Sunday, June 28, 2009

ကလေးအမေ








ကျမမောင်လေးက ကျမနဲ့အသက်အများကြီးကွာတယ်
ကျမဘယ်သွားသွားသူတို့ကိုခေါ်သွားတော့
ဒီကအာရှလူတွေက ကျမကို ကလေးအမေလို့ ထင်ကြတယ်
ပထမ တော့ ကျမကမဟုတ်ဘူးလို့ ငြင်းတယ်
နောက်တော့ ကျမဘာမှကိုမပြောတော့ဘူး
နောက် ကျမအမေ အလုပ်နားတော့ သူတို့လေးတွေနဲ့ လျှောက်လည် တော့
အော် ဒါတွေက အမသားတွေလား ကျမကမသိပါဘူး
ဒီကညီမရဲ့ ကလေးတွေမှတ်လို့ 
ကျမရုပ်က အဲလောက်မရင့်သေးပါဘူး လို့ စဉ်းစားလိုက်တယ်
အမလေးသူတို့ရဲ့သားသမီးကိုတော့ သူတို့ပြန်မကြည့်ဘူး
ကျမထက်ရင့်လွန်းလို အဘွားလို့တောင်ခေါ်လို့ရတဲ့အရွယ် ကိုများ
ကျမကိုကလေးအမေတဲ့
ကလေးအမေလို့ ထင်တာလဲ့ ကောင်းပါတယ်
ဘယ်သူတွေမှနှောင်ယှက်တာမခံရဘူးပေါ့
ပြန်မပြောတာဘဲကောင်းပါတယ် နော်
ပြောနေရင် လူမုန်းခံနေရအုန်းမယ်

0 Yorum var: