Sunday, July 19, 2009

ကျမရဲအချစ်ဆုံးအဖိုးအကြောင်း


ကျမ ကိုမွေးတာ မွန်ပြည်နယ် သံဖြူဇရပ်က ဆေးရုံကြီးမှာပေါ့....ကျမ ၅နှစ်အထိ မြန်မာစကားမပြောတတ်ဘူး ...မွန်ဘာသာတစ်မျိုးဘဲပြောတယ် ...အသက်၅နှစ်ရောက်တော့ ကျမအဖေက အမေကို လာခေါ်တယ် ...ကျမအဖေက ကျမနဲ့ တူတူမနေရဘူး အဖေက စင်ကာပူမှာ သဘောင်္လိုက်ပြီ အဲမှာဘဲနေလိုက်တယ် ..အဲမှာ နေပြီ မိသားစု စားဖို့ ပိုက်ဆံတွေပို့ပေးခဲ့တယ် ....ကျမ ကိုမွေးတာတောင် အဖေ ကအမေဘေးမှာမရှိခဲ့ဘူး ......ကျမက အဖိုးအတွက်တော့ မြေးဦးလေးပေါ့ ....ကျမအမေ..အဖိုးအဘွား အဒေါ် ဦးလေးနဲ့ နေခဲ့ တယ် မွန်ပြည်နယ်မှာ ပေါ့ .အမေက အဖေနောက်ကို လိုက်သွားတဲ့ အချိန်မှာ...နောက် ကျမအဒေါ်ကြီးက သူ က ရန်ကုန်မှာ နေတော့ ကျမတို့ကို သူနဲ့နေဖို့ခေါ်တယ် ...ကျမအဖိုးကမလွတ်ချင်ဘူး ကျမအဖိုးက ကျမကိုအရမ်းချစ်တာ...အိမ်မှာဆို ကျမက ဗိုလ်ဘဲ ဘာမုန့်ဘဲဝယ်လာ ကျမအရင်စားပြီမှ အိမ်က လူတွေစားရတယ် ..ကျမကအရမ်းဆိုးတာ.....ကျမအမေက ကျမကို ရိုက်မယ်လို့အသံကြားရုံနဲ့ ကျမ အဖိုးဆီ ပြေးတာဘဲ ....ကျမကို ဘယ်သူမှ မရိုက်ရဲဘူး .....ကျမအဖိုးက ကျမကို ရိုက်ရင်မကြိုက်ဘူးလေး ...အဖိုးကို ကြောက်တော့ ဘယ်သူမှ မအော်ရဲ မရိုက်ရဲဘူးပေါ့....ညနေရောက်ရင် အဖိုးနဲ့ ဘုန်းကြီးကျောင်းကိုသွားပြီ မုန့်သွားစားပြီ ..ဟီဟီ ..အဖိုးဟိုတုန်းက ရွာမျက်နှာဖုံးလေး သူကို လူတွေက အားလုံးခင် အားလုံးချစ်ကြတယ်...သူဘယ်သွားသွားမသိတဲ့သူမရှိသလောက်ဘဲ ....ဇင်အဖိုးစီးပွားကျတော့ အဖေက နိုင်ငံခြားကနေ ပိုက်ဆံပို့ပေးပြီ စီးပွားရေးလုပ်ခဲ့တယ်...ဇင်တို့အိမ်မှာ ဆိုက်ကားထောင်တယ်လေး..ဆိုက်ကားအငုားလုပ်တယ်....ကျမအဖိုးက သူသွားတဲ့နောက်ကို ဇင်နဲ့ ဇင်ဦးလေးငယ်က အမြဲလိုက်ရတယ်...အဖိုးက ဆိုက်ကားနင်းတယ်လို့တာ ပြောတာ တခေါက်နှစ်ခေါက်လောက်နင်းပြီ သူလက်ဖက်ရည်ဖိုးရရင် မနင်းတော့ဘူး ...ဆိုက်ကားထောင်တားတာလဲ အဖိုး အတွက်ဘဲ အမေက လုပ်ပေးခဲ့ တာလေး .....ဇင်အမေက အဖိုးကို အရမ်းချစ်တာ .....ကျမအဖိုးးကလည်းကျမကိုအရမ်းချစ်တာ. ..အမေကမောင်နှမထဲ အိမ်ထောင်အရင်ကျတာ.....အဲတာမို့ပေါ့ ဇင် က မြေးဦးဖြစ်တာ ....ဇင်အဖိုးစီးပွားရေးအဆင်မပြေတဲ့ အခါ အဖေက အမေ မောင်နှမ ကျောင်းတက်ဖို့ ထောက်ပံ့ပေးခဲ့တယ်...အဖေ နိုင်ငံခြားမှာ ပိုက်ဆံရှာနိုင်လို့ နေလို့ တော်သေးတာပေါ့ .....ဇင်အမေ က ဇင် ငယ်ငယ်တုန်းကဆို လိုချင်အားလုံးဝယ်ပေးဆောင်ရွက်ပေးခဲ့တယ်...... ဇင်အတွက် အဖေက မွေးနေ့ရောက်တိုင် နိုင်ငံခြားကနေ အရုပ်တွေ အကျီ်တွေ ပို့ပေးခဲ့တယ်....နှစ်တိုင်းလဲမွေးနေ့ လုပ်ရတယ်...ဇင်အတွက် ဘာအပူမှမရှိခဲ့ဘူး ....ဇင်အတွက် ဆို အမေက ဘယ်သူမှမ၀ယ်ရသေးတဲ့ အကျီင်္တွေ အရုပ်တွေကို ဇင်က အရင် ကစားခဲ့တယ်..၀တ်ခဲ့ရတယ်....အိမ်မှာ တီဗီလာကြည့်တဲ့သူတွေကို စိတ်အခန့်မတင့် မောင်းထုတ်တယ်.....တီဗီရှိတဲ့ အိမ်က အရမ်းရှားတယ်လေ.....အဲလို့မျိုးအရမ်းဆိုးခဲ့တာ....သံဖြူဇရပ်မှာ ဆို အဖိုးရဲ့ မြေး ကျမ ကို မသိတဲ့ မရှိဘူး လေး .........ကျမ၅နှစ်မြောက်မွေးနေ့မှာ ကျမအဖေပြန်လာတယ်.....အိမ်မှာ လည်း ရန်ကုန်က ဘွားလေးတွေလာလည်တယ်လေး....အဖေက အိမ်ကို မမှတ်မိလို့ လိုက်ရှာတဲ့ အချိန်မှာဇင် က ဇင်အဖေကို မမှတ်မိဘူးလေ...ဇင် က ဇင်မေမေကို ဟိုလူတယောက် ဘာလိုက်ရှာနေလဲ မသိလို့ မေမေကို မေးတယ်....မေမေ ပြေးပြီ အဖေကို ပြေးဖက်တာပေါ့ .ဟီဟီ...နောက်အိမ်မှာ လူဆုံတော့ ပျော်ကြတာပေါ့....အဖေကပြန်လာမယ်လို့ မှ အသိမပေးခဲ့တာကို ....၁လလောက်အိမ်မှာအဖေနေခဲ့တယ်။။။။။အဲ... အိမ်မှာ လူများတော့ ကျမက အတော်ကို ဆိုးတာ...ဇင် က အဖေနဲ့ အတူမနေဘူး တော့ အဖေလို့တောင် မခေါ်ဘူး...ဟိုလူကြီးလို့ဘဲခေါ်တယ်...သွေးအေးနေသလိုဖြစ်နေတာပေါ့နော်....ဒါပေ့မယ် အဖေက သွေးနီးအောင် ဟိုသွားလည်းခေါ်သွား လိုချင်တယ်ဝယ်ပေး ...ဇင် က အဲချိန်မှာ မသိတော့ အဖေလိုတောင်မမှတ်ထားဘူး ...ဒီလိုနဲ့ ၁လပြည့်တော့ အမေကို ခေါ်သွားတယ် နိုငံခြားကို....အဲဒီနေ့ကစပြီ ..ကျမအတွက် ကံမကောင်းချင်များစွာကို တွေ့ရတော့တာဘဲ .....ဇင်ကို ဇင်အဒေါ်ကြီး က လာခေါ်ပြီ ရန်ကုန်မှာနေဖို့...အဖိုးကလုံးဝမလွတ်သလို အဖိုးလည်းရန်ကုန်ကိုလုံးဝမသွားဘူး ...အဲလောက်ထိဇင်အဖိုးခေါင်းမာတာ...နောက်ဆုံးဇင်က မသွားမဖြစ်သွားရမယ်ဆို့တော့ အဖိုးကမလွတ်ချင်လွတ်ချင်နဲ့လိုက်လာရတယ်...အမေရှိတုန်းကဆို ရန်ကုန်က မကြာခဏ ရောက်ဖူးတယ်ဆိုတော့ ဇင်အတွက်မစိမ်းတော့ဘူးလေ....ဇင်လည်းအမေ..အဖိုးတွေက ကိုယ်ဘေးမှာ ရှိမနေဘူးဆိုတဲ့အသိနဲ့ သိပ်ပြီမဆိုးရဲတော့ဘူး .....အဲတုန်းကဆို ဇင်အဖိုးကို အရမ်းသတိရတာ...ကျောင်းပိတ်တိုင်းအဖိုးဆီကို ပြန်တာဘဲ ...ကျောင်းဖွင့်မှာ ရန်ကုန်ကို ပြန်တယ်...ဇင်အဖိုးက အမြဲတမ်းပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိတယ် အဲတာက ...မြေးလေးကြီးလာရင် အဖိုးကို ပြန်ပြုစုမှာလားးး အဖိုးအိုရင် ထမင်းကျွေးမလားးးအဖိုးရဲ့အကျီင်္ကိုလျှော်ပေးမှာလားးး အမြဲတမ်းပြောလေ့ရှိတယ်..ဇင်ကလည်း အဖိုးကို ပစ်မသွားပါဘူး ကြီးလာရင်အဖိုးကိုဘဲပြုစုမှာလို့အမြဲတမ်းမေးရင် အမြဲတမ်းအဲလိုဘဲဖြေတယ်....ဇင်အဖိုးက ကံမကောင်းပါဘူး သူသားသမီးတွေကသူ စားဖို့အတွက် ပိုက်ဆံတွေပို့ပေးလည်း အဖိုးက အလုပ်မရှိရင်မနေတတ်ဘူးလေ.....တနေ့တော့မနက်အစောကြီး အဖိုးက ဆိုက်ကားကို နင်းပြီ လက်ဖက်ရည်သွားသောက်ပြီအပြန်မှာ မနက်ဆို့တော့ အရမ်းအေးတယ်လေ...ဦးနှောက်သွေးကြောပျက်ပြီဆုံးသွားတယ်....အိမ်မှာဆို ဦးလေးတစ်ယောက်ဘဲရှိတယ်ကျန်တဲ့သူတွေက အားလုံးရန်ကုန်မှာဘဲနေကြတော့တယ်လေ.....ဦးလေးက အဖိုးကို ဆေးရုံကို ခေါ်သွားပြီ ဦးလေးရဲ့ လက်ပေါ်မှာဆုံးသွားတယ်....အဖိုးမဆုံးခင် ဇင်ကိုတွေချင်တယ်လို့လည်းပြောသွားတယ်..အဖိုးဆုံးတဲ့နေ့က ဇင်မွေးနေ့ပေါ့ ဇင်က ဒီဇင်ဘာ ၂၅ ရက်နေ့မှာမွေးတာလေး...အဖိုးလည်းအဲနေ့မှာဆုံးသွားတယ်....ဇင်တို့ရှိရင်အဖိုးဆုံးမှာမဟုတ်ဘူး..ဇင်တို့မရှိလို့ အဖိုးဆုံးတယ် ဇင်အခုထိယူဆတယ်.......နောက်တနေ့ဇင်တို့ အိမ်ကို ပြန်ရောက်ခဲ့တယ်..အိမ်ရှေ့မှာ သစ်တာလေးမှာ အဖိုးကအိပ်နေတယ်...အဲတုန်းက ဇင်အသက် ၇နှစ်ရှိပြီ ဇင်ထင်တာအဖိုးအိပ်တယ်ပေါ့ ဇင်အဒေါ်တွေအဘွားလေးတွေက ငိုတဲ့သူတွေကငို ..အလုပ်လုပ်တဲ့ သူတွေကလုပ်နေတာပေါ့...ဇင်အဒေါ်က အထုတ်ကို ချတာ နဲ့ အဖိုးအိပ်နေတဲ့ နေရာကို ပြေးပြီ ..အဖေ အဖေနဲ့ ကို ခေါ်နေကြတယ်..ဇင်ကနောက်မှာရပ်ပြီ အကြာကြီးကြည့်နေမိတယ် ငိုလည်းမငိုဘူး ဇင်ဦးလေးငယ်ဆို အရမ်းငိုတာ သူက အဖိုးကို အရမ်းချစ်တယ်လေး သူက အဖိုးရဲ့သားအငယ်ဆုံးလေး အသက်ကြီးမှာ သူကို ရတာကို .....သူက ဇင်ထက် ၂နှစ်ဘဲကြီးတယ်....ဇင်က ဘာမှကို မသိတာ ဆုံးတာကိုတောင်မသိဘူး မိုးချုပ်တော့ ခေါင်းအုံးလေးယူပြီဇင်အဖိုးရဲ့ ဘေးမှာသွားအိပ်တယ်...လူတွေကပြောတယ် နင်မကြောက်ဘူးလားတဲ့ ...ဇင်က ပြန်ပြောတယ် ဘာလို့ ကြောက်ရမလဲလို့ ဇင်အဖိုးရဲ့ဘေးမှာ အိပ်တာဘဲ့လို ပြန်ပြောတယ်အဖိုးရဲ့ ဘေးမှာ အိပ်တုန်းကဆို အဖိုးရှိသလိုဘဲ ခံစားရတယ်...လူတွေက ဖဲချတဲ့သူတွေရဲ့ အသံတွေက ဆူနေတဲ့အသံကြောင့် ဇင်ညတစ်ခေါင်နိုးတဲ့အခါအဖိုးက လှေကားရင်းမှာထိုင်နေတာကို တွေ့တယ်အဖိုးကအကျီင်္အဖြူရောင်နဲ့ပုဆိုးဝတ်ထားတာကိုဇင်တွေ့တယ် အဖိုးထိုင်တဲ့နားကို ပြေးပြီ သွားထိုင်တယ် အဲဒါကို ဖဲကစားတဲ့သူတွေက ဇင်ကို ယောင်နေတယ်တဲ့ ဆွဲခေါ်ကြတယ်..အဖိုးလို့ခေါ်ပြီဒီမှာလုပ်အုန်း ဇင်ကို ဆွဲနေပြီလို့ ပြောတာကို လူတွေက နင်ဘာတွေပြောနေတာလဲ့ ထစမ်းပါးတွေကို လက်နဲ့တို့ပြီ ..ဇင်ကလဲနိုးနေတယ်လို့ ပြန်အော်ပြောတာဘဲ ..နောက်ခဏနေ လူကြီးတစ်ယောက်ကအဖိုးက ပြောလိုက်တယ် ကလေးကဘာမှမသိသေးဘူးသူကိုယ်သူနေပါစေ ကလေးကိုဘာမှမလုပ်ပါနဲ့ဆိုပြီ ပြောအပြီမှာ အဖိုးကထထွက်သွားတယ် ဇင်ကို လည်းပြုံးပြသွားတယ် ဇင်ကလည်း အဖိုးဇင်ကို စောင့်လေးဇင်လည်းလိုက်မယ် အတင်းငိုပြီပြောတာဘဲ ....အဲမှာ အဒေါ်ကဇင်ကို လာချီပြီအိပ်ဖို့သိပ်တယ်အဲလိုဇင်ကမြင်တော့ အဘွားတို့ အဒေါ်ငယ်တို့က ငိုကြတယ်....ဇင်လဲငိုတယ်အဖိုးက ဇင်ကိုမခေါ်သွားဖူးဆိုပြီ.အဖိုးကိုတယောက်တည်းကြိတ်ပြီဆိုးနေတာ..မိုးလင်းတော့ဇင်ပြောတယ် ညကအဖိုးဘာလိုဇင်ကိုမခေါ်ဘဲထထွက်သွားတာလဲလို့အဒေါ်ကိုမေးတော့အဒေါ်က အဖိုးကနတ်ပြည်မှာအလုပ်ရှိတယ် ..နတ်မင်းကခေါ်လို့ပြန်သွားတာတဲ့....အဲလိုနဲ့ ၇ရက်ပြီတဲ့နေ့မှာ အိမ်က အဒေါ် ဦးလေး အဘွားလေးတွေက အားလုံးကားနဲ့ ဘယ်ကို သွားလည်းမသိဘူး နောက်ဆုံးကားက အဖိုးရဲ့ အိပ်နေတဲ့ သစ်တာ လေးကို မ ပြီ ကားပေါ်တင်ကြတယ် ..ဇင်ကမေးတယ် ဘာကို သယ်သွားမှာလဲလို့မေးတော့ အဲလူကြီး က မြေကြီးထဲကို ထည့်မလို့တဲ့ ...အဲဒီအချိန်မှာ ဇင်လည်းအဖိုးကိုမထည့်ရဘူးလို့ အော်ငိုပြီအဖိုးအိပ်နေတဲ့ သစ်တာလေးကို ပြေးဖက်ပြီ မပေးဘူး မပေးဘူး လို့ အော်ငိုတယ်..နောက်.. လူတွေဇင်ကို ကြည့် ပြီမရတော့ဘူး ထည့်ရတော့မယ်လို့ဘဲပြောနေကြတယ်...ဇင်ကို ဇင်အဗွား(အဘွားရဲ့အမေ) ဆွဲပြီချီထားတော့တယ်...ဇင်ကလည်းမရမက အော်ငိုခဲ့တယ်...အဲဒီအချိန်မှာ အဖိုးဆုံးတယ်ဆို ဇင်သိခဲ့တယ်...အဖိုးကိုတင်သွားတဲ့ကားကမောင်းထွက်သွားတော့....ဇင်က အိမ်ကနေ ဇင်အဖိုးကို မခေါ်သွားနဲ့ လို အော်ငိုပြောတာဘဲ ....လူတွေက ဇင်ကို ကြည့်ပြီနင်အဖိုးက ကောင်းကင်ကြီးဆီကိုသွားပြီလို့ပြောခဲ့တယ်...ဇင်လည်းအငိုများသွားတော့ ဇင်အဗွားလက်ပေါ်မှာဘဲအိပ်ပျော်သွားတယ်....


နောက်မှဆက်ရန်.....ဒါကိုရေးနေရင်အဖိုးကိုသတိရပြီငိုခဲ့ရတယ်...

1 Comment:

mikozan said...

နင်ကလဲဟာ
စိတ်မကောင်းလိုက်တာ
ငါ.မှာ 8 ရာနိုးနိုးချင်း တွေ. တော့ မျက်ရည်တွေကြလို့
ကိုယ်ချင်းစာပါတယ်ဟာ




korea ဇာတ်လမ်း တွဲလတောို့ မလုပ်နဲ့နော်
နေ့တိုင်းငိုနေရအုံးမယ်