Wednesday, July 22, 2009

သိပ်ချစ်တဲ့ ကွန်ပြူတာအခန်းလေး

Posted by Picasa

သိပ်သနားစရာကောင်းတဲ့ ဇင် ကွန်ပြူတာခုံလေးနဲ့ အရုပ်တွေ
ခဏခဏ နေရာပြောင်းနေရလို့ .....
ပထမက ဇင်အိပ်ခန်းမှာပေါ့ သူဟာသူနေတာဟုတ်နေတာဘဲ....
ဇင်အဒေါ်ငယ် က ဇင်အိမ်ကို ပြောင်းလားတော့
အိမ်ကအိပ်ခန်းက၂ခန်းထဲရှိတာ သူလာတော့ ဇင်အိပ်ခန်းမှာ နေခိုင်းရတာပေါ့ ...
နောက် မှာ အိပ်ခန်း၃ခန်းပါတဲ့ အခန်းကိုရှာမယ်ဆိုပြီ အဲလို့နဲ့ နှစ်သိပ်နေကြတယ် ...
သူက မနက် ၇နာရီ အလုပ်သွားရတယ် ..ဇင် ကျောင်းဖွင့်ချိန်ကို ကွန်ပြူတာ ကို သုံးတာ သိပ်ပြီ ညဥ့်မနက်ဘူး
စောစောအိပ်ရတယ်..ကျောင်းပိတ်ရက် တနေကုန်ထိုင်ပြီသုံးတာ ထမင်းမေ့ ဟင်းမေ့ပေါ့ ..
အဒေါ်ငယ် သူအလုပ်က ၁ပတ်လုံးဆင်းရတော့ စောစောအိပ်တယ် ...သူ အိပ်တော့ အခန်းထည့်က ကွန်ပြူတာကို
ညဥ့်နက်တဲ့ထိသုံးလို့မရဘူး .....အဲဒါကို စိတ်တိုတိုနဲ့ (living room) (မြန်မာလို့မရိုက်တတ်လို့)ကိုပြောင်းလိုက်တယ် .. living room က ဇင်မောင်လေး က အရမ်းလာဆော့နေတယ် ကွန်ပြူတာကို ...ဇင်လည်းစိတ်အရမ်းတိုလာတာနဲ့ မီးဖိုချောင်၂ခန်းရှိတယ် ...ပိုနေတဲ့ မီးဖိုချောင်တခန်းကို ဇင်ရဲ့ ကွန်ပြူတာကို သွင်းလိုက်..ဘယ်သူကိုမှ မ၀င်ခိုင်းတော့ ....
အခုမှဘဲ ကိုယ်ကွန်ပြူတာအခန်းနဲ့ကိုယ် ......
ဘယ်သူမှဝင်လို့မရအောင် တံခါးလည်းပိတ်ထားလို့ရတယ်.....ထားတဲ့ ပစ္စည်းနေရာကလည်းအများကြီး
သိပ်ကောင်းတဲ့ အခန်းလေး
အခုမှဘဲ စိတ်ချမ်းသာသွားတယ်



2 Yorum var:

Thet Ko Ko said...

ငါ အခန်း က နင့် ထက် ၅ ဆလောက်ရှုပ်တယ်
ဓါတ်ပုံ ရိုက်ပြင်ရင် ထိုင်ငိုသွားလိမ့်မ.ယ်

yaewoori said...

ha ha

me too

ကျနော် ဆို အိပ်ဖို့နေရာတောင်ရှိဘူး