Monday, September 14, 2009

ဝိုင်းဆုတောင်းပေးကြပါနော်

ဇင်က တဦးတည်းသော သမီး..မြေး...တူမ အဖြစ် ၁၂ နှစ်အထိနေခဲ့ ၇တယ် ...သူများကလေးတွေကိုမြင်၇င်အ၇မ်းချစ်တတ်တာ .ဇင်က ငယ်ငယ်ကတည်းကမိဘနဲ့တူတူမနေခဲ့၇ဘူး... အဘွား..ဦးလေး..အဒေါ်တွေရဲ့ လက်ထဲက ကြီးလာတာလေး ...ဇင်မိဘတွေကနိုင်ငံရပ်ခြားမှာနေတာပေါ့....ဇင်က မိဘကို အဲလောက်လဲ မချစ်ပါဘူး ဇင်က ဇင်အဘွားနဲ့ ဦးလေး အဒေါ်ကိုအရမ်းချစ်တာ ...နောက် မေမေကမောင်နမထဲမှာအ၇င်အိမ်ထောင်ကျတော့..တဦးတည်းသောသမီး မြေး တူမဆိုတော့ ..ဖူးဖူးမှုတ်ထားကြတော့ ဇင်ကို အဘွားတို့က အ၇မ်းချစ်တော့ မေမေက ဇင်ကိုမေမေတို့နဲ့ နေဖို့ခေါ်၇င် အဘွားတို့က မထည့်ချင်လောက်အောင် ဇင်ကိုချစ်တာ ..အဲဒါမို့လို့ပေါ့ ဇင်ကအ၇မ်းဆိုးတာ ဒါပေမဲ့ ဇင်ဦးလေးကိုတော့ အ၇မ်းကြောက်တာ ....မေမေက ဇင်ကိုအ၇မ်းချစ်တော့ မောင်လေးမွေးပေးမယ်တဲ့ ကြီးလာ၇င်ဇင်ကိုပြန်ကြည့် လို့၇အောင်လို့တဲ့ .ဇင်က ကလေးတွေဆိုအ၇မ်းချစ်တာ ....မေမေက မောင်လေးကို ဇင်၁၃နှစ်မှာ မွေးပေးခဲ့တာ ....မောင်လေး မွေးပြီတော့ မေမေကဇင်နဲ့အတူ၇န်ကုန်မှာ ပြန်လာနေတယ် ၁နှစ်လောက် ...ဇင်မှာ မောင်လေးကို ချစ်လို့တောင်မ၀သေးဘူး မေမေနေတဲ့ နိုင်ငံ၇ပ်ခြားကိုပြန်သွားတယ်...ဇင်ဆို မောင်လေးနဲ့မတွေ့၇တော့အ၇မ်းကိုဖျားခဲ့တာပေါ့ ....ဒီလို့နဲ့ဘဲ မောင်လေးက ၂နှစ်ေ၇ာက်တော့ ဇင်က ၁၄နှစ်၇ှိပြီပေါ့ မေမေက သူနဲ့အတူနေဖို့ ဇင်ကိုလာခေါ်တော့တာဘဲ ....အဲတုန်းက ဇင်ကိုအဘွားတို့ မသွားစေချင်ခဲ့ဘူး ...မေမေက ပြောတယ် ဇင်ရဲ့ ပညာေ၇းအတွက်ပါဆိုပြီ ဇင်က မေမေတို့နဲ့ လိုက်လာ၇တယ်..မေမေတို့နေတဲ့နေ၇ာကိုပေါ့ အဲချိန်မှာမေမေနဲ့အတူ ၁နှစ်နေပြီအချိန်မှာပေါ့ မေမေဆီမှာ နောက်ထပ်ကလေးလေး၇ှိနေပြီတဲ့ဇင်မှာပျော်လိုက်တာ အ၇မ်းဘဲ သိလား ဒါပေမဲ့မပျော်တာကမောင်လေးတဲ့ ဇင်က ညီမလေးလို့ချင်တာလေ့ ပြီတော့ ဇင်နဲ့လည်းအသက်အ၇မ်းကွာနေတယ်လေး ..ဇင်မောင်လေးက ၃နစ် ဇင်က ၁၅နစ် အခုမွေးလာမဲ့ မောင်လေးက မွေးကင်းစလေးပေါ့ နော် ....ဇင်က ၁၆နှစ်မှာ မောင်လေး ငယ်ငယ်လေးက ၁နှစ်ဘဲ၇ှိသေးတာပေါ့ ...ဇင်က သူကိုချစ်လွန်းလို့ အပြင်တောင်သိပ်မသွားဘူး....ဒါပေမဲ့ ဇင်ကညီမလေးအ၇မ်းလို့ချင်တာလေး ဇင်က ၁၇နှစ် မောင်လေးလတ်ကလေးက ၅နှစ် မောင်လေး ငယ်ငယ်လေး ၂နှစ်၇ှိပြီပေါ့ .ဇင်ဒီမှာ၇ှိတဲ့ အဒေါ်တွေကမိန်းကလေးဘဲ မွေးထားပေးတော့ ဇင်က မိန်းကလေး တူမလေးတွေကိုအ၇မ်းချစ်၇တာပေါ့နော် မုန်းဖိုးလေး၇၇င် တူမလေးတွေအတွက အကျီင်္ဝယ်ပေး၇တာအမောပေါ့ မေမေကိုလဲ ပူဆာတယ် ညီမလေးမွေးခိုင်းပေါ့... မေမေက ပြောတယ် ညီမလေးမွေးပေးအုန်းမယ်တဲ့ ဇင်ကတော့အ၇မ်းပျော်တာပေါ့နော် ..ဒါပေမဲ့မပျော်ဘူး မေမေကိုပြောလိုက်တယ်....မေမေ၇ယ် မမွေးပေးပါနဲ့တော့ ဇင်လဲ မလိုချင်တော့ပါဘူးလို့ ။။။။ဇင်နဲ့အသက်အ၇မ်းကွာတယ်လို့ပြောလိုက်တော့ မေမေက ပြန်ပြောတယ် ....သမီးမောင်လေးက သမီးကြီးလာ၇င် သူတိုက သမီးကိုကြည့်မှာမဟုတ်ဘူးတဲ့ ...ညီမလေးဘဲကြည့်မှာတဲ့ ဆိုတော့ ဇင်ကလဲ ညီမလေးကိုလို့ချင်လာခဲ့တယ် ..ဇင်မောင်လေးအလတ်ကလေးကတော့ ညီမလေးလို့ချင်တယ်လို့ပြောတယ်.. သူကိုညီမလေးမွေးပေး၇င် သူလိမ်လိမ်မာမာနေတော့မယ်တဲ့ဆို့တော့ မေမေကိုပြောတာပေါ့ ....ဇင်ကလဲ လို့ချင်တယ်လိုပြန်ပြောလိုက်တာပေါ့ ...အခုမေမေဗိုက်ထဲမှာ ညီမလေးလား မောင်လေးလားမသိ ဇင်တို့ အိမ်ထဲကိုလာတော့မယ်တဲ့ ဘယ်လောက်ပျော်ဖိုကောင်းလိုက်တဲ့သတင်းလေးလဲ အခုဆို ဖေဖေက ဇင်မောင်နှမလေးတွေနဲ့ အခုလာတော့မဲ့ မောင်လေးလားညီမလေးမသိတဲ့ကလေးလေးအတွက်ပါစီးလို့၇အောင် ဖေဖေ က ကားအကြီးကြီးဝယ်တော့မယ်လေး အ၇င်ကားလေးက သေးသေးလေးဆိုတော့ ဇင်တို့မိသားစုက ပြည့်တာပေါ့ မေမေနဲ့ဖေဖေက အေ၇ှ့မှာထိုင်တယ် ဇင်မောင်လေး ငယ်ငယ် က သူထိုင်ခုံမှာထိုင်တယ် မောင်လေးလတ်က သူခုံနဲ့သူ ....ဇင် က ဘေးနားမှာ ထိုင်တော့ အခုအသစ်လာမဲ့ မောင်လေးလား ညီမလေးလား သူအတွက်နေ၇ာမ၇ှိဘူးလေး ဒါကြောင့်ဖေဖေက ကားကြီးကြီးဝယ်တော့မယ်တဲ့ ....



ဇင်ကိုဝိုင်းဆုတောင်းပေးနော်ညီမလေးဖြစ်ပါစေလို့ ....ညီမလေးဆို ဇင်ကအ၇မ်းပျော်မှာသိလား ..အခုပြောနေ၇င်တောင် မေမေဗိုက်ထဲက ဘယ်သူလေးလဲ့ဆိုတာကိုအ၇မ်းသိချင်လာပြီ

Sunday, August 30, 2009

နင်ငါကိုမချစ်ဘူး



နစ်................ ချစ်လေး ...ငါတို့စကားပြောဖို့လိုတယ်

ငါ................... နစ်....နင်ဘာကိုဆိုလိုတာလဲ

နစ်................ တစ်စုံတခုက လာတော့မယ်

ငါ ................ဘာလဲ .......ဘာမှားလိုလဲ?????အဲဒါဆိုးဝါးလား????????????/

နစ် ..................နင်ကိုမနာကျင်စေဘူး.......baby

ငါ .................အိုဘုရားသခင်....ငါမျှော့်လင်ပါတယ်နင်ငါကိုမထားခဲ့ဘူးဆိုတာ

ငါသူကိုအရမ်းချစ်တယ်.......

ငါ ...................ဟုတ်ပါပြီ.....ငါနင်နားမှာရှိနေတယ် ...အရေးကြီးနေတာဘာလဲ

နစ် .................ငါမသေချာဘူး...ငါပြောသင့်လားမပြောသင့်ဘူးးလားဆိုတာ ....

ငါ .....................ကောင်းပြီ.......နင်အစဖေါ်ပြီပြီလေး ဒါကြောင့် ကျေးဇူးပြီ ငါကိုပြောပြပါနော်....

နစ် ....................ငါဒီမှာမနေတော့ဘူး သွားတော့မယ်...


ငါ..................... boby.....နင်ဘာတွေပြောနေတာလဲ???????ုငါမလိုချင်ဘူး

နစ် .................... ငါအဝေးတနေရာကိုသွားမလိုပါ.....

ငါ ဘာကြောင့်လဲ????? နင်မိသားစုအားလုံးက ဒီမှာနေကြတာလေဟာ...

နစ် .................... ကောင်းပြီ.....ငါအဖေက ဟိုအဝေးက ကျောင်းကဘော်တာဆောင်ကိုပို့တော့မှာ.

ငါ .....................ငါအဲဒါလုံးဝမယုံဘူး......

(ငါ ::.......တီတီ....မြည်နေတဲ့ဖုန်းကိုကိုင်လိုက်တယ် ...အလွန်စိတ်ဆိုးစွာနဲ့ အဖေက ငါကိုအော်ပြောနေတယ်

အဖေ .................ဘာလို့နင်အဲကောင်နဲ့စကားပြောနေတာလဲ ????ပြန်လာခဲ့

ဖုန်းစုတ်.....ဖုန်းကိုချလိုက်တယ်

နစ် .................ဟိုးးး နင်အဖေရဲ့ အသံကိုတော်တော်ကိုစိတ်ဆိုးနေတယ်နော်....

ငါ ..................နင်သိလားသူဘာဖြစ်တာလဲဆိုတာ....ဘာဘဲဖြစ်ဖြစ် နင်ကိုမသွားစေချင်ဘူး

နစ် ...................နင်ငါနဲ့အဝေးကိုလိုက်နိုင်မလား ?????

ငါ ......................baby....ငါလိုက်နိုင်တယ် နင်သိလား ..နင်အတွက်ဆို ငါဘာမဆိုလုပ်ပေးချင်တယ် ဒါပေမဲ့ ငါမလုပ်နိုင်ဘူး နင်မသိဘူးလားငါလုပ်လိုက်ရင် ဘာဖြစ်မလဲဆိုတာ ...ငါအဖေ ငါကိုသတ်လိပ်မမယ်...

နစ် .....................ဝမ်းနည်းစွာနဲ့...... ရပါတယ်...ငါနားလည်ပါတယ်...ငါခန့်မှန်းထားပါတယ်...

ငါ ..........................စဉ်းစားနေရင်...... ငါမယုံနိုင်ဘူး ဘာတွေဖြစ်ကုန်ပြီလဲ....


ငါအိမ်ကိုပြေးပြီပြန်သွားတယ် ..အိမ်ရောက်တော့ဘာတွေဖြစ်ကုန်ပြီလဲတခါမှမကြားဖူးတဲ့စကားကို သူပြောနေပြီ.....
ခဏနေတော့ ဖုန်းထမြည်နေတယ် ..

ငါ...................ဟဲလို


နစ် .................ဒီညကြရင် ငါနင်ကိုပေးစရာရှိတယ် ဘာကြောင့်လဲဆိုတော့ငါဒီည လေယာဉ်ချိန်၁နာရီမိနစ်၈၀ငါသွားရတော့မယ်ဆိုတော့ ....ငါနင်ကိုအခုတွေချင်တယ်....

ငါ .................အိုကေ....ငါနင်ကိုတိတ်တိတ်လေးလာတွေလိမ့်မယ် ပန်းခြံမှာ....

နစ် ..................အိုကေ.....ငါတို့အဲမှာတွေကြမယ်အဲမှာနောက်ထပ် မိနစ်၂၀မှာ

(ငါသူနဲ့ပန်းခြံအနီးတွေ့ကြတယ်.ငါသူကိုအတင်းကြပ်စွာငါဖက်ထားတယ် သူလဲငါကိုတင်းကြပ်စွာဖက်ထားတယ်.... ပြီးတော့ သူငါကိုစာတစ်စောင်ပေးတယ်)



နစ်.................... ရော့ ဒီမှာ နင်အတွက်စာ ငါသွားတော့မယ် နင်အိမ်ပြန်တော့....


ငါမျက်ရည်တွေမဆည်နိုင်လိမ့်ဆင်းလာတယ်...... ငါအရမ်းငိုမိတယ် သူငါကိုပြန်ခိုင်းနေပြီ

နစ် ................မငိုပါနဲ့... ငါနင်ကိုချစ်တယ်ဆိုတာနင်သိလား ....ဒါပေမဲ့ ငါသွားရတော့မယ်


ငါ ..................အိုကေ..... ငါစပြီ အဝေးကိုလျှောက်ခဲ့တယ် ငါတို့နှစ်ယောက်လမ်းခွဲပြီအိမ်ပြန်ခဲ့တယ်..... အိမ်ရောက်တော့ သူပေးတဲ့စာကို ငါစပြီဖတ်ခဲ့တော့


ရှီ........


ငါထွက်သွားပြီဆိုတာ နင်သိပါတယ်နော်...ငါသိတယ်ပါတယ် ငါနင်ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ နင်သိလိုရအောင်ငါစာရေးပြီရှင်းပြတာပါ....အမှန်ကတော့ ငါနင်ကိုလုံးဝမချစ်ခဲ့ဘူး...ငါနင်ကိုအရမ်းမုန်းတယ်.. နင်ဟာ ငါအတွက်မကောင်းတဲ့မိန်းမ နင်ဘယ်တော့မမေ့နဲ့အဲဒါကို ငါဘယ်တော့မှ နင်ကို မဂရုစိုက်ဘူး နင်အကြောင်းကို ငါနင်နဲ့ဘယ်တော့မှစကားမပြောချင်ဘူး နင်ရဲ့ဘေးမှာတောင်ငါမနေချင်ဘူး ..ငါနင်ကိုဘယ်လောက်မုန်းလဲဆိုတာနင်သိလား ...ငါနင်ကိုမုန်းလွန်းလို့ ဘယ်လောက် မုန်းလဲဆိုတာ ငါကိုယ်တိုင်မသိဘူး အခု ငါထင်တယ် နင်ကိုငါမုန်းတယ်ဆို နင်သိလောက်ပြီ ဒါကြောင့်ငါထွက်သွားတာ ..နင်ဘယ်တော့မှငါကိုမမျှော်နဲ့.. ငါမထင်ဘူးတစုံတယောက်မုန်းဖို့ဆိုရင် ...ဒါပေမဲ့
နင်ကိုမုန်းတယ်....ငါဘယ်တော့မှနင်ကိုမမြင်ချင်တော့ဘူး အရင်ကလိုငါဘဝတစ်လျှောက်လုံးမှာ....ငါနင်ကိုဘယ်တော့မှမနမ်းတော့ဘူး ငါနင်ကိုဘယ်တော့မှမပွေ့ဖက်တော့ဘူး..ငါနင်ကိုသတိမရတော့ဘူးဆိုတာ
ငါအာမခံတယ်...နင်ဘယ်တော့မှငါအချစ်ကိုမရစေတော့ဘူး...ငါနင်ကို အဲဒါသတိရစေချင်တယ်.... Bitch .နင်ဒီစာကိုသိမ်းထား ဘာကြောင့်လဲဆိုတော့ ဒီစာက နင်အတွက်နောက်ဆုံးငါပေးခဲ့တာဘဲ Fuck... ငါနင်ကိုအရမ်းမုန်းတယ်...ငါနင်ကိုပြောစရာမရှိတော့ဘူး ...ဂွတ်ဘိုင့်.....ငါ.......ငါစပြီငိုခဲ့တယ် ငါအဲစာရွက်ကိုလွင့်ပစ်ပြီ ငါအကြာကြီးငိုခဲ့တယ် ဘယ်ချိန်လောက်ငိုခဲ့လဲ့ဆိုတာ ငါမသိခဲ့ဘူး ရက်အနည်းကြာတော့ ငါအရမ်းဝမ်းနည်းခဲ့တယ်....ငါစိတ်ဓါတ်အရမ်းကျခဲ့တယ်....ခဏနေတော့ ငါသူငယ်ချင်းကို ငါဖုန်းခေါ်လိုက်တယ်....



ငယ်ချင်း.................. ဟယ်လို ...ရှီ နေကောင်းလား ?????


ငါ ........................ငါမယုံဘူး ဘာတွေဖြစ်ကုန်ပြီလဲ ....သူငါကိုချစ်တယ်ဆိုတာ ငါသိတယ်



ငယ်ချင်း ...................အဲအကြောင်းလား???? လွန်ခဲ့တဲ့ရက် နစ်ငါဆီကိုလာသွားတယ်.. သူငါကိုပြောတယ် ..ငါဆီကိုနင်ဖုန်းဆက်ပြီအဲအကြောင်းမေး၇င်...နင်အကျီင်္အိတ်ကပ်မှာ ဒါမှမဟုတ် တစ်စုံတခုမှာ ရှာကြည့်ကြည့်တဲ့....



ငါရှာခဲ့တယ် စာရွက်သေးသေးလေးတွေကို ငါအိတ်ကပ်ထဲမှာ ....



Baby ငါမျှော်လင့်ပါတယ် နင်ဒီစာမဖတ်ခင် ..ငါပေးခဲ့တဲ့စာကို ဖတ်ပြီသွားပြီဆိုတာ ...ငါသိတယ် နင်အဖေ ဒီစာကိုဖတ်မိလိမ့်မယ်.....ဒါကြောင့် ငါစာလုံးတွေကိုပြောင်းရေးခဲ့တယ်....



မုန်းတယ်====ချစ်တယ်



ဘယ်တော့မှာ====အမြဲတမ်း



Bitch========Baby



မဖြစ်နိုင်ဘူးဆိုတာတွေ=====ဖြစ်လိမ့်မယ်



ငါမျှော်လင့်ပါတယ် ငါရေးထားတဲ့စာကို အလေးအနက်မထားပါနဲ့ ဘာကြောင့်လဲဆိုတော့ နင်ကို ငါအရမ်းချစ်လို့ပါ ငါနှလုံးသားထဲကပါချစ်တာပါ....ငါနင်နဲ့အဝေးကိုထွက်သွားချင်တာကို ဘာကြောင် နင်လက်မခံတာလဲ



ငါ .....................အိုဘုရား....ဒါသူစာဘဲ ....နစ်ငါကိုတကယ်ချစ်တာဘဲ သူငါကိုဖက်ထားတုန်း ငါအိတ်ကပ်ထဲကို သူထည့်ပေးခဲ့တာ ငါမယုံဘူး သူအဲလောက်ရူးလိုက်မယ်ဆိုတာ ...



ငယ်ချင်း ................အိုကေ နောက်မှဖုန်းပြန်ခေါ်မယ်နော်



ငါ .......................ပျော်ရွင်စွာနဲ့ ကောင်းပြီလေး ဘိုင့် ငါအိမ်မှာဘဲသူဖုန်းကို စောင့်ပြီနေတော့မယ်



ငါတီဗီကိုဖွင့်ကြည့်တော့



ဆိုးဝါးလွန်းတဲ့သတင်း



An airplane has crashed. Over 47 young boys died, we are still searching for survivors... This is a tragedy we will never forget, this plane was flight 1-80... it was on its way to an all boys boarding school..."



သတင်းကြေငြာသူက အဲလိုပြောခဲ့တယ်



ငါ .............တီဗီကိုပိတ်လိုက်တယ် ....သူဒီကမ္ဘာပေါ်မှာမရှိတော့ ငါလဲ မနေတော့ဘူး သူမရှိလို့ ငါနေစရာအကြောင်းလဲ မရှိဘူး ...ငါဘာလုပ်သင့်လဲ .....ငါငိုခဲ့တယ် ငါကံဆိုးလှချည်းလားး...နစ်နင်ကို ငါအရမ်းချစ်တယ် ..ငါကိုစောင့်နေပါ ..ငါလာခဲ့ပါမယ် ...ငါတို့အတူတူနေမယ်နော် ချစ်ရမယ်....



နောက်၃ရက်ကြာတော့ သတင်းစာမှာ ရှီရဲ့သေဆုံးသတင်းးပါခဲ့တယ်.....



နောက်မကြာခင်မှာဖုန်းမြည်နေတယ် ...တစ်ယောက်မှမကိုင်ကြဘူး .....


PLEASE LEAVE A MESSAGE


နစ် .................အား ဖုန်းကလဲ မတ်ဆေ့ထားခိုင်းနေပြီ


နစ်သူမတ်ဆေ့ထားခဲ့တယ် .....

ဟိုင်း နစ်ပါ ....ငါထင်တယ် နင်အိမ်မှာမရှိဘူးဆိုတာ ...ငါနင်ကိုခေါ်တာက ငါအသက်ရှင် နေသေးတယ်ဆိုတာ နင်ကိုသိစေချင်လို့ပါငါလေယာဉ်နောက်ကျသွားတယ်.. ဘာကြောင့်လဲ ဆိုတော့ နင်ကိုငါနောက်ဆုံးတခေါက်ပြန်လာကြည့်မိလို့လေး..ငါအတွက်မပူပါနဲ့ ငါနေကောင်းပေါတယ်နော် ငါအချစ်ရဆုံး ရှီလေးရယ်.....ငါပြန်လာရင်အတူတူနေမယ်နော် နင်ငိုအောင်ငါမလုပ်တော့မဘူးနော် .





ဒါလဲ နောက်တပုဒ်နော် ပြန်ထားတာ

Tuesday, August 18, 2009

နင်ငါကိုချစ်တယ်လို့ ဘာလို့ဖွင့်မပြောတာလဲ




















ငါရင်ကို ခုန်အောင်လုပ်ခဲ့တဲ့ ချစ်သူရှိတစ်ယောက်ရှိတယ်.. သူနာမည်က ဂျင်း... လွန်ခဲ့တဲ့နှစ်က ငါအမြဲတမ်းသူအကြောင်းကို စဉ်းစားခဲ့တယ် ..ငါတို့ကျောင်းက ပျော်ပွဲစားသွားတဲ့အချိန်မှာ ငါသူနဲ့ ချစ်ခဲ့တယ်... အဲပျော်ပွဲစားမတိုင်ခင်ကတည်းကပေါ့..ငါရဲ့အချစ်က သူအတွက်ဘဲဖြစ်တယ်ဆိုတာ ငါဝန်ခံပါတယ်..အဲဒါနဲ့ ငါတို့ချစ်သူတွေဖြစ်လာခဲ့တယ် ဒါပေမဲ့ ငါတို့ချစ်တဲ့အချစ်က တခြားချစ်သူတွေချစ်တဲ့အချစ်နဲ့ လုံးဝကွာခြားနေတယ်... သူတစ်ယောက်ထဲတာ ငါအာရုံထဲမှာရှိတယ် .. ဒါပေမဲ့ သူအနားမှာ ကောင်မလေးတွေအများကြီးဘဲ ..ငါလဲအဲထဲမှာပါတာပေါ့... အဲဒီထည့်မှာ ငါအတွက်တော့ သူက တစ်ယောက် သော ချစ်သူပေါ့ .. သူအတွက် တော့ ငါဟာတခြားမိန်းကလေးလို့ဘဲပေါ့
'ဂျင်း နင်ရုပ်ရှင်သွားကြည့်ချင်လားလို့' ငါမေးခဲ့တယ်..
'မသွားချင်ဘူး'
'ဘာလို့လဲ ???အိမ်မှာစာလုပ်ရမှာမို့လို့လား???? ငါစိတ်ပျက်စွာမေးခဲ့တယ်..
'မဟုတ်ဘူး... ငါသူငယ်ချင်းနဲ့သွားတွေ့မလို့'
သူကအမြဲတမ်းအဲလို့ဘဲ ... ငါရှေ့မှာလဲ တခြားမိန်းကလေးနဲ့တွဲသွားတယ်... ဒါပေမဲ့ ငါဘာမပြောခဲ့ပါဘူး.. ငါက သူချစ်သူဖြစ်နေလို့ပေါ့.. ချစ်တယ်ဆို့တဲ့စကားလုံးတစ်လုံးကို ငါဘဲပြောရတယ်.. ငါသူကိုသိကတည်းကပေါ့.. အရင်တုန်းကလည်း ငါကိုချစ်တယ်ဆိုတဲ့စကားကို ငါသူဆီက မကြားခဲ့ဖူးဘူး... ငါတို့မှာနှစ်ပတ်လည့်နေ့လဲမရှိခဲ့ဘူး.. သူတရက်မှကိုမပြောခဲ့ဘူး ရက်၁၀၀ ..၂၀၀တာ ပြည့်သွားတယ် နေ့တိုင်း.. ငါတို့နှစ်ယောက်အိမ်မပြန်ခင်မှာ သူကငါလက်ထည့်ကို အရုပ်ကလေးတရုပ်ပေးခဲ့တယ် ဂွတ်ခ်ဘိုင့်လို့ မပြောခင်မှာပေါ့.. တစ်ရက်ကလေးမှ မပျက်ကွက်ခဲ့ဘူး .. အဲဒါဘာကြောင့်လဲဆိုတာ ငါမသိဘူး..
တနေ့မှာ ......
'ငါ.................... အမ်....... ဂျင်း .. ငါလေ.....
'ဂျင်း................. ဘာလဲ ??? ပြောလေ ဘာပြောမလို့လဲ ....
'ငါ....... ......... ငါနင်ကိုချစ်တယ် ...
'ဂျင်း............. ... ဒီအရုပ်ကိုယူပြီအိမ်ပြန်တော့နော်..
သူဘာဖြစ်တာလဲ အဲစကား၃လုံးလေးပြောတာကို အရုပ်ပေးပြီအတင်းကို အိမ်ပြန်ခိုင်းတယ်... ပြန်လှည့်ကြည့်တော့ သူပျောက်သွားတယ် ..သူကပြေးသွားတာကို... သူဆီက နေ့တိုင်းအရုပ်ကလေးတစ်ရုပ်ပြီတစ်ရုပ်အမြဲတမ်းရခဲ့တယ်.. ငါအခန်းတောင်ပြည့်တော့မယ်..အများကြီးဘဲ.... နေ့တနေ့ကိုရောက်ခဲ့တယ်အဲနေ့က ငါမွေးနေ့ ၁၅နှစ်ပြည့်တဲ့နေ့ပေါ့... ငါရဲ့မနက်ခင်းလေးမှာစောစောထခဲ့တယ်.. ငါသူနဲ့ဓါတ်ပုံရိုက်မယ်ပေါ့.. ငါအခန်းလေးထဲငါတစ်ယောက်ထဲနေတယ် .. သူဖုန်းခေါ်မှာကို ငါမျှော်လင့်စောင့်စားနေခဲ့တယ်.. နေခင်းစားကျော်သွားတယ် ..ညစားလဲကျော်သွားပြန်ပြီ ...ကြယ်လေးတွေထွက်ပြီမှောင်တော့မယ်.. သူဖုန်းမခေါ်ခဲ့ဘူး.. ငါရဲ့ ဖုန်းကို အကြိမ်ကြိမ်ပင်ပန်းချင်စွာနဲ့ ငါကြည့်ခဲ့တယ်.. မနက်၂နာရီမှာ.. သူငါဆီကိုရုတ်တရက်ဖုန်းခေါ်တယ် အိပ်ရာကနေ ငါကိုနိုးခဲ့တယ်.. ပြီတော့အိမ်အပြင်ထွက်လာခဲ့တဲ့.. ငါအရမ်းကိုပျော်ရွင်စွာနဲ့ပြေးပြီသူဆီကို ငါသွားခဲ့တယ်..

'ငါ...................... ဂျင်း......
'ဂျင်း.................. ရော့ဒီမှာနင်အတွက်.....
လာပြန်ပြီအဲအရုပ်သေးသေးလေး....
'ငါ.................... အဲဒါဘာလဲ...??????
'ဂျင်း................ မနေ့က ငါနင်ကိုအရုပ်မပေးခဲ့ဘူး.. အခုလာပေးတာ... ငါအခုအိမ်ပြန်တော့မယ် ..ဘိုင်
'ငါ.................... နေဦး....နေဦး ... ဒီနေ့ဘာနေ့လဲဆိုတာနင်သိလား????????
'ဂျင်း................ ဒီနေ့?????အမ်?????
ငါအရမ်းဝမ်းနည်းသွားတယ်...သူငါမွေးနေ့ကိုသူသတိရမယ်လို့ငါထင်ခဲ့တယ်..... သူဘာမှမဖြစ်သလို့နဲ့
လှည့်ပြီလှမ်းလျှောက်ထွက်သွားတယ်.. အဲဒီချိန်မှာ ..
'ငါ.................. နေအုန်း ...လို့ငါအော်ခေါ်ပြောခဲ့တယ်...
'ဂျင်း............... နင်မှာပြောစရာရှိလို့လား??????
'ငါ................... ပြော နင်ငါကိုချစ်တယ်လို့ အခုပြော......
'ဂျင်း............... ဘာလဲ?????
'ငါ................... ငါကိုချစ်တယ်လို့ပြောလေဟာ.......
အင်အားမရှိလောက်အောင် ဝမ်းနည်းသွားတဲ့ငါကသူ ရဲ့ရင်ခွင်ထဲကိုငါဝင်လိုက်တယ်.. သူကရိုးစင်းတဲ့စကားကိုပြောခဲ့တယ်...
'ဂျင်း............. တစ်စုံတစ်ယောက်ကို ငါချစ်တယ်လို့ပြောဖို့လွယ်ပါတယ်..ငါမပြောချင်ဘူး အဲစကားကိုနင်အလွယ်တကူကြားချင်ရင် တစ်ခြားတစ်ယောက်ကို သွားရှာနိုင်ပါတယ်.....
သူပြောပြီအဝေးကိုပြေးထွက်သွားတယ်....
ငါခြေထောက်တွေလှုပ်လို့မရအောင် ငါခံစားရတယ်.. မြေပြင်ပေါ်မှာ ငါပြိုလဲခဲ့တယ်.. သူကဘာလဲ လွယ်ကူတဲ့စကားကိုသူမပြောခဲ့ဘူး...သူဟာငါအတွက်ချစ်ရမဲ့ချစ်သူကောင်လေးမဟုတ်ဘူးဆိုတာငါခံစားရတယ်...
နောက်တနေ့... ငါအခန်းအောင်းပြီငိုခဲ့တယ်... သူငါဆီကိုဖုန်းမခေါ်ခဲ့တာတောင် သူဖုန်းကိုငါစောင့်စားနေမိတယ်.. သူကတော့မနက်မိုးလင်းတာနဲ့ငါရဲ့အိမ်ရှေ့မှာ အရုပ်သေးသေးလေးကို ပေးမြဲပေးနေခဲ့တယ် သူနေ့တိုင်းပေးတဲ့အရုပ်ကလေးတွေကို ငါအိမ်တောင်ဆောက်လို့ရပြီ...

ဘာမဟုတ်ဘဲ ၁လကုန်သွားပြီကျောင်းပြန်တက်ခဲ့တယ်... ငါရင်ထဲကိုသူနာအောင်လုပ်ခဲ့တယ်..သူကို လမ်းမှာတွေ့လိုက်တယ် ကောင်မလေးတစ်ယောက်နဲ့အတူ.. သူငါကိုပြုံးပြခဲ့တယ်..ငါတခါမှမမြင်ဘူးတဲ့အလုပ်ကို သူငါကိုလုပ်ပြခဲ့တယ်.. ငါကိုအရုပ်သေးသေးလေးပေးတယ်.. ငါအဲအရုပ်ကိုယူပြီအိမ်ကိုတန်းပြီပြေးခဲ့တယ်.... သူပေးတဲ့အရုပ်ကိုငါကြည့်ပြီငါမျက်နှာပေါ်မှာမျက်ရည်တွေစီးဆင်းပြီအကြာကြီးငိုခဲ့မိတယ်.. ဘာကြောင့်အဲအရုပ်တွေဘဲပေးနေရတာလဲ???တခြားကောင်မလေးကိုသွားပေးပါလား..ငါစိတ်ဆိုးစွာနဲ့ သူအရုပ်သေးသေးလေးကိုပစ်လိုက်တယ်.. ရုတ်တရက်ဖုန်းထမြည်ခဲ့တယ်.. အဲဒါသူဆက်တာပေါ့.. သူကပြောတယ်
'ဂျင်း.................. အိမ်နားကကားဂိတ်မှာစောင့်တယ်လာခဲ့
ငါအိမ်ကထွက်လာခဲ့တယ် ငါသိပ်လေးနေတဲ့ခြေလှမ်းတွေနဲ့ကားဂိတ်ကိုငါလှမ်းလာခဲ့တယ်... ငါကိုငါသတိပေးလိုက်တယ်.. သူကိုမေ့နိုင်အောင်လို့..အဲဒါမှပြီမှာ.. သူကအရုပ်အကြီးကိုကိုင်ပြီ ငါဆီကိုလာခဲ့တယ်...

'ဂျင်း............. ဂျို နင်တကယ်လာတယ်နော် ??????
ငါသူကိုမုန်းဖို့ငါမလုပ်နိုင်ဘူး.. သူရဲ့ပုံကဘာမှမဖြစ်သလိုနဲ့ ပျော်ရွှင်နေတယ်... သူအရုပ်ကလေးကိုကိုင်ထားတယ်...

'ငါ........................... ငါအဲဒါကိုမလိုချင်ဘူးဂျင်း..
'ဂျင်း........................ ဘာကြောင့်လဲ ဘာလို့လဲ????????
ငါသူလက်ထဲကအရုပ်ကို ငါလုယူပြီကားလမ်းမဘက်ကို ငါလွတ်ပစ်လိုက်တယ်...
'ငါ........................... ငါအဲအရုပ်ကိုမလိုချင်ဘူး... ငါဘာကိုမှာမလိုချင်ဘူး.. ဂျင်း နင်လိုမျိုးလူနဲ့ငါထပ်မဆုံချင်ဘူး....
စို့နေတဲ့ငါရင်ထဲစကားလုံးအားလုံးငါထုတ်ပြောခဲ့တယ်... ဒါပေမဲ့ ဒီနေ့ကတခြားနေ့နဲ့မတူဘူး.. သူမျက်လုံးလေးတွေလုံးဝကိုမငြိမ်ဘူး....
'ငါတောင်းပန်ပါတယ် ဂျို' သူရဲ့သိမ်ငယ်တဲ့အသံနဲ့ငါကိုတောင်းပန်ခဲ့တယ်... သူအရုပ်ကလေးကိုကောက်ဖို့လမ်းမဆီကိုသူသွားနေတယ်....
'ငါ.............................. ဂျင်း နင်ရူးနေလား.. ဘာလို့အဲအရုပ်ကိုသွားကောက်နေတာလဲ အဝေးကြီးကိုလွတ်ပစ်လိုက်..... သူငါပြောတာကို အရေးမစိုင်ဘူး...
Honk!! Honk!!! အသံကိုတီးနေတဲ့ကုန်တင်ကားရဲ့ ဦးတည်ရာလမ်းကသူဆီကိုဖြစ်နေတယ်...
'ငါ.............................. ဂျင်း မသွားနဲ့ မသွားနဲ့ ဂျင်း
.ငါအော်ပြီပြောနေတယ် ဒါပေမဲ့သူမကြားဘူး.. သူအရုပ်ကိုကောက်ဖို့ဘဲ အာရုံစူးစိုက်နေတယ်..
'ငါ.................................... ဂျင်း ရှောင်လိုက် အဲနားကနေရှောင်လိုက်လေ..Honk!! ..... Boom
ဒီအသံကြောက်စရာကောင်းတဲ့အသံ.. ငါရင်တွေအရမ်းတုန်နေတယ် သူဘာဖြစ်သွားပြီလဲ.. ငါသူဆီကိုပြေးသွားတယ်.... သူမျက်လုံးလေးထဲမှာ ငါကိုစကားတစ်လုံးပြောခဲ့ပြီအဝေးကိုထွက်သွားတယ်....
အဲနေ့ပြီတော့ ငါအပြစ်နဲ့ဝမ်းနည်းချင်များစွာငါသူကို လက်လွတ်ဆုံးရူံးခဲ့ရတယ်... ငါရူးသွပ်ချင်များစွာနဲ့အချိန်တွေ၂လတော့ကုန်သွားတယ်... သူငါနဲ့ချစ်သူဖြစ်တဲ့နေ့ကစပြီပေးခဲ့တဲ့အရုပ်သေးသေးလေးကို သူထွက်သွားတဲ့အချိန်ထိငါကိုသူပေးခဲ့တယ်... ငါအဲနေ့ကိုသတိရခဲ့တယ် ငါတို့အတူတူချစ်ခဲ့တဲ့အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာ ငါအရုပ်ကလေးကိုရေတွက်ခဲ့တယ်

၁...၂....၃.....၄...... ငါစပြီရေတွက်တယ်
၄၈၄....၄၈၅... အဲဒါအားလုံးရေတွက်လို့ကုန်သွားတဲ့အရုပ်လေး၄၈၅ ရုပ်ကိုငါရရှိခဲ့တယ်..
ငါစပြီငိုခဲ့တယ် အရုပ်အားလုံးကိုတင်းကျပ်စွာငါဖက်ထားခဲ့မိတယ် အဲအချိန်မှာ
'I LOVE YOU~ I LOVE YOU~!!!! အရုပ်ကလေးရဲ့ရင်ဘတ်ထဲက အသံကလေးထွက်လာခဲ့တယ်....
'I .....LO...VE...YO...U!!!!! တခြားအရုပ်ကလေးကိုကောက်ပြီ အရုပ်ကလေးရဲ့ရင်ဘတ်ကလေးကို ငါဖိခဲ့တယ်....
'I LOVE YOU......I LOVE YOU.....!!!! မဖြစ်နိုင်ဘူး!! ငါ အရုပ်ကလေးတွေရဲ့ရင်ဘတ်တွေကိုဖိထားလိုက်တယ်..

'I LOVE U......
I LOVE U.....
I LOVE U .....
I LOVE U .......
I LOVE U ...... အားလုံးအရုပ်ကလေးရဲ့ရင်ဘတ်ထဲက ထွက်လာခဲ့တယ်......
အသံတွေကလည်းမရပ်မနားထွက်လာခဲ့တယ် 'I LOVE U '... ဘာကြောင့်သူကိုယ်တိုင်မဖွင့်ပြောခဲ့တာလဲ့????????? သူရဲ့အသည်းငါနားမှာရှိနေခဲ့တာဘဲ .... ငါကိုအဲလောက်ချစ်နေရက်တာနဲ့ဘာကြောင့်မဖွင့်ပြောခဲ့တာလဲ??????????? ငါမျက်ရည်မထိန်းအောင်ငိုကြွေးနေခဲ့တယ်... ငါအရုပ်သေးသေးလေး အားးလုံးတွေရဲ့ ရင်ဘတ်ကိုငါလိုက်ဖိခဲ့မိတယ်...ငါကုတင်ဘေးက နောက်ဆုံးအရုပ်ကလေးကို ငါကောက်ပြီကြည့်လိုက်တော့ ဒါသူနောက်ဆုံးပေးခဲ့တဲ့အရုပ်ကလေးငါလမ်းမဘက်ကိုပစ်ခဲ့တဲ့အရုပ်ကလေးပေါ့... အဲဒီအရုပ်ကလေးမှာ သွေးတွေစွန်းနေတယ်... ငါအဲအရုပ်ကလေးရဲ့ရင်ဘတ်ကိုနှိပ်လိုက်တော့..... ငါအရမ်းကိုငိုမိတယ်.... ငါအရမ်းလည်းသတိရတယ်သူကို

'ဂျင်း............................ ဂျို နင်သိလား ဒီနေ့ဘာနေ့လဲဆိုတာ?????? ၄၈၆ရက်တိုင်အောင် နင်ကိုငါချစ်ခဲ့နေ့လေးပေါ့... ၄၈၆ရက်ကိုရောနင်သိလား??? ငါမပြောနိုင်ခဲ့ဘူးနင်ကိုချစ်တယ်လို့..ဘာလို့လဲဆိုတော့ ငါအရမ်းရှက်တယ်ဟာပြောရမှာ... ငါကိုခွင့်လွတ်ပါဟာ အရုပ်ကလေးနင်ကိုပေးရတာ... အဲဒါငါပြောခဲ့တယ်ဘဲ ငါနင်ကိုချစ်တယ်လို နေ့တိုင်းပေါ့ဟာ ငါမသေတဲ့အထိ နင်ကိုငါပြောသွားမယ်... ဂျို ငါနင်ကိုချစ်တယ်.....'

ငါမျက်ရည်တွေမဆည်နိုင်အောင် ငါငိုခဲ့တယ်..ငါအရမ်းငိုခဲ့တယ်...ဘာကြောင့်လဲ...ဘာကြောင့်လဲ.....
'ငါ...................................... အို့ဘုရားရယ် ငါကိုဘာကြောင့်အခုမှာပေးသိရတာလဲ သူငါအနားမှာမရှိတော့ဘူး ဒါပေမဲ့သူငါကို သူမသေခင်နောက်ဆုံးအချိန်မှာတောင် ငါကိုသူချစ်ခဲ့တယ်....




ဘာသာပြန်ပြီတင်ပေးထားတာပါ..တခါမှတော့မပြန်ဖူးဘူးကြိုက်လွန်းလို့ပြန်လိုက်တာ ...သူငယ်ချင်းတစ်ယောက် သူငှားလားတဲ့ဝတ္တုလေးထဲမှာတွေ့လို ကြိုက်သွားတာ

Monday, August 17, 2009

love and hate for me


True love is never die
It only get stronger with time.

Hate is easy.
Love takes courage.

Hate is just a word
for somebody you love but no longer believe in.

Sunday, August 9, 2009

အဝေးကချစ်

Love MySpace Comment

လူုတွေက
အမျိုးမျိုးအဓိပါယ် ဖွင့်နေကြတဲ့



Love MySpace CommentLove MySpace Comment

အချစ်ဆိုတာ ဘာမှန်းမသိခင်




I Love You MySpace Comment
မင်းနဲ့ ဆုံတွေ့ခဲ့တယ်.....




Love MySpace Comment
အကြည့်တွေကိုစွဲလမ်းခဲ့တယ်.....




