Wednesday, June 24, 2009

နင်သိပါစေ


ချစ်သူ
ဝေးရမှန်းသိရဲ့တာနဲ့
နင်နဲ့ငါချစ်ခဲ့တယ်
ချစ်သူ
ဝေးခဲ့ရင်တောင်
နင်ဟာငါအချစ်ဦးပါ
ချစ်သူ
နင်ကိုငါချစ်လွန်းလို့
ဝေးရမဲ့ အချိန်လေးတွေနီးခဲ့ပေမဲ့ နင်ပျော်ရွှင်အောင်
ငါလုပ်ဆောင်ပေးနိုင်ခဲ့တယ်နော်
ချစ်သူ
ပြန်ဆုံနိုင်ပါစေလို့
နင်ကိုယ်တိုင်ဘုရားမှာဆုတောင်းပေးခဲ့တယ်
ချစ်သူ
ငါထက်နောက်တစ်ယောက်မထားပါဘူးလို့
နင်ရဲ့ကတိကို
နင်တည်ပါမယ်လို့ ငါကိုပြောခဲ့တယ်နော်
ချစ်သူ
ပျော်ရွင်ခဲ့တဲ့ နေ့ရက်တွေကို နင်မမေ့နိုင်ဘူးလို့
နင်ဖုန်းဆက်တိုင်းပြောခဲ့တယ်နော်
ချစ်သူ
အခုတော့ငါဘယ်လောက်နင်ကို ချစ်ချစ်
နင်ဟာငါကို သူငယ်ချင်းလိုဘဲနေရအောင်လို့
နင်ပြောရဲ့တဲ့စိတ်ဓါတ်ကြောင့်
ငါအိပ်မက် ငါစိတ်ကူးတွေ အားလုံးကို နင်စကားလုံးကြောင့်
ကြွေမွသွားပြီဆိုတာ နင်သိပါစေ
ငါနင်ကို လွမ်းနေတယ်ဆို နင်သိရင်
ငါကျေနပ်ပါပြီ ချစ်သူရယ်။

0 Yorum var: