Saturday, August 8, 2009

မုန့်လက်ဆောင် နဲ့ ငါးချဉ်

ဟီဟီ ရေးတော့မယ် ဟာသ ပေါ့ ဇင်ရဲ့အဖြစ်အပျက်ပေါ့.....ဘာရေးရင်ကောင်းမလဲ..အော် သိပြီ
ဇင်ကငယ်ငယ်ကဆိုအရမ်းအစားမက် အအိပ်မက် ကစားမက်တဲ့ ကောင်မလေးပေါ့.. ဘာလောက်ထိမက်လဲဆိုတော့ မနက်နိုးလိုမရရင် မုန့်နဲ့နိုးတာ ဘယ်လို့နိုးလဲဆိုတော့ ပအို့မ(အိမ်မှာဆို ပအို့မ လို့ဘဲခေါ်တယ်လေ)အတွက် မုန့်ချန့်ထားအုန်းလေး အကုန်မစားနဲ့လေ မုန့်ကုန်သွားပြီလား ..အဲလိုလေးဘဲ ကြားလိုက်တာနဲ့ အိပ်ရာကနေ ခုန်ြပီထတာ...အတင်းဘဲ ဘယ်မှာလဲ မုန့် ဘယ်မှာလဲ လို့အတင်းကိုမေးတာ မုန့်မြင်မှာ မျက်နှာသစ်တာ ..မုန့်မမြင်ရင်ပြန်အိပ်တယ် ဟီဟီ အဲဂလိုပေါ့ .......ဇင်ရဲ့ဦးလေးက အမြဲနောက်တတ်တယ် ......

အဲညက ဇင်အစောကြီး အိပ်ရာဝင်တယ် ....ဇင့်ဦးလေး ကို အလုပ်ကပြန်လားတော့ သူမှာ မုန့်ပါတယ်ဆိုတဲ့ အသံကိုတော့ကြားလိုက်တယ် အိပ်ရာကနေ ..

(.ဇင်မှာ ဦးလေးငယ်ရှိတယ် သူနာမည်က လင်းလင်း ...ဇင်ထက် ၂နှစ်လောက်ဘဲကြီးတယ် )

ဘာမုန့်လဲတော့မသိ ...ဇင်ဦးလေးကြီးက ဇင်ကိုနောက်ချင်တော့ ပြိုင်တူသူတို့ညီအကိုအတိုင်အဖောက်ကို ညီနေတာဘဲ ..လင်းလင်း မုန့်လက်ဆောင်ကို ကုန်အောင်မစားနဲ့နော် ..ပအိုမအတွက်ချန်ထားအုန်းတဲ့ ..လင်းလင်းကလဲတစ်ထုပ်ဘဲစားမယ်တဲ့ ပအိုမအတွက်တစ်ထုပ်ချန်ထားတယ်တဲ့ ... ချက်ချင်းကို ထပြီဘယ်သူကိုမှမကြည့်ဘူး ရေခဲသေတ္တာကိုဖွင့်ပြီး အထဲမှာတွေ့နေတဲ့  အဖြူရောင်အထုပ်ကို ဖြည်ပြီ ပန်းကန်ထဲကို ထည့်လိုက်ပြီ အိပ်ချင်မူးတူးနဲ့ပေါ့ ...ဟာ မုန့်လက်ဆောင်ကလည်းအရည်လဲမပါဘူး ရေခဲသေတ္တာကို ပြန်ဖွင့်ပြီထက်ရှာလိုက်တယ် ..မစားရသေးဘူး အားလုံးအိမ်ရှေ့မှာ တီဗီ ကြည့်နေတော့ လှမ်းမေးလိုက်တယ် မုန့်လက်ဆောင် ဘာလို့အရည်မပါတာလဲ ဘာလို့အဖတ်ပါရှိတာလဲလို့ အော်ပြီမေးလိုက်တော့ အိမ်က ဦးလေးကြီးရော အဘွားရော အဒေါ်ရော နောက်ဖေးကို ပြေးလာပြီ ကြည့်တယ် အားလုံးက အားရပါရကိုဇင်ကိုကြည့်ကြည့်ပြီ ရီနေကြတာ ဘာလို့ရီတာလို့တောင် ပြန်အော်လိုက်သေးတယ် ...နင်နိုးရဲ့လား..ဇင်ကလည်းနိုးပါတယ်လို့ ပြန်ပြောလိုက်တယ် ....ဘယ်သူမုန့်လက်ဆောင်ဝယ်လားလိုလဲ ကျဲ့ကျဲ့ဝယ်လာတာမဟုတ်ဘူးလား

(ကျဲ့ကျဲ့ကဇင်ဦးလေးကြီးကိုခေါ်တာပါ မွန်လို့မျိုးခေါ်တယ်လေ လင်းလင်းကငယ်ငယ်တုန်းက
ခေါ်တော့လိုက်ခေါ်တာ အကျင့်ဖြစ်သွားတယ်ဟီဟီ မြန်မာလိုဆို ကိုကိုကြီးပေါ့ တရုတ်မှာဆို မမပေါ့ ဟီဟီ)....

နင်ထည့်ထားတဲ့ မုန့်ပန်းကန်ကို ပြန်ကြည့်လိုက်အုန်း မျက်လုံးကို ကြီးကြီးဖွင့်ပြီကြည့်...အေးပေါ့ သူတို့ပြောတဲ့အတိုင်းကြည့်တာ ပေါ့ မမြင်ရမှာဆိုလို ပန်းကန်ကို ကိုင်ပြီ မျက်နှာနားလောက်ကို တိုးပြီကြည့်လိုက်တော့ ဟွန်းအနံက တမျိုးဘဲ ဘာလဲမသိဘူးဆိုပြီထပ်ကြည့်တယ်...ကြည့်ရင်းကြည့်ရင်း ဒါတောင်မမှတ်မိသေးဘူး ကိုယ်ဘာကိုင်ထားတယ်ဆိုတာ .ဟီဟီ မုန့်ငမ်းချက်က ကမ်းကုန်တယ်.......မုန့်လက်ဆောင် နဲ့ ငါးချဉ်ကို မှားရတယ်လို့ .....အဲလိုငမ်းတာမုန့်ကို အိမ်က ပြောတယ် နင်အဲဒါဖွင့် တာ အနံမရဘူးလားတဲ့ ဖွင့်တုန်းက အနံမရမိဘူး တကယ်လဲ မရဘူး ...အဲလောက်ငမ်းတာ ကျဲ့ကျဲ့ က နင်အကြောင်းသိလို့ နောက်လိုက်တာ တကယ်ထမယ်လို့တောင် မထင်ဘူး .....အခုထိ ငါးချဉ်စားရင် မုန့်လက်ဆောင်ကို သတိရတယ် ...ဟီဟီ ကိုယ် ပြောနေရင်တောင် ရီရလွန်းလို့ ဗိုက်အောင့်လာပြီ လူများရီရလားမရီရလားတော့မသိ ဇင်တော့ ပြန်ဖတ်ပြီ ရီနေတုန်းဘဲ ...သူတို့က ငါးချဉ်ဝယ်လာရင် ပအိုမကို မုန့်လက်ဆောင်ကျွေးလိုက်အုန်းဆိုတာကို အမြဲနောက်တော့တာဘဲ .....တအိမ်လုံးက အဲဂလိုပြောတာ ငါတို့ ရာဇ၀င်မှာ အဲလိုမျိုးမကြုံခဲ့ဖူးဘူး...နင်ကြမှာဘဲမကြုံဖူးတာတွေ ကြုံဖူးတော့တယ် ...ဟားဟား ငတ်ချုက်က ကမ်းးကုန်တယ်..

3 Yorum var:

kyalkalay said...

အစားပုတ် အအိပ်ပုတ်ဝတုတ် :)

သားကြီး said...

မန့်လို့မရဘူးဗျိုးးးးး

သားကြီး said...

အရှည်ကြီးရေးတာ လက်ညောင်းတာပေါ့ကွယ်
လူလည်းညောင်းတာပါပဲ
ဦးနှောက်လည်းညောင်းတယ်
နောက်ပြီး ကိုယ့်စာကို ရှည်လို့မဖတ်ဘူးဆိုတာ
သိလိုက်ရရင် ပိုလို့တောင် ညောင်းသွားပါတော့တယ်ကွယ်