Thursday, July 30, 2009

i feel lik that :'(

Wednesday, July 29, 2009

မတက်ဖူးတဲ့တောင်ရဲ့အဖြစ်အပျက်


ဘာရေးရင်ကောင်းမလဲလို့စဉ်းစားနေတာ သူငယ်ချင်းတွေကိုသတိရလို့ သူတို့နဲ့လျှောက်လဲခဲ့အဖြစ်ကိုဘဲရေးတော့မယ်..

ဟီဟီ ရေးရမှာလဲ ရှက်စရာကြီး ..အဲနေ့က ဘုရင်မွေးနေ့ပေါ့ သူငယ်ချင်းတွေကလည်း တယောက်မှကိုယ်နဲ့ရွယ်တူမရှိဘူး...သူတို့ကအကိုနဲ့လာခင်တော့ ဇင်နဲ့ခင်သွားတာပေါ့ ဘုရင်မွေးနေ့မှာဘာလုပ်မလဲလို့ သူတို့လာမေးတယ် အကိုကို့လာမေးတာ ဇင်ကိုတော့မဟုတ်ဘူး သူတို့ တောင်တက်မယ်တဲ့ အကိုကို့လာခေါ်တယ် အကိုကပြောတယ် ငါတောင်တက်တာ တခါဘဲတက်ဖူးတယ်တဲ့မလိုက်ချင်ဘူးတဲ့ ဇင်ကကြားတော့ ဇင်လိုက်မယ်လို့ ကိုကိုမလိုက်ရင်နေလို့ ဇင်တော့လိုက်မယ်လို့ တခါမှမတက်ဘူးလို့ တက်ချင်တယ်လို့ ပြောလိုက်တယ် အမေ ကဇင်ဇင် ဟုတ်မှလုပ်နော် နင်နော် ..ငါသိတယ်တဲ့ မလုပ်ဖူးတာလုပ်ရင် နင်ဘာဖြစ်မယ်ဆိုတာသိတယ်နော် ...ဘာမှမပြောဘူး လိုက်သွားတယ် တောင်က နည်းနည်းတော့မြင့်တယ် အဲတောင်ဆီကိုသွားရတာတော်တော်ဝေးနေတာကို တောင်က အိမ်နဲ့ နီးနီးလေး ကိုကိုက ဇင်သွားမယ်ဆိုတော့ သူမပါလို့မရတော့ဘူးလေ လိုက်မှရတော့မယ်ဆိုလို့ သူပါ လိုက်လာရတယ် ..ယောကျားင်္လေး ၅ယောက် မိန်းကလေး က ဇင်ဇင်နဲ့ ဆို၃ယောက် ပေါ့ ..တက်မတည်းက အပေါက်လမ်းမတက်ဘူး ကြောက်နေသေးတယ် အံ့ပ....လူများကအပေါ်ရောက်နေပြီ ကြောက်လို့ဆို ပြန်ဆင်းခဲ့တယ် အဆင်းကလည်းလျှောနေတယ် တက်တုန်းကဘယ်လို့တက်လဲတော့မသိ မဆင်းတက်တော့ ကိုကိုရေ အော်ခေါ်ပြီ အောက်ပြန်ပို့ပေးလို့ ကိုကို သူငယ်ချင်းက (မှတ်ချက် ကိုကို သူငယ်ချင်းအားလုံးကဇင်ဇင်ကို အငယ်မ လို့ခေါ်တယ် ) အငယ်မဒီထိရောက်နေပြီမှာဘာလို့ ပြန်ဆင်းမှာလဲ တက်လာခဲ့  နင်တက်လို့မရရင်တောင် ချီသွားမယ်ဆိုလို့ တက်တာ့ပေါ့ ....ကျန်တဲ့အမတွေကလည်းအပေါ်တောင်ရောက်နေပြီလားမသိ..အမြင့်ရောက်လို့မတတ်တက်ရင် ကိုကိုသူငယ်ချင်းကအပေါ်ကလှမ်းဆွဲပေးတယ် ..ဒီလိုနဲ့ တက်ရင်းလမ်းမှာတွေတဲ့ ပန်းတွေခူးတာပေါ့ တောသဇင်တွေကလည်း လှမှလှ မှီတဲ့ ပန်းကို အမြစ်ပါမကျန်ခူးခဲ့ တယ် အိမ်မှာစိုက်ဖို့ဆိုပြီ အကြံနဲ့ပေါ့ ဒီလို့အကူအညီနဲ့တက်လာတာပေါ့ အပေါ်လဲရောက်ရော ရူခင်းလေးက လှလိုက်တာမပြောနဲ့ အိမ်တွေကိုအားလုံးလဲမြင်ရတယ်...ဘယ်နေရာဘာရှိလဲဆိုတာလဲ သိခဲ့ရတယ်...ခနနားပြီ ပြန်ဆင်းမယ်ဆိုပြီဆင်းကြတာပေါ့ကိုကိုသူငယ်ချင်းတွေကဇင်ဇင်အဆင်းမှမဆင်းတက်မှာဆိုလို့ဆိုပြီ လမ်းကြောင်းပြောင်းပြီဆင်းတာပေါ့ အဆင်းကဟုတ်နေတာဘဲ အောက်ရောက်နီးဖို့ နည်းနည်းဘဲလို့တော့တယ်..ဆင်းဖို့အတွက် မတ်နေတဲ့ ကျောက်တန်းကိုမဆင်းရဲဘူး မတ်နေ့တော့ ဆင်းတာကအလယ်ရောက်နေပြီ မဆင်းရဲလို့ အလယ်မှာတစ်နေတယ် ...အောက်ရောက်တဲ့ သူတွေက ဆင်းခဲ့လေး နီးနီးလေး ဘဲ ခုန်ကျဖို့က အောက်မှာကျောက်တုန်း ကြီးတတုံးရှိနေတယ် ..မဆင်းရဲတော့ဘူး ကြောက်လွန်းလို့ ငိုမိတာပေါ့ ..အောက်က ကိုကိုပြောတယ် သူရှိတယ် မကြောက်နဲ့တဲ့ အောက်က ကိုကိုသူငယ်ချင်းကပြန်တက် ပြီ သူကအပေါ်ကနေလက်ကိုကိုင်ပြီထိန်းထားတယ်အောက်မှခြေထောက်နဲ့မိတဲ့နေရာကိုမှီပြီဆင်းတဲ့..
သူတို့ပြောတဲ့အတိုင်းလိုက်စမ်းတာပေါ့ ...မမိဘူးသူတို့ပြောတဲ့နေရာကို ...ဟိုလိုလဲမရဒီလိုလဲမရတာနဲ့ နောက်ဆုံးအကြောက်လွန်းနဲ့ မောတာနဲ့ မေ့သွားတယ် နောက် သတိရလားတော့ အောက်ရောက်နေပြီ ...ဟီဟီ အငယ်မ နင်လုပ်လိုက်ရင် အလန့်တကြားကြီးဘဲ တဲ့..ဘာမှမပြောတော့ဘူး အိမ်ကမသိစေနဲ့တဲ့ ...ဇင်ဇင်ကလည်းပြန်ပြောလိုက်တယ် တခါမှမတက်ဘူးတာကို .....

နောက်တောင်တက်မဲ့ကိစ္စဆိုရင်ဇင်ဇင်တို့ကဝေးဝေးရှောင်ဘဲ..သူတို့နဲ့တွေ့ရင်ပြန်ပြောပြီရီကြတာပေါ့ နောက်တက်ချင်တာတောင်တက်လို့မရတော့ပါဘူး...သူငယ်ချင်းတွေအားလုံးကလည်း နိုင်ငံတွေခြားနေတော့ပြန်ဆုံဖို့ဆိုတာမလွယ်တော့ဘာဘူး

အိပ်ပျော်နေတဲ့ ငါနှလုံးသား

[ Click Me ]



အိပ်ပျော်နေတဲ့

ငါနှလုံးသားကို

နင် အမြဲတမ်း

တံခါးခေါက်
လာနိုးနေလို့

နောက်ဆုံး ကြည့်ဖြူစွာ

ဖွင့်ပေးပြီမှာ


ထွက်သွားရတာလဲ။။

Monday, July 27, 2009

ရောင်းရန်ရှိသည်




သူကို ရောင်းရန်ရှိသည်.......
$ 100 ဘဲပေးပါ ...လိုချင်ပါက ဆက်သွယ်ရန်လိပ်စာ ကွန့်မန်ပေးလိုက်ပါ ဟီဟီ
ဈေးညှိုလို့ရသည် ...

သူရဲ့အကြောင်း
အသက်က 17
နမည်က ဘိုဟိန်း
နေရပ်က သူအိမ်မှာပေါ့
ဝါသနာက သူသီချင်းဆိုတာအရမ်းကောင်း ..ဘောလုံးကန်တာအရမ်းတော်
အချစ်က သူကကျမကိုအသေချစ်တာ အဲလိုမျိုးချစ်တဲ့အချစ်ကဘယ်မှာမမြင်ဘူးသေးဘူး (မယုံရင်ဝယ်ကြည့်)
ရည်းစားက အယောက် ၅၀လောက်ရှိတယ်
ချစ်သူက ၁ယောက်ဘဲရှိသေးတယ် ..........>အဲဒါကျမလေ ဟီဟီ

သိချင်တာရှိသေးရင်ဆက်သွယ်လိုက်ပါနော် ...

Sunday, July 26, 2009

သိပ်ချစ်ခဲ့တယ်



အော် ငါအရမ်းချစ်ရတဲ့သူရယ် ...
နင်ဒီဓါတ်ပုံပို့ပေးတာတောင် ငါနင်အပေါ် စိတ်မကုန်သေးဘူးဆိုတာ
နင်သိပါတယ်နော် ..ငါနင်ကို အရမ်းချစ်တယ် ....
ဒါကအပျော်ပါလို့နင်ပြောခဲ့ပေ့မဲ့
ငါရင်ထဲမှာမကောင်းခဲ့သလို နင်အတွက်နဲ့ငါအရမ်းငိုခဲ့ရတယ် ....
နင်ဒီဓါတ်ပုံလေးပို့ခဲ့တဲ့အချိန်မှာပေါ့ ...
ဘာဘဲဖြစ်ဖြစ် ငါနင်ကိုချစ်တယ် ...
နောက်ထက်ငါငိုအောင် နင်မလုပ်ပါနဲ့တော့ချစ်ရတဲ့သူရယ် ....


Love is patient..
Love is kind..
It does not boast..
It is not proud ..
It is not rude
It is not self-seeking
It is not easily an greed
It keeps no record of wrongs
I love u in my deeply heart ....

သက်ကိုအတွက်




Saturday, July 25, 2009

အော်အရက်..အရက်


အရက် သောက်ရင်မူးမှန်းသိရင် ဘာလို့များသောက်နေပါလဲနော် ......
ကိုယ်ကျန်းမာရေးကိုဂရုစိုက်ရမှန်းမသိအောင် သောက်တာ တော်တော် အသိဥာဏ်မဲနေလို့ဖြစ်မယ်လို့တော့ ကျမထင်ပါတယ်.......အဲဒါကိုများပညာတတ်လို့ပြောရင်တော့ကျမတော့လက်မခံပါရှင်..
တနိုင်ငံလုံးသောက်ကဒီအရက်ကိုသောက်ကြတာဘဲဟုတ်ပါတယ်သောက်ကြပါတယ်...
မသောက်တဲ့သူတွေနည်းသလောက်တော့ရှိပါတယ်.
ကျမလဲသောက်တတ်တာဘဲ..အားလုံးကချင့်ချိန်ပြီသောက်ကြတာလေး ...၀ီစကီလေးးကိုစားပွဲခုံပေါ်မှာတင်ရင် ကျက်သရေရှိတယ်လို့ပြောတဲ့ သူတွေကရှိသေးတယ် နော် .အော်အဲလောက်ထိရှူးတဲ့သူတွေကရှိသေး ...အရက်ကို မိန်းမထက် ချစ်တဲ့သူတွေကတော့တော်တော် ဦးနှောက်မရှိလို့ဘဲ ...ဒီနိုင်ငံကကိုယ်နိုင်ငံမဟုတ်ဘူးဆိုတာကိုယ်သိရဲ့တာနဲ့ မပျော်ပါးနဲ့ပေါ့ ကိုယ်နိုင်ငံမဟုတ်လို့ ကိုယ်ဖြစ်ရင်ကိုယ်ခံရမယ်...အကူအညီလိုရင် ပေးချင်မှပေးမှာ .....သေရင်တောင် လာလှူလိုက်မယ်$၂၀ အဲလောက်ဘဲလူများကပေးမှာ ....ဘယ်သူမှာ လာကူညီနိုင်မှာမဟုတ်ဘူး ...အားလုံးက သူအလုပ်နဲ့သူဘဲ ..ဘယ်သူမှာအလုပ်ပျက်ပြီမလား...ခက်ခက်နဲ့သင်ခဲ့ရတဲ့ ပညာတွေကိုဘယ်မှာအသုံးသွားချလဲ.....အော်အော် အရက်ကြောင့် ဦးနှောက်ကို အသုံးချသင့်တဲ့နေရာမှာတောင်မချတတ်ကြတော့ဘူး နော်......သောက်စရာရှိရင်း လာသောက်ကြပြီသူငယ်ချင်းတွေကကိုယ်ဖြစ်ရင် ဘယ်သူမှာလာမလဲမကြည့်ကြဘူးဆိုတာရောသိရဲ့လား..အခုသိလို့ရောဘာလုပ်လို့ရလဲ ...အားလုံးနောက်မကျသေးပေမဲ့ ပြုပြင်ဖို့ခဲရင်းတယ်နော် .....


မှတ်ချက်...ကျမရဲ့အသိတစ်ယောက်က အရက်အရမ်းသောက်တာကိုကြည့်ပြီ စိတ်တိုတိုနဲ့ ရေးတာ သူကိုမပြောရဲ့လို ဒီမှာဘဲပြောတော့မယ် .......

Friday, July 24, 2009

ဒါလေးများ


သူငယ်ချင်း အသဲမကွဲနဲ့ one go two come နော် ....နင်က ယောကျာ်းလေးဘဲ ဘာဖြစ်မှာမို့လဲ ...ယောကျာ်းလေးပြောတဲ့ စကား၇ခွန်းကို သူဖတ်ရောဘာဖြစ်မှာမို့လဲ
သူငယ်ချင်း ငါရှိတယ် ဘာမှမဖြစ်နဲ့ အဲဒါနင်ကို သူတကယ်မချစ်လို့ ချစ်ရင် နင်ပြောတဲ့အတိုင်း သူနေရင် အဲတာနင်ကိုသူချစ်လို့ဘဲ......အခုနင်ခေါ်လို့သူကအဲယောကျာ်းပြောတဲ့ စကား၇ခွန်းကို သူဖတ်ပီပီ ဆို့တောနင်ကို သူက အဲလိုထင်ရင် ....သူနင်ကို လုံးဝမချစ်လို့သိလားးး
ချစ်သူငယ်ချင်းငါရှိတယ်နော် နင်နားမှာ....

Thursday, July 23, 2009

lovely

















Wednesday, July 22, 2009

စိတ်ညစ်တအား


စိတ်ညစ်တယ်နော် .....ငိုချင်တယ်တအားဘဲ ..
ငါဘ၀က လုပ်ချင်တာလုပ်ခွင့်မရှိတော့ဘူးလားမသိ
တချိန်လုံးအိမ်မှာနေခိုင်းနေကြတယ် ..
အော်ပြီတောင် ငိုချင်တယ်တအားဘဲ ....
စိတ်ညစ်တယ် စိတ်ညစ်တယ် ....
မနေချင်တော့ဘူး ....တခါတလေတောင် ရှုးချင်လားပြီနော်...
ငါစိတ်ကိုနားလည်ပေးမဲ့သူမရှိတော့ဘူးလား.....
ငါဟာလူငယ်တစ်ယောက်ပါ
ငါကို ဘာလို့ အဲလောက်တောင် ချုပ်ချယ်နေကြတာလဲ....တနေကုန် ဒီအရှုပ်ထုတ်တွေနဲ့ နေရတာဘယ်လောက်ပင်ပန်းလဲ
သူတို့သိရဲ့တာနဲ့ ငါခံစားနေရတာကိုတော့ မသိဟန်ဆောင်နေကြတယ် .....လိုချင်တာဝယ်ပေး ပြီရင်အိမ်မှာနေခိုင်း လည်ချင်ရင်ပို့ပေး ....သူငယ်ချင်းနဲ့ သွားချင်ရင် ဆူမယ်ဆိုတာကအရင် ပြီရင်မပေးသွား သူတိုနဲ့ ပေါင်းရင် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ တော်တော် ကောင်းကြတဲ့မိသားစုတွေ .....စိတ်ညစ်တယ် စိတ်ညစ်တယ် .ငိုချင်တယ် ..........................။။။။။။။

သိပ်ချစ်တဲ့ ကွန်ပြူတာအခန်းလေး

Posted by Picasa

သိပ်သနားစရာကောင်းတဲ့ ဇင် ကွန်ပြူတာခုံလေးနဲ့ အရုပ်တွေ
ခဏခဏ နေရာပြောင်းနေရလို့ .....
ပထမက ဇင်အိပ်ခန်းမှာပေါ့ သူဟာသူနေတာဟုတ်နေတာဘဲ....
ဇင်အဒေါ်ငယ် က ဇင်အိမ်ကို ပြောင်းလားတော့
အိမ်ကအိပ်ခန်းက၂ခန်းထဲရှိတာ သူလာတော့ ဇင်အိပ်ခန်းမှာ နေခိုင်းရတာပေါ့ ...
နောက် မှာ အိပ်ခန်း၃ခန်းပါတဲ့ အခန်းကိုရှာမယ်ဆိုပြီ အဲလို့နဲ့ နှစ်သိပ်နေကြတယ် ...
သူက မနက် ၇နာရီ အလုပ်သွားရတယ် ..ဇင် ကျောင်းဖွင့်ချိန်ကို ကွန်ပြူတာ ကို သုံးတာ သိပ်ပြီ ညဥ့်မနက်ဘူး
စောစောအိပ်ရတယ်..ကျောင်းပိတ်ရက် တနေကုန်ထိုင်ပြီသုံးတာ ထမင်းမေ့ ဟင်းမေ့ပေါ့ ..
အဒေါ်ငယ် သူအလုပ်က ၁ပတ်လုံးဆင်းရတော့ စောစောအိပ်တယ် ...သူ အိပ်တော့ အခန်းထည့်က ကွန်ပြူတာကို
ညဥ့်နက်တဲ့ထိသုံးလို့မရဘူး .....အဲဒါကို စိတ်တိုတိုနဲ့ (living room) (မြန်မာလို့မရိုက်တတ်လို့)ကိုပြောင်းလိုက်တယ် .. living room က ဇင်မောင်လေး က အရမ်းလာဆော့နေတယ် ကွန်ပြူတာကို ...ဇင်လည်းစိတ်အရမ်းတိုလာတာနဲ့ မီးဖိုချောင်၂ခန်းရှိတယ် ...ပိုနေတဲ့ မီးဖိုချောင်တခန်းကို ဇင်ရဲ့ ကွန်ပြူတာကို သွင်းလိုက်..ဘယ်သူကိုမှ မ၀င်ခိုင်းတော့ ....
အခုမှဘဲ ကိုယ်ကွန်ပြူတာအခန်းနဲ့ကိုယ် ......
ဘယ်သူမှဝင်လို့မရအောင် တံခါးလည်းပိတ်ထားလို့ရတယ်.....ထားတဲ့ ပစ္စည်းနေရာကလည်းအများကြီး
သိပ်ကောင်းတဲ့ အခန်းလေး
အခုမှဘဲ စိတ်ချမ်းသာသွားတယ်



သိပ်တော်တဲ့ ဆရာဝန်


တော်တော်ဆိုးတဲ့ ငါရောဂါ
အသား(အမဲနဲ့ ကြက်သား) နဲ့ Seafood စားရင် အရေပြားယားတတ်တာ ငယ်ငယ်ကတည်းကပါ ...
ပျောက်ချင်လို့ မိသားစုဆရာဝန်ကိုပြောပါတယ်ဆိုနေ့မှ
သူပြောမှာဘဲ စိတ်ဓါတ်ပါကျတယ် ...
ပြောလိုက်တဲ့ ပုံက ..မစားပါနဲ့တဲ့ စားရင် ယားမှန်သိရင်ရှောင်တဲ့ ..
မရှောင်နိုင်လို့ ဆေးကုခွင့်တောင်းပါတယ်ဆိုနေမှာ လာရှောင်ခိုင်းနေတယ် .....
အော်အော် တော်တော်ကောင်းတဲ့ ဆရာဝန် ရှောင်ခိုင်းတဲ့ အစားကလဲ သိပ်သိပ်ကြိုက်တဲ့ အစားဖြစ်နေတယ် .....
မနေနိုင်ဘဲစားမိလို့ တခုဖြစ်ရင်emergency ခေါ်ပြီ ဆေးရုံကို သွားပြတဲ့ ..သူပြောမှာလား အဲဒါတော့သိတာပေါ့
တော်တော် ဦးနှောက်မရှိတဲ့ ဆရာဝန် ...

ယောကျာ်းလေး ပြောတဲ့ စကား၇ ခွန်း


ယောကျာ်းလေးနဲ.မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် ယောကျာ်းလေးတွေဟာ
မိန်းကလေးတွေရဲ.ခန်ဓာကိုယ်ကို ရရှိဖို.အတွက် အယုံသွင်းတဲ့ စကားတွေကို
နည်းမျိုးစုံနဲ. ပြောတတ်ကြတယ် အဲဒီစကားတွေကိုရှောင်နိုင်ရအော

င်လို.
ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ထဲကနေ
မိန်းကလေးများအတွက်ဝေမျှလိုက်ပါတယ်



(၁) မောင်ဘယ်လိုမှမနေနိုင်လို.ပါ
အဲလိုပြောလာမယ်ဆိုရင်ပြောစရာတစ်ခွန်းပဲရှိတယ် အဲလိုဆိုလည်း လဲသေလိုက် လို.

(၂) ဘာရယ်မဟုတ်ပါဘူး နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်စကားပြောချင်လို.
ဘာမှမဟုတ်ပါဘူး စိတ်ကွယ်ရာကိုခေါ်သွားမလို.ပါ ဘယ်တော့မှမလိုက်ပါနဲ.
မည်သည့်နေရာမဆို လွတ်လွတ်လပ်လပ်ပြောလို.ရပါတယ် ဒါလည်းလိမ်လည်မှုတစ်ခုပါပဲ

(၃) မင်းကို ကိုယ်တကယ်ချစ်တာပါ တကယ်လည်းတန်ဖိုးထားပါတယ်
တကယ်တော့လူတစ်ယောက်ကိုယ့်ကိုတကယ်ချစ်မချစ် တန်ဖိုးထားမထားဆိုတာ
သူ.ပါးစပ်ကထုတ်မပြောလည်း အသည်းနှလုံးနဲ.အလိုလိုသိနိုင်တာမျိုးပါ
အပြောကအရေးမကြီးပါဘူး အလုပ်ကသက်သေပြသွားမှာပါ

(၄) မောင့်ကိုတကယ်ချစ်တယ်ဆိုရင်အလိုလိုက်မှာပါနော်
ပတ်ချွဲနှပ်ချွဲ စကားကိုမယုံကြပါနဲ.
ကိုယ့်ကိုအပြစ်မကင်းသလိုခံစားရအောင်ပြောတဲ့စကားပါ
အဲဒီအချစ်ဆိုတာကြီးကိုခုတုံးလုပ်ပြီး ယောက်ျားတွေကအယုံသွင်းတာကို
သတိကြီးကြီးထားနိုင်မှ တန်ကာကျလိမ့်မယ်

(၅) တို.နှစ်ယောက်ရဲ.အချစ်ကပိုပြီးခိုင်မာလေးနက်လာမှာနော်
ဒါကကိုယ်ကစောင့်စည်းနေတဲ့အတွက်
မိမိတို.ကြားကချစ်ခြင်းမလေးနက်ဘူးလို.ထင်အောင်ဖျားယောင်းတာပါ

(၆) သူများတွေလည်း ဒီလိုပဲနေကြတာပဲဟာ
အဲလိုသူများတွေနဲ.ကိုင်ပေါက်လာပြီဆိုရင်
အဲလိုအလွယ်တကူခေါင်းငြိမ့်တတ်တဲ့သူများတွေဆီသွားလိုက်တော့
ငါနဲ.လာမပတ်သတ်နဲ.တော့လို.ရဲရဲပြောလိုက်ပါ

(၇) ဘယ်သူမှမသိစေရပါဘူး (ကိုယ်ဘယ်သူ.ကိုမှ မပြောပါဘူး ကိုယ့်ကိုယုံပါ)
အဲဒီအချိန်ကာလလေးတစ်ခုအတွက်တော့ဟုတ်လိမ့်မယ်
ချစ်စိတ်မွှန်နေတဲ့အချိန်မှာမှန်နိုင်ပေမယ့် အဲဒါတွေပြီးတဲ့နောက်မှာ သူတို.က
သူတို.အစွမ်းဘယ်လောက်ရှိလဲဆိုတာသူတို.ကြားထဲမှာပြောနေလိမ့်မယ်



အဓိကကတော့ အခုခေတ်မိန်းကလေးတွေကို ကိုယ့်ရဲ.အပျိုစင်ဘ၀ကိုတန်ဖိုးထားစေချင်တာပါ
အနောက်တိုင်းယဉ်ကျေးမှုတွေဖုံးလွှမ်းလာတဲ့နောက် မိန်းကလေးတွေဟာ
သိပ်ပြီးတော့မထူးဆန်းတဲ့ကိစလို.ထင်မှာအရမ်းစိုးရိမ်လို.ပါ
အခုဆိုလမ်းပေါ်မှာတောင် မြင်သူရှက်လောက်အောင်နေနေကြပြီဆိုရင် စိတ်ကွယ်ရာဆို
မတွေးဝံ့တော့လို.ပါ
အခုစာလေးက ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ကနေပြီး
နည်းနည်းချုံ.ပြီးပြန်ရေးတာပါ
ဖြစ်နိုင်မယ်ဆိုရင်ဒီစာအုပ်လေးကို
အရွယ်ရောက်ပြီးမိန်းကလေးတိုင်းဖတ်ရှုလိုက်နာသင့်ပါတယ်


တို.မြန်မာမလေးတွေကိုယ့်ရဲ.အပျိုစင်ဘ၀ကိုထိန်းသိမ်းနိုင်ကြပါစေ
ဘာလို.လဲဆိုတော့ မင်္ဂလာဦးညဆိုတာ
ကိုယ်တစ်သက်လုံးထိန်းသိမ်းလာတဲ့အပျိုစင်ဘ၀လေးကို ကိုယ့်ရဲ.သတို.သားကို
လက်ဆောင်ပေးတာပါ အဲဒီဘ၀လေးကိုတန်ဖိုးထားကြပါ ဒါလေးကအရမ်းအရေးကြီးတယ်

သူငယ်ချင်းပို့လာပေးပို့ ကြိုက်လို့တင်ထားတာ......
သိပ်ကိုမှန်တာ
ဇင်ကတော့ ဇင်ရဲ့ အပျိုစင်ဘ၀လေးကို ဇင်သိပ်ချစ်တဲ့သတို့သားလေးကိုဘဲပေးမှာ....

ကျမသိပ်ချစ်တဲ့ယုန်


ယုန်ကို သတိရတယ်...
ယုန် နေကောင်းရဲ့လား
သိပ်ချစ်ကြပါတယ်ဆို့တဲ့
ရိုမီယိုနဲ့ ဂျူးလီးယက်တို့တောင်
ဇင်ရဲ့အချစ်တွေ့ကိုမြင်သွားလိုရှိရင်
ထိုင်ငိုသွားကြလိမ့်မယ်...
ဇင်အဲလောက်ထိချစ်ခဲ့ဟာကို
ယုန်က ဥပက္ခာပြုရက်တယ်ဆိုတော့
ဇင် ယုန်ကိုအရှုးပေးပါတယ်........
.ဒါပေမဲ့ ...ဘာဖြစ်ဖြစ်..
.ဘယ်ဘဲရောက်ရောက်
ဇင် ယုန်ကိုသတိရနေတုန်းဘဲဆိုတာ
ယုန်သိထားပါ...
ယုန်အတွက်ဆိုရင်
ဇင်ရဲ့ရင်ခွင်ဟာ
အချိန်မရွေး
တံခါးမရှိ
ဓါးမရှိပါဘဲ.....

Monday, July 20, 2009

မစည်းဘူးတဲ့ ဆံပင်စည်းပုံလေး

အော်အမြဲတမ်းဇင်ဆံပင်ကို အဲလိုဘေးချပြီစည်းလေ့မရှိဘူး
အဲလိုစည်းတာ မစည်းတတ်တာရယ် ရှုပ်တာနဲ့စည်းပေးမဲ့သူမရှိတာနဲ့စည်းကိုမစည်းတာ... ပူရင် ဇင်ဆံပင်ကို ထုံးထားတယ် ဒါမှမဟုတ်ဆံပင်ကို ချထားတယ် ...ဆံပင်ကိုအဲလိုစည်းတာမမြင်ဘူးတဲ့သူငယ်ချင်းက
ဇင်ကို ဆွဲပြီနင်ခေါင်းရဲ့ဆံပင်ကို ငါကြည့်လိုမရတော့ဘူး လာခဲ့ ငါစည်းပေးမယ်ဆို ပြီ ဇင်ခေါင်းကို သူခေါင်းကြနေတာဘဲ အပီစည်းပေးနေတာ.....နောက်ပြီသွားတဲ့အခါ သူစည်းပေးတဲ့ ဆံပင်ပုံဆံလေးကလှနေတာဘဲ ...ဟဲဟဲလှလွန်းးလို့ပျက်ရမှာနှမြောမိတယ်... အမှတ်တရအဖြင့်ဓါတ်ပုံရိုက်ပြီသိမ်းထားတယ် လှတယ်နော် စည်းပေးထားတာ.....သူငယ်ချင်းတွေက မမြင်ဘူးတော့ ဟယ်လှလိုက်တာ ဟယ်လှလိုက်တာနဲ့ နားကို ညီးသွားတာဘဲ.......



ကိုယ်ငါးချဉ်ကိုချဉ်မှရောင်းကောင်းမှာလေး ....

Sunday, July 19, 2009

ကျမရဲအချစ်ဆုံးအဖိုးအကြောင်း


ကျမ ကိုမွေးတာ မွန်ပြည်နယ် သံဖြူဇရပ်က ဆေးရုံကြီးမှာပေါ့....ကျမ ၅နှစ်အထိ မြန်မာစကားမပြောတတ်ဘူး ...မွန်ဘာသာတစ်မျိုးဘဲပြောတယ် ...အသက်၅နှစ်ရောက်တော့ ကျမအဖေက အမေကို လာခေါ်တယ် ...ကျမအဖေက ကျမနဲ့ တူတူမနေရဘူး အဖေက စင်ကာပူမှာ သဘောင်္လိုက်ပြီ အဲမှာဘဲနေလိုက်တယ် ..အဲမှာ နေပြီ မိသားစု စားဖို့ ပိုက်ဆံတွေပို့ပေးခဲ့တယ် ....ကျမ ကိုမွေးတာတောင် အဖေ ကအမေဘေးမှာမရှိခဲ့ဘူး ......ကျမက အဖိုးအတွက်တော့ မြေးဦးလေးပေါ့ ....ကျမအမေ..အဖိုးအဘွား အဒေါ် ဦးလေးနဲ့ နေခဲ့ တယ် မွန်ပြည်နယ်မှာ ပေါ့ .အမေက အဖေနောက်ကို လိုက်သွားတဲ့ အချိန်မှာ...နောက် ကျမအဒေါ်ကြီးက သူ က ရန်ကုန်မှာ နေတော့ ကျမတို့ကို သူနဲ့နေဖို့ခေါ်တယ် ...ကျမအဖိုးကမလွတ်ချင်ဘူး ကျမအဖိုးက ကျမကိုအရမ်းချစ်တာ...အိမ်မှာဆို ကျမက ဗိုလ်ဘဲ ဘာမုန့်ဘဲဝယ်လာ ကျမအရင်စားပြီမှ အိမ်က လူတွေစားရတယ် ..ကျမကအရမ်းဆိုးတာ.....ကျမအမေက ကျမကို ရိုက်မယ်လို့အသံကြားရုံနဲ့ ကျမ အဖိုးဆီ ပြေးတာဘဲ ....ကျမကို ဘယ်သူမှ မရိုက်ရဲဘူး .....ကျမအဖိုးက ကျမကို ရိုက်ရင်မကြိုက်ဘူးလေး ...အဖိုးကို ကြောက်တော့ ဘယ်သူမှ မအော်ရဲ မရိုက်ရဲဘူးပေါ့....ညနေရောက်ရင် အဖိုးနဲ့ ဘုန်းကြီးကျောင်းကိုသွားပြီ မုန့်သွားစားပြီ ..ဟီဟီ ..အဖိုးဟိုတုန်းက ရွာမျက်နှာဖုံးလေး သူကို လူတွေက အားလုံးခင် အားလုံးချစ်ကြတယ်...သူဘယ်သွားသွားမသိတဲ့သူမရှိသလောက်ဘဲ ....ဇင်အဖိုးစီးပွားကျတော့ အဖေက နိုင်ငံခြားကနေ ပိုက်ဆံပို့ပေးပြီ စီးပွားရေးလုပ်ခဲ့တယ်...ဇင်တို့အိမ်မှာ ဆိုက်ကားထောင်တယ်လေး..ဆိုက်ကားအငုားလုပ်တယ်....ကျမအဖိုးက သူသွားတဲ့နောက်ကို ဇင်နဲ့ ဇင်ဦးလေးငယ်က အမြဲလိုက်ရတယ်...အဖိုးက ဆိုက်ကားနင်းတယ်လို့တာ ပြောတာ တခေါက်နှစ်ခေါက်လောက်နင်းပြီ သူလက်ဖက်ရည်ဖိုးရရင် မနင်းတော့ဘူး ...ဆိုက်ကားထောင်တားတာလဲ အဖိုး အတွက်ဘဲ အမေက လုပ်ပေးခဲ့ တာလေး .....ဇင်အမေက အဖိုးကို အရမ်းချစ်တာ .....ကျမအဖိုးးကလည်းကျမကိုအရမ်းချစ်တာ. ..အမေကမောင်နှမထဲ အိမ်ထောင်အရင်ကျတာ.....အဲတာမို့ပေါ့ ဇင် က မြေးဦးဖြစ်တာ ....ဇင်အဖိုးစီးပွားရေးအဆင်မပြေတဲ့ အခါ အဖေက အမေ မောင်နှမ ကျောင်းတက်ဖို့ ထောက်ပံ့ပေးခဲ့တယ်...အဖေ နိုင်ငံခြားမှာ ပိုက်ဆံရှာနိုင်လို့ နေလို့ တော်သေးတာပေါ့ .....ဇင်အမေ က ဇင် ငယ်ငယ်တုန်းကဆို လိုချင်အားလုံးဝယ်ပေးဆောင်ရွက်ပေးခဲ့တယ်...... ဇင်အတွက် အဖေက မွေးနေ့ရောက်တိုင် နိုင်ငံခြားကနေ အရုပ်တွေ အကျီ်တွေ ပို့ပေးခဲ့တယ်....နှစ်တိုင်းလဲမွေးနေ့ လုပ်ရတယ်...ဇင်အတွက် ဘာအပူမှမရှိခဲ့ဘူး ....ဇင်အတွက် ဆို အမေက ဘယ်သူမှမ၀ယ်ရသေးတဲ့ အကျီင်္တွေ အရုပ်တွေကို ဇင်က အရင် ကစားခဲ့တယ်..၀တ်ခဲ့ရတယ်....အိမ်မှာ တီဗီလာကြည့်တဲ့သူတွေကို စိတ်အခန့်မတင့် မောင်းထုတ်တယ်.....တီဗီရှိတဲ့ အိမ်က အရမ်းရှားတယ်လေ.....အဲလို့မျိုးအရမ်းဆိုးခဲ့တာ....သံဖြူဇရပ်မှာ ဆို အဖိုးရဲ့ မြေး ကျမ ကို မသိတဲ့ မရှိဘူး လေး .........ကျမ၅နှစ်မြောက်မွေးနေ့မှာ ကျမအဖေပြန်လာတယ်.....အိမ်မှာ လည်း ရန်ကုန်က ဘွားလေးတွေလာလည်တယ်လေး....အဖေက အိမ်ကို မမှတ်မိလို့ လိုက်ရှာတဲ့ အချိန်မှာဇင် က ဇင်အဖေကို မမှတ်မိဘူးလေ...ဇင် က ဇင်မေမေကို ဟိုလူတယောက် ဘာလိုက်ရှာနေလဲ မသိလို့ မေမေကို မေးတယ်....မေမေ ပြေးပြီ အဖေကို ပြေးဖက်တာပေါ့ .ဟီဟီ...နောက်အိမ်မှာ လူဆုံတော့ ပျော်ကြတာပေါ့....အဖေကပြန်လာမယ်လို့ မှ အသိမပေးခဲ့တာကို ....၁လလောက်အိမ်မှာအဖေနေခဲ့တယ်။။။။။အဲ... အိမ်မှာ လူများတော့ ကျမက အတော်ကို ဆိုးတာ...ဇင် က အဖေနဲ့ အတူမနေဘူး တော့ အဖေလို့တောင် မခေါ်ဘူး...ဟိုလူကြီးလို့ဘဲခေါ်တယ်...သွေးအေးနေသလိုဖြစ်နေတာပေါ့နော်....ဒါပေ့မယ် အဖေက သွေးနီးအောင် ဟိုသွားလည်းခေါ်သွား လိုချင်တယ်ဝယ်ပေး ...ဇင် က အဲချိန်မှာ မသိတော့ အဖေလိုတောင်မမှတ်ထားဘူး ...ဒီလိုနဲ့ ၁လပြည့်တော့ အမေကို ခေါ်သွားတယ် နိုငံခြားကို....အဲဒီနေ့ကစပြီ ..ကျမအတွက် ကံမကောင်းချင်များစွာကို တွေ့ရတော့တာဘဲ .....ဇင်ကို ဇင်အဒေါ်ကြီး က လာခေါ်ပြီ ရန်ကုန်မှာနေဖို့...အဖိုးကလုံးဝမလွတ်သလို အဖိုးလည်းရန်ကုန်ကိုလုံးဝမသွားဘူး ...အဲလောက်ထိဇင်အဖိုးခေါင်းမာတာ...နောက်ဆုံးဇင်က မသွားမဖြစ်သွားရမယ်ဆို့တော့ အဖိုးကမလွတ်ချင်လွတ်ချင်နဲ့လိုက်လာရတယ်...အမေရှိတုန်းကဆို ရန်ကုန်က မကြာခဏ ရောက်ဖူးတယ်ဆိုတော့ ဇင်အတွက်မစိမ်းတော့ဘူးလေ....ဇင်လည်းအမေ..အဖိုးတွေက ကိုယ်ဘေးမှာ ရှိမနေဘူးဆိုတဲ့အသိနဲ့ သိပ်ပြီမဆိုးရဲတော့ဘူး .....အဲတုန်းကဆို ဇင်အဖိုးကို အရမ်းသတိရတာ...ကျောင်းပိတ်တိုင်းအဖိုးဆီကို ပြန်တာဘဲ ...ကျောင်းဖွင့်မှာ ရန်ကုန်ကို ပြန်တယ်...ဇင်အဖိုးက အမြဲတမ်းပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် အဲတာက ...မြေးလေးကြီးလာရင် အဖိုးကို ပြန်ပြုစုမှာလားးး အဖိုးအိုရင် ထမင်းကျွေးမလားးးအဖိုးရဲ့အကျီင်္ကိုလျှော်ပေးမှာလားးး အမြဲတမ်းပြောလေ့ရှိတယ်..ဇင်ကလည်း အဖိုးကို ပစ်မသွားပါဘူး ကြီးလာရင်အဖိုးကိုဘဲပြုစုမှာလို့အမြဲတမ်းမေးရင် အမြဲတမ်းအဲလိုဘဲဖြေတယ်....ဇင်အဖိုးက ကံမကောင်းပါဘူး သူသားသမီးတွေကသူ စားဖို့အတွက် ပိုက်ဆံတွေပို့ပေးလည်း အဖိုးက အလုပ်မရှိရင်မနေတတ်ဘူးလေ.....တနေ့တော့မနက်အစောကြီး အဖိုးက ဆိုက်ကားကို နင်းပြီ လက်ဖက်ရည်သွားသောက်ပြီအပြန်မှာ မနက်ဆို့တော့ အရမ်းအေးတယ်လေ...ဦးနှောက်သွေးကြောပျက်ပြီဆုံးသွားတယ်....အိမ်မှာဆို ဦးလေးတစ်ယောက်ဘဲရှိတယ်ကျန်တဲ့သူတွေက အားလုံးရန်ကုန်မှာဘဲနေကြတော့တယ်လေ.....ဦးလေးက အဖိုးကို ဆေးရုံကို ခေါ်သွားပြီ ဦးလေးရဲ့ လက်ပေါ်မှာဆုံးသွားတယ်....အဖိုးမဆုံးခင် ဇင်ကိုတွေချင်တယ်လို့လည်းပြောသွားတယ်..အဖိုးဆုံးတဲ့နေ့က ဇင်မွေးနေ့ပေါ့ ဇင်က ဒီဇင်ဘာ ၂၅ ရက်နေ့မှာမွေးတာလေး...အဖိုးလည်းအဲနေ့မှာဆုံးသွားတယ်....ဇင်တို့ရှိရင်အဖိုးဆုံးမှာမဟုတ်ဘူး..ဇင်တို့မရှိလို့ အဖိုးဆုံးတယ် ဇင်အခုထိယူဆတယ်.......နောက်တနေ့ဇင်တို့ အိမ်ကို ပြန်ရောက်ခဲ့တယ်..အိမ်ရှေ့မှာ သစ်တာလေးမှာ အဖိုးကအိပ်နေတယ်...အဲတုန်းက ဇင်အသက် ၇နှစ်ရှိပြီ ဇင်ထင်တာအဖိုးအိပ်တယ်ပေါ့ ဇင်အဒေါ်တွေအဘွားလေးတွေက ငိုတဲ့သူတွေကငို ..အလုပ်လုပ်တဲ့ သူတွေကလုပ်နေတာပေါ့...ဇင်အဒေါ်က အထုတ်ကို ချတာ နဲ့ အဖိုးအိပ်နေတဲ့ နေရာကို ပြေးပြီ ..အဖေ အဖေနဲ့ ကို ခေါ်နေကြတယ်..ဇင်ကနောက်မှာရပ်ပြီ အကြာကြီးကြည့်နေမိတယ် ငိုလည်းမငိုဘူး ဇင်ဦးလေးငယ်ဆို အရမ်းငိုတာ သူက အဖိုးကို အရမ်းချစ်တယ်လေး သူက အဖိုးရဲ့သားအငယ်ဆုံးလေး အသက်ကြီးမှာ သူကို ရတာကို .....သူက ဇင်ထက် ၂နှစ်ဘဲကြီးတယ်....ဇင်က ဘာမှကို မသိတာ ဆုံးတာကိုတောင်မသိဘူး မိုးချုပ်တော့ ခေါင်းအုံးလေးယူပြီဇင်အဖိုးရဲ့ ဘေးမှာသွားအိပ်တယ်...လူတွေကပြောတယ် နင်မကြောက်ဘူးလားတဲ့ ...ဇင်က ပြန်ပြောတယ် ဘာလို့ ကြောက်ရမလဲလို့ ဇင်အဖိုးရဲ့ဘေးမှာ အိပ်တာဘဲ့လို ပြန်ပြောတယ်အဖိုးရဲ့ ဘေးမှာ အိပ်တုန်းကဆို အဖိုးရှိသလိုဘဲ ခံစားရတယ်...လူတွေက ဖဲချတဲ့သူတွေရဲ့ အသံတွေက ဆူနေတဲ့အသံကြောင့် ဇင်ညတစ်ခေါင်နိုးတဲ့အခါအဖိုးက လှေကားရင်းမှာထိုင်နေတာကို တွေ့တယ်အဖိုးကအကျီင်္အဖြူရောင်နဲ့ပုဆိုးဝတ်ထားတာကိုဇင်တွေ့တယ် အဖိုးထိုင်တဲ့နားကို ပြေးပြီ သွားထိုင်တယ် အဲဒါကို ဖဲကစားတဲ့သူတွေက ဇင်ကို ယောင်နေတယ်တဲ့ ဆွဲခေါ်ကြတယ်..အဖိုးလို့ခေါ်ပြီဒီမှာလုပ်အုန်း ဇင်ကို ဆွဲနေပြီလို့ ပြောတာကို လူတွေက နင်ဘာတွေပြောနေတာလဲ့ ထစမ်းပါးတွေကို လက်နဲ့တို့ပြီ ..ဇင်ကလဲနိုးနေတယ်လို့ ပြန်အော်ပြောတာဘဲ ..နောက်ခဏနေ လူကြီးတစ်ယောက်ကအဖိုးက ပြောလိုက်တယ် ကလေးကဘာမှမသိသေးဘူးသူကိုယ်သူနေပါစေ ကလေးကိုဘာမှမလုပ်ပါနဲ့ဆိုပြီ ပြောအပြီမှာ အဖိုးကထထွက်သွားတယ် ဇင်ကို လည်းပြုံးပြသွားတယ် ဇင်ကလည်း အဖိုးဇင်ကို စောင့်လေးဇင်လည်းလိုက်မယ် အတင်းငိုပြီပြောတာဘဲ ....အဲမှာ အဒေါ်ကဇင်ကို လာချီပြီအိပ်ဖို့သိပ်တယ်အဲလိုဇင်ကမြင်တော့ အဘွားတို့ အဒေါ်ငယ်တို့က ငိုကြတယ်....ဇင်လဲငိုတယ်အဖိုးက ဇင်ကိုမခေါ်သွားဖူးဆိုပြီ.အဖိုးကိုတယောက်တည်းကြိတ်ပြီဆိုးနေတာ..မိုးလင်းတော့ဇင်ပြောတယ် ညကအဖိုးဘာလိုဇင်ကိုမခေါ်ဘဲထထွက်သွားတာလဲလို့အဒေါ်ကိုမေးတော့အဒေါ်က အဖိုးကနတ်ပြည်မှာအလုပ်ရှိတယ် ..နတ်မင်းကခေါ်လို့ပြန်သွားတာတဲ့....အဲလိုနဲ့ ၇ရက်ပြီတဲ့နေ့မှာ အိမ်က အဒေါ် ဦးလေး အဘွားလေးတွေက အားလုံးကားနဲ့ ဘယ်ကို သွားလည်းမသိဘူး နောက်ဆုံးကားက အဖိုးရဲ့ အိပ်နေတဲ့ သစ်တာ လေးကို မ ပြီ ကားပေါ်တင်ကြတယ် ..ဇင်ကမေးတယ် ဘာကို သယ်သွားမှာလဲလို့မေးတော့ အဲလူကြီး က မြေကြီးထဲကို ထည့်မလို့တဲ့ ...အဲဒီအချိန်မှာ ဇင်လည်းအဖိုးကိုမထည့်ရဘူးလို့ အော်ငိုပြီအဖိုးအိပ်နေတဲ့ သစ်တာလေးကို ပြေးဖက်ပြီ မပေးဘူး မပေးဘူး လို့ အော်ငိုတယ်..နောက်.. လူတွေဇင်ကို ကြည့် ပြီမရတော့ဘူး ထည့်ရတော့မယ်လို့ဘဲပြောနေကြတယ်...ဇင်ကို ဇင်အဗွား(အဘွားရဲ့အမေ) ဆွဲပြီချီထားတော့တယ်...ဇင်ကလည်းမရမက အော်ငိုခဲ့တယ်...အဲဒီအချိန်မှာ အဖိုးဆုံးတယ်ဆို ဇင်သိခဲ့တယ်...အဖိုးကိုတင်သွားတဲ့ကားကမောင်းထွက်သွားတော့....ဇင်က အိမ်ကနေ ဇင်အဖိုးကို မခေါ်သွားနဲ့ လို အော်ငိုပြောတာဘဲ ....လူတွေက ဇင်ကို ကြည့်ပြီနင်အဖိုးက ကောင်းကင်ကြီးဆီကိုသွားပြီလို့ပြောခဲ့တယ်...ဇင်လည်းအငိုများသွားတော့ ဇင်အဗွားလက်ပေါ်မှာဘဲအိပ်ပျော်သွားတယ်....


နောက်မှဆက်ရန်.....ဒါကိုရေးနေရင်အဖိုးကိုသတိရပြီငိုခဲ့ရတယ်...

မယုံတာတော့ အမှန်ဘဲ .....

Saturday, July 18, 2009

ကျမ ကြုံ ဖူးတဲ့ သေခြင်းတရား



လူတိုင်းသေတာကြောက်ကြသလို ....
တချို့ကလည်းသေတာကို မကြောက်ကြဘူး ....
သေမဲ့နေ့ကို မသိဘဲ သေတဲ့သူတွေရှိသလို
သေမဲ့အချိန်ကိုသိပြီ မသေအောင်လုပ်ခိုင်းတဲ့ သူတွေရှိတယ်....
တချို့ကလည်း သေမဲ့နေ့ကို စောင့်နေရတယ်.......


အဖြစ်အပျက်လေးပေါနော် ကြုံဖူးတာကိုပြောပြတာပါ
ကျမ ဆေးရုံမှာ အလုပ်လုပ်တော့ ... အဲလူကြီးက သေရတော့မယ် လူကြီးဆိုတာလဲ အဖိုးအရွယ်ပေါ့...အဲအဖိုးက သေမဲ့ အချိန်ကို သိတယ်..သူအိပ်တာနဲ့သေပြီ ...ဆိုတာကိုသိတော့ ..သူသေရမှာ ကို အရမ်းကြောက်တယ်...သူအနားမှာ ရှိတဲ့ လူအားလုံးကို သူနဲ့ စကားပြောခိုင်းတယ် ..သူလုံးဝကို မအိပ်အောင်နေတယ် .... သူနဲ့ စကားပြောပါ..ကစားပေးပါ..အကူအညီ အော်ပြီတောင်းနေတာပေါ့ ...သူအိပ်ခြင်းတာကို မရမက ကုန်းပြီပြန်ထပြီ ထိုင်ပြီ အကူအညီအော်တောင်းတော့တာဘဲ......ဆရာဝန်တွေကလည်းလက်လွတ်လိုက်ပြီ လုံးဝမရတော့ဘူး.....အဲအဖိုးကလဲ မရဘူး သေမှာကို အတော်ကိုကြောက်နေတာ .... နောက်တော့ အဖိုးက အားမှသိပ်မရှိတော့ .....မအိပ်တာလဲ့၁ရက်ရှိပြီဆိုတော့.... ခဏလေးအိပ်မိတာနဲ့ အသက်ထွက်တော့တာပေါ့
ဒါကလဲ သေရမှာကို အရမ်းကြောက်ပေမဲ့ ဘယ်လိုဘဲလုပ်လုပ် သေသွားရတာဘဲ

နောက်တစ်ခု ...
ကျမတို့ရဲ့ အသိပေါ့ ...သူယောကျာင်္းနဲ့ အကြီးအကျယ်စကားများပြီ သူကလေးနဲ့ အဲအမက အိမ်ကနေကားမောင်းပြီ သူရဲ့သူငယ်ချင်းတခြားstate ရဲ့ဟိုင်းဝေးလမ်းမကြီးမှာ ကားမှောက်ပြီ ဆုံးသွားတာပေါ့...
ဒါကလဲ သေမဲ့နေ့ကို ကြိုပြီမသိဘဲ သေရတာ.....

ဒါလဲ အဖြစ်အပျက်တခုဘဲ
ကျမသူငယ်ချင်းပေါ့ ...
သူကို မနက်က တွေနေသေးတယ်...သူကအပျော်ထင်းသွားခုတ်မယ်ဆိုပြီ သူ့သူငယ်ချင်းနဲ့အိမ်ကထွက်သွားပြီ ...သစ်ပင်တပင်ရဲ့ အောက်ရောက်ရော သစ်ကိုင်းကသူခေါင်းပေါ်ကိုပြုတ်ကျပြီ တခါတည်းပွဲပြီးချင်းအဲမှာ ဘဲ ဆုံးသွားတယ် .......ခဏတာအတွင်းမှ ဖြစ်ပျက်သွားတဲ့သေခြင်းတရား......

သေခြင်းတရားကို ဘယ်လို့မှပြေးမလွတ်ပါဘူး သေမဲ့နေ့ကိုရောက်ရင် သေရတာဘဲ ...ဘယ်လို့မှ ရှောင်ပုန်းလို့မရဘူး ....
ဒါတွေက တကယ်အဖြစ်အပျက်တွေဘဲ.... အများကြီးရှိပါသေးတယ် ..နောက်မှာ ထက်ဆက်တာပေါ့နော်....

မိန်းမ






မိန်းမဟာ ကမ္ဘာကြီးနဲ့တူတယ်


၂၀ အရွယ်မှာ သူမဟာ အာဖရိကတိုက်နဲ့ တူတယ်
တစ်ပိုင်းတစ်စသာ စူးစမ်းရှာဖွေရသေးတယ်။

၃၀ အရွယ်မှာ သူမဟာ အိန္ဒိယနဲ့ တူတယ်။
ပူနွေးတယ်၊ ရင့်ကျက်တယ်၊ အသိရခက်တယ်။

၄၀ အရွယ်မှာ သူမဟာ အမေရိကနဲ့ တူတယ်
အတတ်ပညာမှာ ပြည့်ဝတယ်။

၅၀ အရွယ်မှာ သူမဟာ ဥရောပတိုက်နဲ့ တူတယ်
အားလုံး ပျက်စီးယိုယွင်းနေတယ်။

၆၀ အရွယ်မှာတော့ သူမဟာ ဆိုက်ဘေးရီးယားနဲ့တူတယ်
ဘယ်နေရာမှာရှိမှန်း လူတိုင်းသိကြတယ်။
ဒါပေမယ့် ဘယ်သူမှ မသွားချင်ကြဘူး။



သူငယ်ချင်းတယောက် မေးလ်နဲ့ပို့ပေးတာကို ပြန်ရှယ်ပေးတာပါ.။။။။။။

ယောက်ျား



ယောက်ျားဟာ မီးရထားနဲ့တူတယ်


၂၀ အရွယ်မှာ သူဟာ လော်ကယ်ရထားနဲ့တူတယ်
ဘူတာစဉ်တိုင်းမှာ ရပ်နားတယ်။

၃၀ အရွယ်မှာ သူဟာ အထူးရထားနဲ့တူတယ်
မြို့ကြီးတွေမှာသာ ရပ်နားတယ်။

၄၀ အရွယ်မှာ သူဟာ အမြန်ရထားနဲ့တူတယ်
မြို့တော်ကြီးတွေမှာသာ ရပ်နားတယ်။

၅၀ အရွယ်မှာ သူဟာ စက်ခေါင်းအိုကြီးနဲ့ တူတယ်
ခဏ ခဏ ရပ်ပြီး ရေထည့်ရတယ်။

၆၀ အရွယ်မှာတော့ သူ ဘယ်မှ မထွက်တော့ဘူး
မီးရထားဝင်းထဲမှာသာ နေတော့တယ်။


သူငယ်ချင်းတယောက် မေးလ်နဲ့ပို့ပေးတာကို ပြန်ရှယ်ပေးတာပါ။။။။

ရိုးရိုးလေးပါ…




တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့
အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို
အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။
တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို
မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက
“ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက
ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊
ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က
“ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ
သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။
တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။
အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့
အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို
တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ
ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။
ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ
ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ
ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့
ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ မရဘူး” လို့ မေးတော့
“ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။
ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊
ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊
ချစ်ခင်တတ်ဖို့ပဲ လိုတယ်။


သူငယ်ချင်းတစ်ယောက် ပို့ပေးခဲ့တဲ့ ဒီစာကို ကြိုက်လို့ တင်ထားတာပါ ....

Friday, July 17, 2009

နင်ကြောင့်


ငါရဲ့အသည်းကို
နင် ရက်ရက်စက်စက်စိမ်းစိမ်းကားကားကြီးကို
ခွဲပြီခါမှ....
ဘာလို့ အခုမှ
ကိုယ်မှားပါတယ်လို့
လာပြီ တောင်းပန်နေရတာလဲ...
ငါအသည်းက နုနုလေးပါ ....
ဝမ်းနည်းတတ်သလို့ ငိုတတ်ပါတယ်....
နင်ရဲ့ လုပ်ဆောင်မှုကြောင့်
ငါဘယ်လိုမှ ခွင့်မလွတ်နိုင်သလို
ငါဆီကို ပြန်မလားပါနဲ့ လို့
ငါ ပြောချင်တယ်။။။။
နင်ကြောင့် ငါငိုခဲ့ မျက်ရည်တွေကို
နင်ဘာနဲ့ ပေးဆပ်မလဲ.....

အော်


ဘယ်သွားသွား စိတ်မချလောက်အောင်
အသက်က မငယ်တော့ပါဘူး
ဇင်ဟာ အသက် ၁၈ ပြည့်ပါပြီ
တခါတလေသူငယ်ချင်းနဲ့ လျှောက်လဲတာကို မတားကြပါနဲ့....
သီချင်းကြိုက်လို့ တနေကုန်နားထောင်တာကို လဲ မတားကြပါနဲ့ ....
လျှောက်လဲ လို့ အချိန်ကြာရင် ဖုန်းခဏခဏ မခေါ်ပါနဲ့....
ဇင်မကြိုက်တဲ့လူနဲ့ မပေါင်းခိုင်းပါနဲ့
ဇင်သူငယ်ချင်းက လွဲပြီ ဘယ်သူနဲ့ မှ ပေါးင်လို့မရလို့ ပါ
ဇင် ကိုယ်ကို့ ထိန်းနိုင်တဲ့ အရွယ်ကို ရောက်နေပါပြီ ....
ကျေးဇူးပြုပြီ မစိုးရိမ်ကြပါနဲ့ရှင်.....

မောတယ်

ဒင်းလေးတွေကြောင့် ငါဘယ်မှမသွားရဘူး ဟွန်း
စိတ်ဆိုးတယ် ရောက်ပါတော့ စနေနေ့ရယ်
မျှော်ရတာ မောလားပြီ စနေနေ့ရယ် ....

ချစ်သူ သိစေချင်


ချစ်သူ
နင်ကို သတိရရင်
ငါမရေးတတ်တဲ့ကဗျာတွေကို ..
ငါရေးချင်မိတယ်.....

ချစ်သူ
နင်ကို ငါလွမ်းရင်
ငါမနားထောင်ဖူးတဲ့ အလွမ်းသီချင်းတွေကို ....
ငါနားထောင်ချင်ခဲ့တယ်....

ချစ်သူ
နင်ကြောင့် ငါပျော်ရွင်ခဲ့ရင်
ငါမခေါ်ဖူးတဲ့ နင်ဖုန်းနံပါတ်ကို....
ငါခေါ်ခဲ့တယ်.....

ချစ်သူ
နင် ငါကို ခေါ်ရင်
ယောကျာင်္းလေးတစ်ယောက်တည်းနဲ့အတူ မလျှောက်သွားဖူးတဲ့ နေရာကို...
ငါသွားရဲခဲ့တယ်.....

ချစ်သူ
နင်ကြောင့် ငါဟာ အရာရာတိုင်းကို ...
ငါစွန့်လွတ်ရဲခဲ့တယ်.....

ဒါဟာ နင်ကို ...
ငါကိုယ်တိုင်က ချစ်မိသွားပြီဆိုတာ
သိစေချင်တယ် ချစ်သူရယ်.....



Wednesday, July 15, 2009

ချစ်တယ်ကွာ

[ Click Me ]

တကယ်ပါ
မင်းကို သတိရတယ်
တကယ်ပါ
မင်းကို လွမ်းတယ်
တကယ်ပါ
မင်းကို တွေ့ချင်တယ်
တကယ်ပါ
မင်းနဲ့ ဖုန်းပြောချင်တယ်
တကယ်ပါ
မင်းနဲ့ အတူပျော်ချင်တယ်
တကယ်ပါ
မင်းနဲ့ အတူနေချင်တယ်
တကယ်ပါ
မင်းနဲ့ လျှောက်လဲချင်တယ်
တကယ်ပါ
မင်းကိုချစ်တယ်
ချစ်တယ်
ချစ်တယ်
ချစ်သူရယ်......

ကြယ်ကလေးရယ်

[ Click Me ]


နင်သာ ကြယ်ဖြစ်မယ်ဆိုရင်

ငါဘာမှ မလိုချင်တော့ပါဘူး..

ငါကောင်းကင်ကြီးဘဲ လုပ်ချင်တယ်...

ဘာဖြစ်လို့လဲ ဆိုတော့

နင့်ကို ငါ့ရင်ထဲမှာ

အမြဲ ရှိစေချင်လို့ပါ ချစ်သူ.....

လိပ်ပြာ

[ Click Me ][ Click Me ]





လိုက်ရင်ပြေးနေတဲ့

လိပ်ပြာလေးကို

ငါမလိုက်တော့ပါဘူး .....

လိပ်ပြာလေးရယ်....

နားချင်ရင်

ငါရင်ခွင်ကို

ပြန်လာနားပါ....

Tuesday, July 14, 2009

ရှူးသွပ်ခြင်း

[ กดเบาๆนะจ๊ะ ][ Click Me ]







မခေါ်မှန်းသိပေမယ့်

TELEPHONE သံလေးကိုစောင့်မျှော်နေမိတယ်

မပို့မှန်းသိပေမယ့်

E-MAIL BOX လေးကို မှန်မှန်CHECK ရင်း

ချစ်သူရင်ထဲကစကားတွေကို မှန်းဆကြားယောင်နေမိတယ်

အထီးကျန်တဲ့ရက်တွေကိုကျော်ဖြတ်သန်းနေရတဲ့အချိန်မှာ

ဖြတ်ခနဲ့အရိပ်တွေ့လိုက်တိုင်းကိုယ်ရဲ့ချစ်သူလေးများလားလို့

ပြေးပြေးပြီးကြည့်ရတာကိုယ်မှာအမောပါပဲ....

မင်းကိုလွမ်းတဲ့အချိန်မှာ

ကိုယ်နှလုံးသားရဲ့အလွမ်းဒဏ်ရာတွေကို

ဘယ်အရာတွေကမှမဖြည့်ဆည်းပေးနိုင်ပါလားကွယ်....ချစ်သူရယ် .....

ကောင်လေး




ကောင်လေး
နင်ထင်သလို့ ငါက မလှတဲ့ ကောင်မလေးဖြစ်နေမဲ့
နင်ပျော်အောင် ငါစွမ်းဆောင်နိုင်ခဲ့တယ်နော် .....

ကောင်လေး
နင်ထင်သလို့ ငါက မချောပေမဲ့
လူတိုင်းချစ်တဲ့ အပြုံးကို ငါပိုင်ထားပါတယ် ....

ကောင်လေး
ငါဟာဝပေမဲ့ ငါနဲ့အတူတွဲသွားတဲ့ နေရာတိုင်းမှာ
နင်မျက်နှာငယ်ဖူးလို့လား.....

ကောင်လေး
နင်လိုချင်တဲ့ အရာတွေကို
ငါမပေးဆောင်နိုင်တာရှိခဲ့ဘူးလို့လား..

ကောင်လေး
ငါဟာ နင်အတွက် အရာရာတိုင်းပြည့်စုံတယ်ဆိုတာ
နင်သိရဲ့တာနဲ့ ဘာလို့ငါကို ထားခဲ့တာလဲ....

ငါ့အချစ်နဲ့  မင်း မတန်ဘူး

[ Click Me ]



ကောင်လေး.. မင်း ငါ့ကို ယုံကြည်မှု မရှိဘူးဆိုတာ သိကတည်းက
မင်းကို အရမ်းစိတ်ပျက်ခဲ့တယ်
မင်းဟာ ငါ့အချစ်နဲ့  မတန်လို့ ဘဲ
မင်းကို ငါ့က အသက်နဲ့  ထပ်တူ ချစ်ခဲ့ပေမယ့်
မင်းက ငါ့ကိုတော့ အရုပ်တစ်ရုပ်လို သတ်မှတ်ခဲ့လေခြင်း
မင်းဟာ ငါ့အချစ်နဲ့  မတန်ဘူးလို့ ပဲ ပြောပါရစေ
ငါ့ကို ခံစားရအောင် လုပ်ခဲ့တဲ့ နင့်ကို ငါအပြစ်မမြင်တော့ပါဘူး
ဒါပေမယ့် ငါတို့ ရဲ့  ဇာတ်လမ်းကို ငါအဆုံးသတ်လိုက်ပါပြီ
မင်းငါ့ ကို နာကျင်အောင်လုပ်ခဲ့ပြီး
ငါမင်းကို စွန့်  လွတ်နိုင်တဲ့ အချိန်မှာ မှ
မင်း ငါ့ကို
" မင်းငါ့ကို တကယ်ချစ်ခဲ့တာ မဟုတ်ပါဘူး ၊ အပျော်သဘောနဲ့  တွဲခဲ့တာ ပါလို့ "
မစွတ်စွဲ ပါနဲ့ ၊ အဲဒါက မတရားပါဘူး။
ဒါပေမယ့် မင်းဘက်က ငါ့ကို ဘယ်လိုပဲ ပြောပြော ငါ မှန်ရာပဲ ငါလုပ်နေမယ်
ငါ့ကိုယ်ငါ သိတာပေါ့
ငါ ကောင်လေးကို အရင် က အရမ်းသတိရခဲ့တယ် ဆိုတာ
.....................
အခုတော့ ငါ အဲဒီ ဇာတ်လမ်းကို လုံးဝ မြေမြုပ်လိုက်ပါပြီ
ဘိုင်ဘိုင်
ငါ့ရဲ့ ဘ၀သစ်ကို မင်းမပါဘဲ ငါ စ နေ ပါ ပြီ..........



မှတ်ချက်
ခံစားချက်နဲ့ ကိုက်ညီလို့ Book planet နေ ကူးယူခဲ့ပါတယ်
ထည့်ထားတာပါ ပိုင်ရှင်တွေ့ရင်လဲ ခွင့်လွတ်ပါနော် ....

တစ်ချိန်ကချစ်သူသို

[ Click Me ]



ငါ့အချစ်နဲ့ မတန်တဲ့နင့်အတွက်
ငါပေးစရာဆိုလို့ 
ဥပေက္ခာတရားပဲရှိတော့တယ်။
သစ္စာမရှိဘူးမပြောပါနဲ့ ......
ငါကမင်းစွန့် ပစ်ခဲ့တဲ့အမှိုက်တစ်စပါ
ဒါပေမယ့်လေရဲ့ ခေါ်ဆောင်ရာနောက်မလိုက်ခဲ့သူ။
ငါ့ကိုတန်ဖိုးထားခဲ့တဲ့လူတွေကြားထဲမှာ
ငါတန်ဖိုးထားခဲ့တာနင့်ကိုပါ
သိကြားမင်းဆင်းတားခဲ့ရင်တောင်
တစ်ချိန်ကမင်းကိုချစ်ဖို့ ပဲစဉ်းစားခဲ့ဘူးတယ်။
အခုတော့.............
ဒါတွေအားလုံးက
မင်းပြောခဲ့တဲ့စကားတွေ
မင်းလုပ်ခဲ့တဲ့အပြုအမူတွေကြောင့်
အတွေးကတိမ်တိုက်လိုပဲလွင့်မျောခဲ့ပြီ။
ချစ်သူ..........
နောက်ဆုံးအနေနဲ့ ငါ့ကို
ရင်ထဲကစကားတစ်ခွန်းတော့ပြောခွင့်ပြုပါ
နင့်ကိုငါမချစ်တော့တာမဟုတ်ပါဘူး
နင်ငါ့ကိုမချစ်တော့တာပါ။



မှတ်ချက်
ခံစားချက်နဲ့ ကိုက်ညီလို့ Book planet နေ ကူးယူခဲ့ပါတယ်
ထည့်ထားတာပါ ပိုင်ရှင်တွေ့ရင်လဲ ခွင့်လွတ်ပါနော် ....

Wednesday, July 8, 2009

love u friend

[ Click Me ]

Tuesday, July 7, 2009

i miss you

[ Click Me ]


When i sad ..... i really need u
when i miss ... i wanna kiss u
When i saw another sweetheart ....i thinking about u ...
when a boy propose to love me .......i gonna to live together with u
When i slept .....i put in my dream u ...
when i saw u ....i saw love...
When u touched me...i felt love....
True love comes only one to a person but i have felt it many times for u
True love is when u love a person with no particular reason
Money is a part of my life....but you are the whole of my life...
Tomorrow of the next life .....
I will love u .....

MISS U

sometime i wanna cry ...
but when i remember ...
all the good moments...
that i had by your side ...
i feel i better.....
this remind me that you've changed
My hold life

I MISS YOU A LOT
[ Click Me ]

Sunday, July 5, 2009