Saturday, July 18, 2009

ကျမ ကြုံ ဖူးတဲ့ သေခြင်းတရား



လူတိုင်းသေတာကြောက်ကြသလို ....
တချို့ကလည်းသေတာကို မကြောက်ကြဘူး ....
သေမဲ့နေ့ကို မသိဘဲ သေတဲ့သူတွေရှိသလို
သေမဲ့အချိန်ကိုသိပြီ မသေအောင်လုပ်ခိုင်းတဲ့ သူတွေရှိတယ်....
တချို့ကလည်း သေမဲ့နေ့ကို စောင့်နေရတယ်.......


အဖြစ်အပျက်လေးပေါနော် ကြုံဖူးတာကိုပြောပြတာပါ
ကျမ ဆေးရုံမှာ အလုပ်လုပ်တော့ ... အဲလူကြီးက သေရတော့မယ် လူကြီးဆိုတာလဲ အဖိုးအရွယ်ပေါ့...အဲအဖိုးက သေမဲ့ အချိန်ကို သိတယ်..သူအိပ်တာနဲ့သေပြီ ...ဆိုတာကိုသိတော့ ..သူသေရမှာ ကို အရမ်းကြောက်တယ်...သူအနားမှာ ရှိတဲ့ လူအားလုံးကို သူနဲ့ စကားပြောခိုင်းတယ် ..သူလုံးဝကို မအိပ်အောင်နေတယ် .... သူနဲ့ စကားပြောပါ..ကစားပေးပါ..အကူအညီ အော်ပြီတောင်းနေတာပေါ့ ...သူအိပ်ခြင်းတာကို မရမက ကုန်းပြီပြန်ထပြီ ထိုင်ပြီ အကူအညီအော်တောင်းတော့တာဘဲ......ဆရာဝန်တွေကလည်းလက်လွတ်လိုက်ပြီ လုံးဝမရတော့ဘူး.....အဲအဖိုးကလဲ မရဘူး သေမှာကို အတော်ကိုကြောက်နေတာ .... နောက်တော့ အဖိုးက အားမှသိပ်မရှိတော့ .....မအိပ်တာလဲ့၁ရက်ရှိပြီဆိုတော့.... ခဏလေးအိပ်မိတာနဲ့ အသက်ထွက်တော့တာပေါ့
ဒါကလဲ သေရမှာကို အရမ်းကြောက်ပေမဲ့ ဘယ်လိုဘဲလုပ်လုပ် သေသွားရတာဘဲ

နောက်တစ်ခု ...
ကျမတို့ရဲ့ အသိပေါ့ ...သူယောကျာင်္းနဲ့ အကြီးအကျယ်စကားများပြီ သူကလေးနဲ့ အဲအမက အိမ်ကနေကားမောင်းပြီ သူရဲ့သူငယ်ချင်းတခြားstate ရဲ့ဟိုင်းဝေးလမ်းမကြီးမှာ ကားမှောက်ပြီ ဆုံးသွားတာပေါ့...
ဒါကလဲ သေမဲ့နေ့ကို ကြိုပြီမသိဘဲ သေရတာ.....

ဒါလဲ အဖြစ်အပျက်တခုဘဲ
ကျမသူငယ်ချင်းပေါ့ ...
သူကို မနက်က တွေနေသေးတယ်...သူကအပျော်ထင်းသွားခုတ်မယ်ဆိုပြီ သူ့သူငယ်ချင်းနဲ့အိမ်ကထွက်သွားပြီ ...သစ်ပင်တပင်ရဲ့ အောက်ရောက်ရော သစ်ကိုင်းကသူခေါင်းပေါ်ကိုပြုတ်ကျပြီ တခါတည်းပွဲပြီးချင်းအဲမှာ ဘဲ ဆုံးသွားတယ် .......ခဏတာအတွင်းမှ ဖြစ်ပျက်သွားတဲ့သေခြင်းတရား......

သေခြင်းတရားကို ဘယ်လို့မှပြေးမလွတ်ပါဘူး သေမဲ့နေ့ကိုရောက်ရင် သေရတာဘဲ ...ဘယ်လို့မှ ရှောင်ပုန်းလို့မရဘူး ....
ဒါတွေက တကယ်အဖြစ်အပျက်တွေဘဲ.... အများကြီးရှိပါသေးတယ် ..နောက်မှာ ထက်ဆက်တာပေါ့နော်....

0 Yorum var: