မိုးတွေသည်းလွန်းနေတဲ့ညနေခင်းတခု
တီရှပ်အဖြူလေးနဲ့ကောင်လေးတယောက်
ဝိုင်းစက်နေတဲ့မျက်ဝန်းတစုံ
ထူးဆန်းလွန်းတဲ့အကြည့်တချက်
ဖူးငုံနေတဲ့ နှုတ်ခမ်းနှစ်လွှာ
စွဲမက်စေတဲ့အပြုံးလေးတစုံ
တခါတခါမှာ
ငါဘာတွေစဉ်းစားနေတာလဲလို့
ငါ့ကိုယ်ငါပြန်မေးမိတယ်...
ထွက်လာတဲ့အဖြေကတော့
ငါဘယ်သူကိုမှ
ဘယ်တုန်းကမှ မလိုက်လျော
မစွဲလမ်းမချစ်ခဲ့ဖူးတဲ့အချစ်နဲ့
စွဲလမ်းခဲ့ရတဲ့
ချစ်ဦးသူအကြောင်း.......
နောက်ဆုံးတော့
ငါစောင့်နေတာသိရဲ့တာနဲ့
နင် မပြန်လာခဲ့ဘူးနော် .....
.. မရောက်ဖြစ်တာ ကြာပြီ ...
13 years ago
1 Comment:
ဟိ idea လေး တွေလန်းနေပါလား
Sen de yaz