Tuesday, June 30, 2009

leave me alone

[ กดเบาๆนะจ๊ะ ]

ချစ်သူ ရင်ခွင်ထဲမှာနောက်တစ်ယောက်ရှိတယ်ဆိုရင်
ဇင်ရင်ခွင်ကနေ ထွက်သွားနိုင်ပါတယ် ချစ်သူရယ်
ချစ်သူကို အပြစ်မမြင်ရက်ပေမဲ့
ဇင်ရင်ခွင်ထဲမှာ ချစ်သူကလွဲ ပြီ
နောက်တစ်ယောက်ရှိလာဖို့ဆို့တာမဖြစ်နိုင်ပါဘူး ချစ်သူ
ချစ်သူရယ် ထွက်သွားမယ်ဆိုရင်
ဇင်ကိုတစ်ယောက်ထဲ ထားခဲ့ပါချစ်သူ...
အထီးကျန်ဆန်တဲ့ နေ့ကို
ဇင်တစ်ယောက်ထဲ ကျော်ဖြတ်ပါမယ် ချစ်သူ....

လွမ်း

[ กดเบาๆนะจ๊ะ ]

လွမ်းလိုက်တာချစ်သူရယ်
ဖုန်းမခေါ်တဲ့နေ့ တစ်ရက်
ဇင့် အတွက်တော့
တစ်နှစ်လောက်ကြာတယ်လို့ ထင်ရတယ်။
တစ်နေ့ တစ်ကြိမ်နေဝင်ပေမယ့်
ဇင့်ရင်မှာတော့
ချစ်သူသာလျှင်ထာဝစဉ်ပါ။
ဘယ်လိုဘဲအချိန်ပြောင်းပြောင်း
ချစ်သူက ဇင့်အတွက်မဟောင်းပါဘူး။
တကယ်တော့လာချင်ရင် အနီးလေးပါ ချစ်သူ
မလာချင်လို့ ခရီးဝေးတော့...................

Monday, June 29, 2009

အော်အချစ်



ဒါက ကျမLockerလေးပေါ့ ကျမ locker မှာဆို ကျမချစ်သူပုံရှိတယ် ရှိမှာပေါ့ ကျမကချစ်တာကို
သူlocker မှာဆို ကျမပုံတောင်ရှိမယ်မထင် ကျမနောက်ကွယ်မှာ ခြေရှုပ်နေတာ ကျမသိတယ် ဒါပေမယ်မပြောချင်ဘူး သူကိုကျမချစ်လို့ကို သူနဲ့ ချစ်တာကို အိမ်ကသဘောမတူဘူး လေ ဘာဘဲဖြစ်ဖြစ် ကျမကချစ်တော့အိမ်ကစကားကိုနားမထောင်ဘူးလေ State ခြင်းမတူရင်တောင် ကျမကသူကလွဲပြီ ဘယ်ယောက်ကျားကိုမှ ကျမပြန်မကြိုက်ခဲ့ဘူး လေ
သူကပြောတယ်ရှိသေးတယ် ကျမ blogမှာသူပုံမရှိဘူးတဲ့ သူblog မှာ ကျမပုံတောင်တင်ထားတာမဟုတ်ဘဲနဲ့
ကြည့်လိုက်ရင် ကျမဘက်ကအနာကြီးဘဲ ကျမသူအတွက်ဆို ဘာမဆိုလုပ်ပေးခဲ့တယ် သူကို ကျမလိုချင်တာ တခုခုလုပ်ခိုင်းလိုက်ရင် မအားတာကအရင် ..အဲတာကျမကိုချစ်တာတဲ့ သူကပြောတယ်ရှိသေး
ဇင် ကိုကို့နားမလည်ပေးဘူး ဆိုတာဘဲ တခါတလေ စိတ်ကုန်လို့ သူဖုန်းခေါ်ရင် မကိုင်ဘူး
မကိုင်ရင်လဲ ဘာလို့သူဖုန်းကိုမကိုင်တာလဲ့ ဆိုတဲ့ အပြောကခံရသေးတယ် online မှာတွေရင်လဲ ဘာလို့မခေါ်လဲ
ဆိုတာကအရင် ဒီဘက်ကအားလားမအားလားဆိုတာသူမသိဘူး သူစိတ်ဘဲသူသိတယ် တော်တော်တကိုယ်ကောင်းဆန်တယ်လို့ပြောရင်လည်း စိတ်ဆိုးအုန်းမယ်
ဒီစာတာသူဖတ်လိုက်ရင် ဒီညတော့ကျမအိပ်ရမှမဟုတ်တော့ဘူးလေ ဖုန်းအသေခေါ်တော့မယ်ဆို ကြိုသိထားတယ်လေ အော်ချစ်ဒုတ်ခ ဒုတ်ခ

စက်ဘီး or bicycle




ဒီနေ့တော့
...ဘာရေးရင်ကောင်းမလဲလို့စဉ်းစားနေတာ
ရေးစရာ ခေါင်းထည့်ကစဉ်းစားလို့မရလို့
ဘာမှကိုမရေးတော့ဘူး ပုံဘဲတင်တာကောင်းပါတယ်
ဟဲဟဲ ဒုတ်ခဘဲ အဲဒါမှ
မြန်မာစာကိုမပေါင်းတတ်တော့ဘူး
မြန်မာစာကိုမေ့ကုန်ပြီ
ဘယ်လိုလုပ်ရမလဲကိုမသိတော့ တာ
မြန်မာစာမေ့မှာဆို လို့ စာရေးပါတယ် ဆိုမှ
အခုတော့မပေါင်းတတ်ဘူးဖြစ်နေပြီ
အဲဒါစီးတဲ့ဟာကိုဘယ်လိုခေါ်ပါတယ် bicycle တော့သိပါရဲ့ မြန်မာလို့မပေါင်းတတ်တော့ဘူး
စက်ဘီး အဲလို့တော့ထင်တာဘဲမှားရင်လဲမတတ်နိုင်တော့ဘူး
ဟဲဟဲ ဟီဟီး

Sunday, June 28, 2009

ပရုတ်သုတ်ခ





ဒါကကျမနဲ့၃ခန်းလောက်တူတဲ့ ပရုတ်သုတ်ခ သူငယ်ချင်းပေါ့
တကယ်ကို ပရုတ်သုတ်ခကျအောင် လဲ နေတာ
သူတို့နဲ့ ပေါင်းလို့ ကျမလဲ ပရုတ်သုတ်ခကျတတ်နေပြီ
ကျမလဲသူတို့နဲ့ ကြာကြာပေါင်းရင် ငမဲဖြစ်တော့မယ်
သူငယ်ချင်းတော့များပါရဲ့ ဒါပေမဲ့သူတို့နဲ့ စကားပြောရတာကိုက ပျော်တယ်
ဟဲဟဲစာမပြီရင်ကူးခိုင်းလို့တော့ရတယ် နော်
သဘောတော့ကောင်းတာ
သူငယ်ချင်းတွေကပြောတယ်
အဖြူတွေနဲ့ တွဲပါလားတဲ့ ကျမကအဖြူတွေနဲ့တွဲပါတယ်
အဖြူတွေက ခွဲခြားခွဲခြားနဲ့ ကျမကအဲလိုမျိုးကိုမကြိုက်...
အဖြူတွေကချောပါရဲ့ ငမဲတွေလဲ့ သေချာကြည့်ရင် ချောတဲ့သူတွေလဲ့ရှိပါတယ် ဟဲဟဲ
Posted by Picasa

ကလေးအမေ








ကျမမောင်လေးက ကျမနဲ့အသက်အများကြီးကွာတယ်
ကျမဘယ်သွားသွားသူတို့ကိုခေါ်သွားတော့
ဒီကအာရှလူတွေက ကျမကို ကလေးအမေလို့ ထင်ကြတယ်
ပထမ တော့ ကျမကမဟုတ်ဘူးလို့ ငြင်းတယ်
နောက်တော့ ကျမဘာမှကိုမပြောတော့ဘူး
နောက် ကျမအမေ အလုပ်နားတော့ သူတို့လေးတွေနဲ့ လျှောက်လည် တော့
အော် ဒါတွေက အမသားတွေလား ကျမကမသိပါဘူး
ဒီကညီမရဲ့ ကလေးတွေမှတ်လို့ 
ကျမရုပ်က အဲလောက်မရင့်သေးပါဘူး လို့ စဉ်းစားလိုက်တယ်
အမလေးသူတို့ရဲ့သားသမီးကိုတော့ သူတို့ပြန်မကြည့်ဘူး
ကျမထက်ရင့်လွန်းလို အဘွားလို့တောင်ခေါ်လို့ရတဲ့အရွယ် ကိုများ
ကျမကိုကလေးအမေတဲ့
ကလေးအမေလို့ ထင်တာလဲ့ ကောင်းပါတယ်
ဘယ်သူတွေမှနှောင်ယှက်တာမခံရဘူးပေါ့
ပြန်မပြောတာဘဲကောင်းပါတယ် နော်
ပြောနေရင် လူမုန်းခံနေရအုန်းမယ်

လှလို့ တင်တယ်မဟုတ်



လှလို့တင်ထားတာတော့မဟုတ်ဘူး
ချစ်သူက အရင် နဲ့အခု ဘယ်ဟာပိုဝလာလဲလို့မေးလို့
သူသိအောင်လို့တင်ထားတာ
ပုံကလဲ အမှတ်တမဲ့ အရိုက်ခံလိုက်ရတယ်
အတော်ဘဲဖြင့်သွားတာပေါ့ နော်
ဝလားမ၀လားဆိုတာ သူကြည့်ရတာပေါ့
အာရှလူတွေမျက်လုံးမှာတော့ ကျမက၀တာပေါ့
ဒီကလူတွေရဲ့ မျက်လုံးကတော့ ကျမကပိန်တယ်လို့ပြောတာဘဲ
ကျမကို ကျမ ပိန်တယ်လို့တော့မယူဆပါဘူး သလို
ဝတယ်လို့လဲ့မပြောပါဘူး
သူဟာနဲ့သူတော့ ကြည့်ကောင်းတယ် လို့ ကျမကယူဆတယ်
ဒါမှ ကျမစိတ်ချမ်းသာမှာပေါ့နော်
ဟီဟီ

Posted by Picasa

တစ်ယောက်သောသူ

သိပ်ကြိုက်လို့ တင်ထားတာဘယ်ကရလဲဆိုတာကိုမသိတော့ သိမ်းထားတာလဲ ကြာပြီလေ

စိတ်ညစ်တယ် နော် ဒင်းလေးတွေကြောင့်


ဒီမောင်လေးက အလတ်ပေါ့
ကျမအောက်ကပေါ့ သူလဲ အငယ်လေးနဲ့ အတူ ဆိုးတယ်
ကျမဘယ်သွားသွား အမြဲလိုက်ချင်တယ်
ကျမကိုတော့ အသေကြောက်တယ်
ဟီဟီ မကြောက်လို့ ရမလား သူထက်ကြီးတာကို
သူတို့ကြီးတဲ့အခါ ကျမကိုတောင် လှည်ကြည့်မှာမဟုတ်ဘူး
သူတို့ကို ဒီအရွယ်ကမနိုင်ထားရင် ကြီးလာရင်တော့ သွားပြီ
ထိန်းမနိုင်သိမ်းမနိုင်တော့ဖြစ်မှာ
ကျမ ဒီနိုင်ငံ မှာ သူတို့လေးတွေကို မနေခိုင်းချင်ဘူး
ကျမနိုင်ငံကိုဘဲ ပြန်ခေါ်သွားချင်ပြီ
သူတို့ လေးက ပြန်လိုက်ဖို့ မပြောနဲ့ ပြန်မယ်လို့ ပြောရင်တောင်
သားကိုမခေါ်နဲ့ နော် သားမလိုက်ချင်ဘူး ဆိုတာဘဲ
ကျမဘယ်လိုပြန်ခေါ်ရမလဲဆို မသိတော့ပါဘူး
ဒီနိုင်ငံရဲ့ ဥပဒေက လဲ ခပ်လန့်လန့်
ဟွန်း ဒင်းလေးတွေကြောင့် ငါစိတ်ညစ်တယ် နော် ......
Posted by Picasa

လှည်းကိုအောက်မှာစီးရမှာကျေနပ်တယ်





ကျမမောင်လေးက လှည်းစီးရင် အောက်မှာထိုင်ရမှ ကျေနပ်တယ်
အပေါ်မှာပေးထိုင်ရင် ဘယ်တော့မထိုင်ချင်ဘူး
အောက်မှာထိုင်လို့ ညောင်းရင် အပေါ်မှာ ပြန်ထိုင်တယ်
တော်တော် ပြောရဆိုးတဲ့မောင်လေးပေါ့
ချစ်စရာလေးနော် .....




Posted by Picasa

Saturday, June 27, 2009

ရင် ထဲက 'မ'


မ....
မကြင်နာလို့၊ ကျွန်တော့်ကိုအပြစ်ဆို...
မျက်နှာညိုတာလား..
မ..ရယ်.......။

(၂)
မ..မျက်နှာကို..မှန်လိုရှု
ဂရုပြုနေမိတတ်တဲ့ကျွန်တော်...
ခုဆို...
ပျော်ကို..မပျော်တော့ပါဘူး....။



(၃)
အချစ်ကို...
ဂဏန်းတွက်သလိုတွက်...
ကျွန်တော့်ဆီမှာ..
မ.. မက်လောက်စရာမှ မရှိတာနော်......။

(၄)
စာဖွဲ့ရလောက်အောင်..
မ..က မလှပေမယ့်...
ကျွန်တော်ရေးသမျှစာ၊ ကျွန်တော့်ကဗျာတိုင်းမှာ...
မ.. ပါမှ အသက်ဝင်..
မ.. က ဖန်ဆင်းရှင်ပါဘဲ.....။

(၅)
အသက်ငယ်နေလို့....
အသိမကြွယ်ဘူး ထင်တာလား...
ကျွန်တော်က... မ..အချစ်ကို တောင့်တ...
မ..ပြန်ချစ်မှ ကျွန်တော့်ဘ၀ လှပမှာပါ.......။

(၆)
မ..ဘယ်လိုပဲ ရက်စက် အပြုံးမပျက်ဘဲ...
မ.. လိုသမျှဖြည့်စွမ်း...
ကျွန်တော်က.... မ..ရဲ့
အမှုထမ်းလေ.....။

(၇)
မဖြစ်နိုင်မှန်းသိလို့... ကျောခိုင်းရှောင်ပြေး..
ခပ်ဝေးဝေးနေရတဲ့ ကျွန်တော့်ရှေ့မှာ...
တခြားသူတစ်ယောက်နဲ့... ရယ်မော..ပျော်ပါး..
မ.. မော်ကြွားနေတဲ့အခါ.....

(၈)
ကျွန်တော်လေ....
အပူရုပ်ကို ... ဟန်လုပ်ဖုံးကွယ်.....
ရင်ထဲမှာ...ငိုနေရပါတယ်... မ.. ရယ်.........။

(၉)
ရင်ထဲက အချစ်ကို...
မ.. မြင်အောင်ပြဖို့ မတတ်ကျွမ်း
ဟောဒီက... အရူးအနှမ်းလေး ကျွန်တော်လေ...
မမ..ရောဂါနဲ့...အဖြစ်ဆိုး....
ရင်ဘတ်ထဲမှာ...မိုးတွေရွာနေပြီ........။



ဘယ်တုန်း ကဘယ် သူ ရေးထားတယ် ဆိုတာမသိပေမယ့် ကျနော့် ကဗျာစာအုပ်ထဲ က ပထမစာမျက်နှာ မှာ ရှိနေလို့ ပါ။

နောက်ပြီး ဒီ ဘလော့ ဟာ ကျနော် သူငယ်ချင်း limk ရဲ့ ဘလော့လေးပါ။ ကျနော် လည်းတင် ချင်တဲ့အခါ တင်ပါတယ်။

အချစ်


ချစ်သူငါရူးသွပ်ခဲ့ပါတယ်...
ချစ်လွန်းလို့ရူးသွပ်ခဲ့တာပါ......

အို့ အချစ်

dvc candle light of love

ကမ္ဘာတစ်ဘက်ဆီမှာနေ ပြီး
အချိန်တွေဘယ်လိုဘဲ နေ့ ညဖြစ်နေပါစေ
ကျမချစ်တဲ့ ကိုနဲ့  ပြန်ဆုံပါစေလို့ 
အမြဲတမ်းဆုတောင်းနေပါတယ် ချစ်သူ .....
ကိုနဲ့  ပြန်ဆုံနိုင်ဖို့ ကြိုးစားနေပေ့မယ်
ကိုရဲ့ အချစ်ကို နောက်တစ်ယောက်ဆီမှာ
မဝေမျှပါနဲ့ ကို....
အလုပ်နဲ့  ကျောင်းအမြဲတမ်းအလုပ်ရှုပ်တဲ့ ကျမ
ကို နဲ့  တွေဖို့ ကျမ ကြိုးစားနေပါတယ် ကိုရယ် ...
ဘယ်လိုဘဲ ကျမပင်ပန်းပါစေ
ကိုကို့  ကျမ တွေ့ ရင် ကျမကျေနပ်ပါပြီ ကိုရယ်......


Friday, June 26, 2009

ကျွန်မတို့၃ယောက်ကို ဘာလို့ လူတွေ မုန်းနေကြပါလိမ့်။




အမြဲတမ်း စိတ်ဆိုးတတ်တဲ ကျွန်မ
အမြဲတမ်းလိုက်ချော့တတ်တဲ့ Ra and Dah
တခုခုဖြစ်ရင် အရင်ငိုတတ်တဲ့ ကျွန်မ
ငိုရင်ချော့တတ်တဲ့ Ra
ရင်မှဝမ်းနည်းကြွေကွဲပေမယ်
မျက်နှာမှာအမြဲ ပျော်အောင်နေတတ် Dah
ပွင့်လင်းတတ်တဲ့ ကျွန်မ
မေးလို့ မဖြေ
ပြောတဲ့စကား နားမထောင်လို့
ကျွန်မဒေါသထွက်ရင်
အမြဲကြောက်တတ်တဲ့ Dah
တခြားသူငယ်ချင်းစကားပြောရင်
မျက်စောင်းလေးကြည့်တတ်ကြတဲ့ Ra and Dah
ဲဖြစ်သမျှကိစ မပြောပြလို့ အလွန်စိတ်ဆိုးတဲ့ ကျွန်မ
နောက်မှ သိရတဲ့ အခါ ပိုပြီဝမ်းနည်းတတ်တဲ့ Dah
သူငယ်ချင်းမိန်းကလေးနဲ့ သွားလာတဲ့ အခါ
ယောကျာ်းလေးသူငယ်ချင်းများက Ra ကိုမိန်းမရှားလို့ပြောတဲ့အခါ
ခါးခါးတီးတီး နာတတ်ပြီ
ရန်သွားဖြစ်တဲ့ ကျွန်မ နဲ့ Dah
ဘာသာမတူလို့ မိမိအိမ်ကိုယ်ဆီကသူငယ်ချင်းမလုပ်ရဘူးလို့ပြောတဲ့ အခါ
အပြုံးမပျက် အရင်ကပိုချစ်ကြတဲ့
ကျွန်မတို့၃ယောက်ကို ဘာလို့ လူတွေ မုန်းနေကြပါလိမ့်။
ဘယ်သူတွေဘာပြောပြော အသွားမပျက်အလာမပျက် အခင်မပျက်တဲ့
ကျွန်မတို့၃ယောက်ကို ဘာလို့ လူတွေ မုန်းနေကြပါလိမ့်။

ယုံပါ

Thursday, June 25, 2009

with you

with you

Wednesday, June 24, 2009

ခဏ



မင်းကိုသိပ်ချစ်ခဲ့တဲ့
မင်းကိုသိပ်မြတ်နိုးခဲ့တဲ့
ငါဆိုတဲ့ကောင်မလေးတစ်ယောက် ကို
မင်းနှလုံးသားက
သတိရနေနိုင်ပါစေ။
မင်းဘာပဲ ဖြစ်ဖြစ်
မင်းဘာပဲ လုပ်လုပ်
မင်းအနား ရှိနေရရင် ကျေနပ်တတ်တဲ့ ငါ
ခဏလောက်တော့ ကြည်ဖြူစွာ
နမ်းခွင့်ပြုပါ ပါလို့ငါခွင့်တောင်းချင်ပါတယ်
ချစ်သူရယ်။

ကျွန်မရဲ့အချစ်


ကျွန်မအတွက်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်သလို့
ပေးဆပ်ခြင်းလည်းမဟုတ်ပါဘူး
သူ့ကိုထာဝစဉ်ချစ်နေဖို့ပါပဲ ...
သူက ကိုယ့်အနားမှာရှိနေသည်ဖြစ်စေ
ဝေးနေသည်ဖြစ်စေ ကျွန်မချစ်နေမှာပါ........

တိတ်တခိုးငိုကြွေး


သူရဲ့…..
ချစ်တယ်ဆိုတဲ့…စကားကို
ကျွန
်မ ….ဦးနှောက်က…မစဉ်းစားဘဲ
နှလုံးသားရဲ့…အနက်ရှိုင်းဆုံးနေ ရာမှာ
ထာဝရ…သိမ်းထားခဲ့ဘူးတယ်
သူက…ရက်စက်စွာထားရစ်ခဲ့တာတောင်
အပြစ်မမြင်ရက်ဘဲ…တိတ်တခိုး
ကြိတ်ရှိုက်ပြီး…မျက်ရည်ကျခဲ့ဘူးပါတယ်။

အတ္တ


ရခဲ့ဘူးတဲ့အချစ်တခု
ငါပြန်ပေးရမယ်ဆိုတော့နှမြောမိသလိုပဲ
ဘယ်သူနဲ့မှစိတ်မချတတ်တဲ့ငါ ကို
လမ်းခွဲသွားလဲငါ့မှာပြောစရာစကား တခွန်းပဲရှိတယ်
အဲဒါက
“သ၀န်တိုတိုင်းအချစ်လို့ယူဆထားရ င် မင်းသိပ် “အတ္တ” ဆန်သွားပြီကောင်လေး”

ချစ်ကတိ


အကောင်းဆုံးအရာတွေကိုမင်းအတွက်ပေးချင်တယ်---
အတောက်ပဆုံး ကြယ်တွေကိုခူးဆွတ်ပေးချင်တယ်---
အပျော်ဆုံးနေ့လေးတွေနဲ့ အတူမင်းနဲ့ဖြတ်သန်းချင်တယ်----
ဖြစ်ချင်တဲ့အရာတွေကို မင်းအတွက် ဖြစ်အောင်ဆောင်ရွက်ပေးချင်တယ်---
မင်းမျက်နှာမညှိုးငယ်အောင် ပျော်ရွှင်မှုကိုငါ
ပေးချင်တယ်----
ငါအချစ်ဟာ မင်းအတွက်ပါ
မင်းကလွဲပြီ နောက်တစ်ယောက်ဆိုတာ မရှိစေရပါဘူး
နင်ရင်ခွင်ထဲကနေ ငါကိုဘယ်တော့မထုတ်ပစ်ပါဘူးဆိုတဲ့ စကားလေးတော့ငါကြားပါရစေ
မင်းဟာငါရဲ့အချစ်ဦးလေးဖြစ်နေလို့ပါ။

