပါဘူးလေ.....
ဒါပေမဲ့လည်းရင်နှင်မဆံတော့ခံစားငိုကြွေးခဲ့ရတယ်......
သူသိပါစေလို့မရည်ရွယ်ပေမဲ့ပြောမိတဲ့စကား.....
ရေးမိတဲ့စာ....စပ်မိတဲ့ကဗျာတွေဟာ
သူနဲ့ပတ်သက်ပြီးခံစားရတဲ့
သီးသန့်ဝေဒနာလေးတွေဖြစ်ခဲ့တယ်.....
ပျော်ရွင်မှုတောင် စိတ်လွတ်ကိုယ်လွတ်
ခံစားလို့မရတဲ့ ကိုယ်က
သူနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုတော့
အနိုင်နိုင် အင်အားနဲ့လက်ခံနေတုန်းပဲ
သူအကြောင်းတစ်ခါတွေးတိုင်း
မျက်ရည်တစ်ခါကျတတ်နေတဲ့
ကိုယ်ရဲ့ရင်ကိုခွဲပြလို့ရရင်
ပြလိုက်ခြင်းပါရဲ့.......
ကိုယ်ရဲ့နှလုံးသားတွေခန်းကုန်ပြီလေ.....

0 Yorum var: