Sunday, August 2, 2009

အဖြူရောင်သူငယ်ချင်းလေးဧ။်ငိုအက်သံ

လေပြေလေးများကိုတွေထိစဉ်ခဏလေးမှာ
ငါထင်လိုက်မိတယ်...ဒါဟာအိပ်မက်လေးလို့....
မင်းမျက်ဝန်းထဲမှာ ဖွေရှာကြည့်လိုက်တော့
သံယောဇဉ်နွယ်ကြိုးလေးတစ်ကြိုးကပ်ငြိတွယ်လို့
မင်းကိုသူငယ်ချင်းဆိုတဲ့အသိ ငါ့နှလုံးသားမှာ အမြဲတမ်း
ရေရွတ်ခဲ့တာ ဒီနေ့မတိုင်ခင်ပါပဲ.....
မင်းရဲ့ရင်မှာ နစ်စွဲစိုက်ဝင်နေတဲ့ကြင်နာစွဲ
လွမ်းသမျှတိုင်းကို မျက်ရည်တွေနဲ့ အစားထိုးလိုက်ပါတော့နော်...
ဖြူစင်လွန်းတဲ့မင်းကို မနာကျင်ရက်ပေမဲ့...
လျပ်တပြက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို
တရေးနိုးအိပ်မက်တွေလို့ မင်းယူဆလိုက်ပါ...
ထင်မြင်ချက်နှင့်ခံယူချက်မှာ
ဘယ်အရာက
မင်းအတွက်ပိုပြီးအရေးပါလဲ...?
သူငယ်ချင်းဆိုတဲ့
အဖြူရောင်တံတိုင်းကိုကျော်ဖြတ်ဖြိုခွဲဖို့
မင်းမှာ ခံစစ်နှလုံးသားတစ်စုံရှိတယ်ဆိုတာ
ငါသိပါတယ်...
ဒါပေမဲ့ အမိန့်ပေးစေခိုင်းနိုင်စွမ်းမရှိတဲ့
ငါရဲ့ နှလုံးသားကိုတော့ ခုခံမြှားအဖြစ်
ငါမသုံးပါရစေနဲ့နော်....
မင်းကိုသနားလို့ပါ....
ငါရဲ့မလှပတဲ့အတိတ်နဲ့ မကိုက်ညီတဲ့ပစ္စုပန်ကြားမှာ
အိုဟောင်းညစ်နွမ်းနေတဲ့ပန်းချီကားချပ်တွေ
စီးချက်မမှန်တော့တဲ့ငါခြေလှမ်းတွေ
ပြိုလဲကုန်တဲ့ငါမျက်ရည်တွေ ....ဒါတွေအားလုံး
ပြောင်းလဲကုန်တာ သူငယ်ချင်းဆို့တဲ့မင်းကြောင့်ပါ.....
ကွဲအက်နေတဲ့ မင်းရဲ့ရှိုက်သံတွေ
ငါမကြားပါရစေနဲ့တော့....
မင်းကိုဆက်ချစ်နေဦးမှာပါ...
အဖြူရောင်သူငယ်ချင်းလေး
အဖြစ်နဲ့ပေါ့.....ထာဝရအတွက်ပါပဲ................

0 Yorum var: