Wednesday, July 29, 2009

မတက်ဖူးတဲ့တောင်ရဲ့အဖြစ်အပျက်


ဘာရေးရင်ကောင်းမလဲလို့စဉ်းစားနေတာ သူငယ်ချင်းတွေကိုသတိရလို့ သူတို့နဲ့လျှောက်လဲခဲ့အဖြစ်ကိုဘဲရေးတော့မယ်..

ဟီဟီ ရေးရမှာလဲ ရှက်စရာကြီး ..အဲနေ့က ဘုရင်မွေးနေ့ပေါ့ သူငယ်ချင်းတွေကလည်း တယောက်မှကိုယ်နဲ့ရွယ်တူမရှိဘူး...သူတို့ကအကိုနဲ့လာခင်တော့ ဇင်နဲ့ခင်သွားတာပေါ့ ဘုရင်မွေးနေ့မှာဘာလုပ်မလဲလို့ သူတို့လာမေးတယ် အကိုကို့လာမေးတာ ဇင်ကိုတော့မဟုတ်ဘူး သူတို့ တောင်တက်မယ်တဲ့ အကိုကို့လာခေါ်တယ် အကိုကပြောတယ် ငါတောင်တက်တာ တခါဘဲတက်ဖူးတယ်တဲ့မလိုက်ချင်ဘူးတဲ့ ဇင်ကကြားတော့ ဇင်လိုက်မယ်လို့ ကိုကိုမလိုက်ရင်နေလို့ ဇင်တော့လိုက်မယ်လို့ တခါမှမတက်ဘူးလို့ တက်ချင်တယ်လို့ ပြောလိုက်တယ် အမေ ကဇင်ဇင် ဟုတ်မှလုပ်နော် နင်နော် ..ငါသိတယ်တဲ့ မလုပ်ဖူးတာလုပ်ရင် နင်ဘာဖြစ်မယ်ဆိုတာသိတယ်နော် ...ဘာမှမပြောဘူး လိုက်သွားတယ် တောင်က နည်းနည်းတော့မြင့်တယ် အဲတောင်ဆီကိုသွားရတာတော်တော်ဝေးနေတာကို တောင်က အိမ်နဲ့ နီးနီးလေး ကိုကိုက ဇင်သွားမယ်ဆိုတော့ သူမပါလို့မရတော့ဘူးလေ လိုက်မှရတော့မယ်ဆိုလို့ သူပါ လိုက်လာရတယ် ..ယောကျားင်္လေး ၅ယောက် မိန်းကလေး က ဇင်ဇင်နဲ့ ဆို၃ယောက် ပေါ့ ..တက်မတည်းက အပေါက်လမ်းမတက်ဘူး ကြောက်နေသေးတယ် အံ့ပ....လူများကအပေါ်ရောက်နေပြီ ကြောက်လို့ဆို ပြန်ဆင်းခဲ့တယ် အဆင်းကလည်းလျှောနေတယ် တက်တုန်းကဘယ်လို့တက်လဲတော့မသိ မဆင်းတက်တော့ ကိုကိုရေ အော်ခေါ်ပြီ အောက်ပြန်ပို့ပေးလို့ ကိုကို သူငယ်ချင်းက (မှတ်ချက် ကိုကို သူငယ်ချင်းအားလုံးကဇင်ဇင်ကို အငယ်မ လို့ခေါ်တယ် ) အငယ်မဒီထိရောက်နေပြီမှာဘာလို့ ပြန်ဆင်းမှာလဲ တက်လာခဲ့  နင်တက်လို့မရရင်တောင် ချီသွားမယ်ဆိုလို့ တက်တာ့ပေါ့ ....ကျန်တဲ့အမတွေကလည်းအပေါ်တောင်ရောက်နေပြီလားမသိ..အမြင့်ရောက်လို့မတတ်တက်ရင် ကိုကိုသူငယ်ချင်းကအပေါ်ကလှမ်းဆွဲပေးတယ် ..ဒီလိုနဲ့ တက်ရင်းလမ်းမှာတွေတဲ့ ပန်းတွေခူးတာပေါ့ တောသဇင်တွေကလည်း လှမှလှ မှီတဲ့ ပန်းကို အမြစ်ပါမကျန်ခူးခဲ့ တယ် အိမ်မှာစိုက်ဖို့ဆိုပြီ အကြံနဲ့ပေါ့ ဒီလို့အကူအညီနဲ့တက်လာတာပေါ့ အပေါ်လဲရောက်ရော ရူခင်းလေးက လှလိုက်တာမပြောနဲ့ အိမ်တွေကိုအားလုံးလဲမြင်ရတယ်...ဘယ်နေရာဘာရှိလဲဆိုတာလဲ သိခဲ့ရတယ်...ခနနားပြီ ပြန်ဆင်းမယ်ဆိုပြီဆင်းကြတာပေါ့ကိုကိုသူငယ်ချင်းတွေကဇင်ဇင်အဆင်းမှမဆင်းတက်မှာဆိုလို့ဆိုပြီ လမ်းကြောင်းပြောင်းပြီဆင်းတာပေါ့ အဆင်းကဟုတ်နေတာဘဲ အောက်ရောက်နီးဖို့ နည်းနည်းဘဲလို့တော့တယ်..ဆင်းဖို့အတွက် မတ်နေတဲ့ ကျောက်တန်းကိုမဆင်းရဲဘူး မတ်နေ့တော့ ဆင်းတာကအလယ်ရောက်နေပြီ မဆင်းရဲလို့ အလယ်မှာတစ်နေတယ် ...အောက်ရောက်တဲ့ သူတွေက ဆင်းခဲ့လေး နီးနီးလေး ဘဲ ခုန်ကျဖို့က အောက်မှာကျောက်တုန်း ကြီးတတုံးရှိနေတယ် ..မဆင်းရဲတော့ဘူး ကြောက်လွန်းလို့ ငိုမိတာပေါ့ ..အောက်က ကိုကိုပြောတယ် သူရှိတယ် မကြောက်နဲ့တဲ့ အောက်က ကိုကိုသူငယ်ချင်းကပြန်တက် ပြီ သူကအပေါ်ကနေလက်ကိုကိုင်ပြီထိန်းထားတယ်အောက်မှခြေထောက်နဲ့မိတဲ့နေရာကိုမှီပြီဆင်းတဲ့..
သူတို့ပြောတဲ့အတိုင်းလိုက်စမ်းတာပေါ့ ...မမိဘူးသူတို့ပြောတဲ့နေရာကို ...ဟိုလိုလဲမရဒီလိုလဲမရတာနဲ့ နောက်ဆုံးအကြောက်လွန်းနဲ့ မောတာနဲ့ မေ့သွားတယ် နောက် သတိရလားတော့ အောက်ရောက်နေပြီ ...ဟီဟီ အငယ်မ နင်လုပ်လိုက်ရင် အလန့်တကြားကြီးဘဲ တဲ့..ဘာမှမပြောတော့ဘူး အိမ်ကမသိစေနဲ့တဲ့ ...ဇင်ဇင်ကလည်းပြန်ပြောလိုက်တယ် တခါမှမတက်ဘူးတာကို .....

နောက်တောင်တက်မဲ့ကိစ္စဆိုရင်ဇင်ဇင်တို့ကဝေးဝေးရှောင်ဘဲ..သူတို့နဲ့တွေ့ရင်ပြန်ပြောပြီရီကြတာပေါ့ နောက်တက်ချင်တာတောင်တက်လို့မရတော့ပါဘူး...သူငယ်ချင်းတွေအားလုံးကလည်း နိုင်ငံတွေခြားနေတော့ပြန်ဆုံဖို့ဆိုတာမလွယ်တော့ဘာဘူး

0 Yorum var: