Friday, July 17, 2009

ချစ်သူ သိစေချင်


ချစ်သူ
နင်ကို သတိရရင်
ငါမရေးတတ်တဲ့ကဗျာတွေကို ..
ငါရေးချင်မိတယ်.....

ချစ်သူ
နင်ကို ငါလွမ်းရင်
ငါမနားထောင်ဖူးတဲ့ အလွမ်းသီချင်းတွေကို ....
ငါနားထောင်ချင်ခဲ့တယ်....

ချစ်သူ
နင်ကြောင့် ငါပျော်ရွင်ခဲ့ရင်
ငါမခေါ်ဖူးတဲ့ နင်ဖုန်းနံပါတ်ကို....
ငါခေါ်ခဲ့တယ်.....

ချစ်သူ
နင် ငါကို ခေါ်ရင်
ယောကျာင်္းလေးတစ်ယောက်တည်းနဲ့အတူ မလျှောက်သွားဖူးတဲ့ နေရာကို...
ငါသွားရဲခဲ့တယ်.....

ချစ်သူ
နင်ကြောင့် ငါဟာ အရာရာတိုင်းကို ...
ငါစွန့်လွတ်ရဲခဲ့တယ်.....

ဒါဟာ နင်ကို ...
ငါကိုယ်တိုင်က ချစ်မိသွားပြီဆိုတာ
သိစေချင်တယ် ချစ်သူရယ်.....



0 Yorum var: