Saturday, July 25, 2009

အော်အရက်..အရက်


အရက် သောက်ရင်မူးမှန်းသိရင် ဘာလို့များသောက်နေပါလဲနော် ......
ကိုယ်ကျန်းမာရေးကိုဂရုစိုက်ရမှန်းမသိအောင် သောက်တာ တော်တော် အသိဥာဏ်မဲနေလို့ဖြစ်မယ်လို့တော့ ကျမထင်ပါတယ်.......အဲဒါကိုများပညာတတ်လို့ပြောရင်တော့ကျမတော့လက်မခံပါရှင်..
တနိုင်ငံလုံးသောက်ကဒီအရက်ကိုသောက်ကြတာဘဲဟုတ်ပါတယ်သောက်ကြပါတယ်...
မသောက်တဲ့သူတွေနည်းသလောက်တော့ရှိပါတယ်.
ကျမလဲသောက်တတ်တာဘဲ..အားလုံးကချင့်ချိန်ပြီသောက်ကြတာလေး ...၀ီစကီလေးးကိုစားပွဲခုံပေါ်မှာတင်ရင် ကျက်သရေရှိတယ်လို့ပြောတဲ့ သူတွေကရှိသေးတယ် နော် .အော်အဲလောက်ထိရှူးတဲ့သူတွေကရှိသေး ...အရက်ကို မိန်းမထက် ချစ်တဲ့သူတွေကတော့တော်တော် ဦးနှောက်မရှိလို့ဘဲ ...ဒီနိုင်ငံကကိုယ်နိုင်ငံမဟုတ်ဘူးဆိုတာကိုယ်သိရဲ့တာနဲ့ မပျော်ပါးနဲ့ပေါ့ ကိုယ်နိုင်ငံမဟုတ်လို့ ကိုယ်ဖြစ်ရင်ကိုယ်ခံရမယ်...အကူအညီလိုရင် ပေးချင်မှပေးမှာ .....သေရင်တောင် လာလှူလိုက်မယ်$၂၀ အဲလောက်ဘဲလူများကပေးမှာ ....ဘယ်သူမှာ လာကူညီနိုင်မှာမဟုတ်ဘူး ...အားလုံးက သူအလုပ်နဲ့သူဘဲ ..ဘယ်သူမှာအလုပ်ပျက်ပြီမလား...ခက်ခက်နဲ့သင်ခဲ့ရတဲ့ ပညာတွေကိုဘယ်မှာအသုံးသွားချလဲ.....အော်အော် အရက်ကြောင့် ဦးနှောက်ကို အသုံးချသင့်တဲ့နေရာမှာတောင်မချတတ်ကြတော့ဘူး နော်......သောက်စရာရှိရင်း လာသောက်ကြပြီသူငယ်ချင်းတွေကကိုယ်ဖြစ်ရင် ဘယ်သူမှာလာမလဲမကြည့်ကြဘူးဆိုတာရောသိရဲ့လား..အခုသိလို့ရောဘာလုပ်လို့ရလဲ ...အားလုံးနောက်မကျသေးပေမဲ့ ပြုပြင်ဖို့ခဲရင်းတယ်နော် .....


မှတ်ချက်...ကျမရဲ့အသိတစ်ယောက်က အရက်အရမ်းသောက်တာကိုကြည့်ပြီ စိတ်တိုတိုနဲ့ ရေးတာ သူကိုမပြောရဲ့လို ဒီမှာဘဲပြောတော့မယ် .......

2 Yorum var:

yaewoori said...

ဟုတ်ပါတယ်
စွဲမြဲစွာသောက်တာမဟုတ်ပဲ
အခြေအနေအချိန်အခါအရသောက်တာကိုလက်ခံပါတယ်

မိန်းကလေး အရက်သောက်တာတော့ မဖြစ်စေချင်ပါ
ချစ်သူအပြစ်မယူတဲ့ဖြူစင်သူဖြစ်ပါစေ

Thet Ko Ko said...

နင် က အရက်ကြောင်းမသိဘူး ထင်တယ်
သူကသစ္စာရှိတယ်လေ
သောက်တိုင်းမူးတယ်
သူ့ ထက်သစ္စာရှိတာ လောကကြီးမှာမရှိဘူး
ငါစိတ်ညစ်လိုက်တာ
နင်မသိဘူးနော်
နင်က နင့်စိတ်ကြီးဘဲ