နင်သိပါစေ


ချစ်သူ
ဝေးရမှန်းသိရဲ့တာနဲ့
နင်နဲ့ငါချစ်ခဲ့တယ်
ချစ်သူ
ဝေးခဲ့ရင်တောင်
နင်ဟာငါအချစ်ဦးပါ
ချစ်သူ
နင်ကိုငါချစ်လွန်းလို့
ဝေးရမဲ့ အချိန်လေးတွေနီးခဲ့ပေမဲ့ နင်ပျော်ရွှင်အောင်
ငါလုပ်ဆောင်ပေးနိုင်ခဲ့တယ်နော်
ချစ်သူ
ပြန်ဆုံနိုင်ပါစေလို့
နင်ကိုယ်တိုင်ဘုရားမှာဆုတောင်းပေးခဲ့တယ်
ချစ်သူ
ငါထက်နောက်တစ်ယောက်မထားပါဘူးလို့
နင်ရဲ့ကတိကို
နင်တည်ပါမယ်လို့ ငါကိုပြောခဲ့တယ်နော်
ချစ်သူ
ပျော်ရွင်ခဲ့တဲ့ နေ့ရက်တွေကို နင်မမေ့နိုင်ဘူးလို့
နင်ဖုန်းဆက်တိုင်းပြောခဲ့တယ်နော်
ချစ်သူ
အခုတော့ငါဘယ်လောက်နင်ကို ချစ်ချစ်
နင်ဟာငါကို သူငယ်ချင်းလိုဘဲနေရအောင်လို့
နင်ပြောရဲ့တဲ့စိတ်ဓါတ်ကြောင့်
ငါအိပ်မက် ငါစိတ်ကူးတွေ အားလုံးကို နင်စကားလုံးကြောင့်
ကြွေမွသွားပြီဆိုတာ နင်သိပါစေ
ငါနင်ကို လွမ်းနေတယ်ဆို နင်သိရင်
ငါကျေနပ်ပါပြီ ချစ်သူရယ်။

Tuesday, June 23, 2009

ချစ်နေယုံလေးနဲ့

ချစ်နေယုံလေးနဲ့


ရှင်ချင်လျက်နဲ့ သေခဲ့ရတဲ့ အိပ်မက်တွေထဲမှာ
တကယ်မဝေးရခင်ကတည်းက လွမ်းဖူးပြီးသားပါ။

စိတ်ညစ်စရာတွေ့လဲ၊ ပြုံးထားပါနောက်လဲ၊
ဘာဖြစ်ဖြစ်အားပေးချင်တာ မင်းလက်ကိုကိုင်ပြီ
မင်းအနားမှာနေခွင့်ရယုံနဲ့ ဖြစ်ပျက်အိပ်မက်ခဲ့တဲ့
အရာအားလုံးကို ငါမေ့နိုင်ပါတယ်။

ဘာကြောင့်လဲ

ဘာကြောင့်လဲ
တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတယ်
တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုရှိကြတယ်
နှစ်ယောက်စလုံးက ပြန်ဆုံမယ်ဆိုတာယုံကြည်ကြတယ်
တစ်ယောက်နဲ့ တစ်ယောက် မဆိုစလောက်လေးချစ်တယ်
တစ်ယောက်ပေါ်တစ်ယောက်သံသယတွေနဲ့ 
နှစ်ယောက်စလုံးက ပြန်ဆုံကြဖို့  ........။
နောက်ဆုံးတော့