
![[ Click Me ]](http://winkkk.com/photo/2041.jpg)
ငါ့အချစ်နဲ့ မတန်တဲ့နင့်အတွက်
ငါပေးစရာဆိုလို့ 
ဥပေက္ခာတရားပဲရှိတော့တယ်။
သစ္စာမရှိဘူးမပြောပါနဲ့ ......
ငါကမင်းစွန့် ပစ်ခဲ့တဲ့အမှိုက်တစ်စပါ
ဒါပေမယ့်လေရဲ့ ခေါ်ဆောင်ရာနောက်မလိုက်ခဲ့သူ။
ငါ့ကိုတန်ဖိုးထားခဲ့တဲ့လူတွေကြားထဲမှာ
ငါတန်ဖိုးထားခဲ့တာနင့်ကိုပါ
သိကြားမင်းဆင်းတားခဲ့ရင်တောင်
တစ်ချိန်ကမင်းကိုချစ်ဖို့ ပဲစဉ်းစားခဲ့ဘူးတယ်။
အခုတော့.............
ဒါတွေအားလုံးက
မင်းပြောခဲ့တဲ့စကားတွေ
မင်းလုပ်ခဲ့တဲ့အပြုအမူတွေကြောင့်
အတွေးကတိမ်တိုက်လိုပဲလွင့်မျောခဲ့ပြီ။
ချစ်သူ..........
နောက်ဆုံးအနေနဲ့ ငါ့ကို
ရင်ထဲကစကားတစ်ခွန်းတော့ပြောခွင့်ပြုပါ
နင့်ကိုငါမချစ်တော့တာမဟုတ်ပါဘူး
နင်ငါ့ကိုမချစ်တော့တာပါ။
မှတ်ချက်
ခံစားချက်နဲ့ ကိုက်ညီလို့ Book planet နေ ကူးယူခဲ့ပါတယ်
ထည့်ထားတာပါ ပိုင်ရှင်တွေ့ရင်လဲ ခွင့်လွတ်ပါနော် ....
.. မရောက်ဖြစ်တာ ကြာပြီ ...
14 years ago
0 Yorum var:
Sen de yaz