Romantic MySpace Comment

အနမ်းတွေမှာ သာယာခဲ့တယ်.....



Romantic MySpace Comment
အတွေမှာ နစ်မျောခဲ့တယ်......



Romantic MySpace Comment

အချစ်တွေနယ်ကျွံခဲ့တယ်.....




Romantic MySpace Comment
တကယ်ပါ.....
အဲဒီဆိပ်ကမ်းမှာပဲ
တစ်ဘ၀စာ ကျောက်ချဖို့
ရည်ရွယ်ပြီးချဉ်းကပ်ခဲ့တာ.....




Romantic MySpace Comment
တကယ်ပါ.....
မင်းသာ
ငါရဲ့ဘ၀...





Love MySpace Comment
မင်းသာ
ငါရဲ့ အနာဂါတ်လို့
ခံယူပြီးလက်တွဲခဲ့တာ



Love MySpace Comment
ဘယ်လိုအရာတွေကြောင့်
နီးစပ်ဖို့ ကြိုးစားတိုင်း
ပိုပိုပြီး ဝေးကွာနေရတာလဲ....




Love MySpace Comment

အဲဒီမျှော်လင့်ချက်လေးကြောင့်ပဲ
ငါရဲ့ သိက္ခာတွေ
ငါရဲ့မာနတွေ
ထိုးကျွေးခဲ့တာတောင်





Heart Broken MySpace Comment

နောက်ဆုံးတော့
အရှုးပဲ ပြန်ရလိုက်တယ်....






Love MySpace Comment
သြော်...ဒီတော့
အချစ်ဆိုတာ
(ငါအတွက်)
လိုက်လေဝေးလေပဲပေါ့........


Love MySpace Comment

Saturday, August 8, 2009

မုန့်လက်ဆောင် နဲ့ ငါးချဉ်

ဟီဟီ ရေးတော့မယ် ဟာသ ပေါ့ ဇင်ရဲ့အဖြစ်အပျက်ပေါ့.....ဘာရေးရင်ကောင်းမလဲ..အော် သိပြီ
ဇင်ကငယ်ငယ်ကဆိုအရမ်းအစားမက် အအိပ်မက် ကစားမက်တဲ့ ကောင်မလေးပေါ့.. ဘာလောက်ထိမက်လဲဆိုတော့ မနက်နိုးလိုမရရင် မုန့်နဲ့နိုးတာ ဘယ်လို့နိုးလဲဆိုတော့ ပအို့မ(အိမ်မှာဆို ပအို့မ လို့ဘဲခေါ်တယ်လေ)အတွက် မုန့်ချန့်ထားအုန်းလေး အကုန်မစားနဲ့လေ မုန့်ကုန်သွားပြီလား ..အဲလိုလေးဘဲ ကြားလိုက်တာနဲ့ အိပ်ရာကနေ ခုန်ြပီထတာ...အတင်းဘဲ ဘယ်မှာလဲ မုန့် ဘယ်မှာလဲ လို့အတင်းကိုမေးတာ မုန့်မြင်မှာ မျက်နှာသစ်တာ ..မုန့်မမြင်ရင်ပြန်အိပ်တယ် ဟီဟီ အဲဂလိုပေါ့ .......ဇင်ရဲ့ဦးလေးက အမြဲနောက်တတ်တယ် ......

အဲညက ဇင်အစောကြီး အိပ်ရာဝင်တယ် ....ဇင့်ဦးလေး ကို အလုပ်ကပြန်လားတော့ သူမှာ မုန့်ပါတယ်ဆိုတဲ့ အသံကိုတော့ကြားလိုက်တယ် အိပ်ရာကနေ ..

(.ဇင်မှာ ဦးလေးငယ်ရှိတယ် သူနာမည်က လင်းလင်း ...ဇင်ထက် ၂နှစ်လောက်ဘဲကြီးတယ် )

ဘာမုန့်လဲတော့မသိ ...ဇင်ဦးလေးကြီးက ဇင်ကိုနောက်ချင်တော့ ပြိုင်တူသူတို့ညီအကိုအတိုင်အဖောက်ကို ညီနေတာဘဲ ..လင်းလင်း မုန့်လက်ဆောင်ကို ကုန်အောင်မစားနဲ့နော် ..ပအိုမအတွက်ချန်ထားအုန်းတဲ့ ..လင်းလင်းကလဲတစ်ထုပ်ဘဲစားမယ်တဲ့ ပအိုမအတွက်တစ်ထုပ်ချန်ထားတယ်တဲ့ ... ချက်ချင်းကို ထပြီဘယ်သူကိုမှမကြည့်ဘူး ရေခဲသေတ္တာကိုဖွင့်ပြီး အထဲမှာတွေ့နေတဲ့  အဖြူရောင်အထုပ်ကို ဖြည်ပြီ ပန်းကန်ထဲကို ထည့်လိုက်ပြီ အိပ်ချင်မူးတူးနဲ့ပေါ့ ...ဟာ မုန့်လက်ဆောင်ကလည်းအရည်လဲမပါဘူး ရေခဲသေတ္တာကို ပြန်ဖွင့်ပြီထက်ရှာလိုက်တယ် ..မစားရသေးဘူး အားလုံးအိမ်ရှေ့မှာ တီဗီ ကြည့်နေတော့ လှမ်းမေးလိုက်တယ် မုန့်လက်ဆောင် ဘာလို့အရည်မပါတာလဲ ဘာလို့အဖတ်ပါရှိတာလဲလို့ အော်ပြီမေးလိုက်တော့ အိမ်က ဦးလေးကြီးရော အဘွားရော အဒေါ်ရော နောက်ဖေးကို ပြေးလာပြီ ကြည့်တယ် အားလုံးက အားရပါရကိုဇင်ကိုကြည့်ကြည့်ပြီ ရီနေကြတာ ဘာလို့ရီတာလို့တောင် ပြန်အော်လိုက်သေးတယ် ...နင်နိုးရဲ့လား..ဇင်ကလည်းနိုးပါတယ်လို့ ပြန်ပြောလိုက်တယ် ....ဘယ်သူမုန့်လက်ဆောင်ဝယ်လားလိုလဲ ကျဲ့ကျဲ့ဝယ်လာတာမဟုတ်ဘူးလား

(ကျဲ့ကျဲ့ကဇင်ဦးလေးကြီးကိုခေါ်တာပါ မွန်လို့မျိုးခေါ်တယ်လေ လင်းလင်းကငယ်ငယ်တုန်းက
ခေါ်တော့လိုက်ခေါ်တာ အကျင့်ဖြစ်သွားတယ်ဟီဟီ မြန်မာလိုဆို ကိုကိုကြီးပေါ့ တရုတ်မှာဆို မမပေါ့ ဟီဟီ)....

နင်ထည့်ထားတဲ့ မုန့်ပန်းကန်ကို ပြန်ကြည့်လိုက်အုန်း မျက်လုံးကို ကြီးကြီးဖွင့်ပြီကြည့်...အေးပေါ့ သူတို့ပြောတဲ့အတိုင်းကြည့်တာ ပေါ့ မမြင်ရမှာဆိုလို ပန်းကန်ကို ကိုင်ပြီ မျက်နှာနားလောက်ကို တိုးပြီကြည့်လိုက်တော့ ဟွန်းအနံက တမျိုးဘဲ ဘာလဲမသိဘူးဆိုပြီထပ်ကြည့်တယ်...ကြည့်ရင်းကြည့်ရင်း ဒါတောင်မမှတ်မိသေးဘူး ကိုယ်ဘာကိုင်ထားတယ်ဆိုတာ .ဟီဟီ မုန့်ငမ်းချက်က ကမ်းကုန်တယ်.......မုန့်လက်ဆောင် နဲ့ ငါးချဉ်ကို မှားရတယ်လို့ .....အဲလိုငမ်းတာမုန့်ကို အိမ်က ပြောတယ် နင်အဲဒါဖွင့် တာ အနံမရဘူးလားတဲ့ ဖွင့်တုန်းက အနံမရမိဘူး တကယ်လဲ မရဘူး ...အဲလောက်ငမ်းတာ ကျဲ့ကျဲ့ က နင်အကြောင်းသိလို့ နောက်လိုက်တာ တကယ်ထမယ်လို့တောင် မထင်ဘူး .....အခုထိ ငါးချဉ်စားရင် မုန့်လက်ဆောင်ကို သတိရတယ် ...ဟီဟီ ကိုယ် ပြောနေရင်တောင် ရီရလွန်းလို့ ဗိုက်အောင့်လာပြီ လူများရီရလားမရီရလားတော့မသိ ဇင်တော့ ပြန်ဖတ်ပြီ ရီနေတုန်းဘဲ ...သူတို့က ငါးချဉ်ဝယ်လာရင် ပအိုမကို မုန့်လက်ဆောင်ကျွေးလိုက်အုန်းဆိုတာကို အမြဲနောက်တော့တာဘဲ .....တအိမ်လုံးက အဲဂလိုပြောတာ ငါတို့ ရာဇ၀င်မှာ အဲလိုမျိုးမကြုံခဲ့ဖူးဘူး...နင်ကြမှာဘဲမကြုံဖူးတာတွေ ကြုံဖူးတော့တယ် ...ဟားဟား ငတ်ချုက်က ကမ်းးကုန်တယ်..

Monday, August 3, 2009

အချစ်ဦး

[ Click Me ][ Click Me ]



မိုးတွေသည်းလွန်းနေတဲ့ညနေခင်းတခု
တီရှပ်အဖြူလေးနဲ့ကောင်လေးတယောက်


































ဝိုင်းစက်နေတဲ့မျက်ဝန်းတစုံ
ထူးဆန်းလွန်းတဲ့အကြည့်တချက်


Passion MySpace Comment
ဖူးငုံနေတဲ့ နှုတ်ခမ်းနှစ်လွှာ
စွဲမက်စေတဲ့အပြုံးလေးတစုံ




Sadness MySpace Comment
တခါတခါမှာ
ငါဘာတွေစဉ်းစားနေတာလဲလို့
ငါ့ကိုယ်ငါပြန်မေးမိတယ်...
ထွက်လာတဲ့အဖြေကတော့

[ Click Me ]

ငါဘယ်သူကိုမှ
ဘယ်တုန်းကမှ မလိုက်လျော
မစွဲလမ်းမချစ်ခဲ့ဖူးတဲ့အချစ်နဲ့
စွဲလမ်းခဲ့ရတဲ့
ချစ်ဦးသူအကြောင်း.......





[ Click Me ]

နောက်ဆုံးတော့
ငါစောင့်နေတာသိရဲ့တာနဲ့
နင် မပြန်လာခဲ့ဘူးနော် .....

[ Click Me ]


ခဏတာ

Romantic MySpace Comment

ညှိုချက်ပြင်းတဲ့မင်းမျက်ဝန်းတွေထဲ
ငါခဏတာကျဆုံးသွားခဲ့



Friendship MySpace Comment

သူငယ်ချင်းတွေပြောတဲ့စကားကိုလဲ
ငါခဏတာ ယုံကြည်မိခဲ့






















အခုတော့မင်းရဲ့ ပွေရှုပ်မှုတွေကိုသိတော့




Women MySpace Comment




မင်းအပေါ်ငါထားခဲ့တဲ့ သဘောထားတွေပျက်သုဉ်းခဲ့ပြီပေါ့.....

Sunday, August 2, 2009

ကြယ်လေးမေးတဲ့မေးခွန်း

Women MySpace Comment

ကြယ်လေးတွေကမေးတယ်....
ဘာဖြစ်လို့ငိုနေတာလဲတဲ့......
လွမ်းလို လို့ဖြေတော့
ဘယ်သူအတွက်နဲ့လဲတဲ့.....
တယောက်ယောက်ပေါ့နော်..
အဲဒီတယောက်ယောက်ကရော ဘယ်မှာရှိတာလဲတဲ့.....
မထင်မှတ်ခဲ့တဲ့နေရာလေးတခုမှာ
တို့နှစ်ယောက်အကြည့်ချင်းဆုံခဲ့ကြတာလေ.....
ထင်ယောင်ထင်မှားနဲ့ငါကယောင်ချောက်ချားဖြစ်နေတာ
အခုညပေါ့....လေပြေညင်းထဲမှာလွင့်လာတာ
နင်အသံထင်ပါရဲ့နော်.....မဖြစ်နိုင်ပါဘူး....
နင်နဲ့ငါက နိုင်ငံခြားနေပြီပဲလေ......
တကယ်ဆို ငါတို့နှစ်ယောက်ကြားမှာ
မာနတံတားကြီးခြားမဲ့အစား
ချစ်ခြင်းလှေကားထစ်လေးတွေရှိမယ်ဆိုရင်
ငါတို့နှစ်ယောက်အတွက်
ရင်ခုန်စရာဖြစ်မှာပါနော်..........

အဖြူရောင်သူငယ်ချင်းလေးဧ။်ငိုအက်သံ

လေပြေလေးများကိုတွေထိစဉ်ခဏလေးမှာ
ငါထင်လိုက်မိတယ်...ဒါဟာအိပ်မက်လေးလို့....
မင်းမျက်ဝန်းထဲမှာ ဖွေရှာကြည့်လိုက်တော့
သံယောဇဉ်နွယ်ကြိုးလေးတစ်ကြိုးကပ်ငြိတွယ်လို့
မင်းကိုသူငယ်ချင်းဆိုတဲ့အသိ ငါ့နှလုံးသားမှာ အမြဲတမ်း
ရေရွတ်ခဲ့တာ ဒီနေ့မတိုင်ခင်ပါပဲ.....
မင်းရဲ့ရင်မှာ နစ်စွဲစိုက်ဝင်နေတဲ့ကြင်နာစွဲ
လွမ်းသမျှတိုင်းကို မျက်ရည်တွေနဲ့ အစားထိုးလိုက်ပါတော့နော်...
ဖြူစင်လွန်းတဲ့မင်းကို မနာကျင်ရက်ပေမဲ့...
လျပ်တပြက် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို
တရေးနိုးအိပ်မက်တွေလို့ မင်းယူဆလိုက်ပါ...
ထင်မြင်ချက်နှင့်ခံယူချက်မှာ
ဘယ်အရာက
မင်းအတွက်ပိုပြီးအရေးပါလဲ...?
သူငယ်ချင်းဆိုတဲ့
အဖြူရောင်တံတိုင်းကိုကျော်ဖြတ်ဖြိုခွဲဖို့
မင်းမှာ ခံစစ်နှလုံးသားတစ်စုံရှိတယ်ဆိုတာ
ငါသိပါတယ်...
ဒါပေမဲ့ အမိန့်ပေးစေခိုင်းနိုင်စွမ်းမရှိတဲ့
ငါရဲ့ နှလုံးသားကိုတော့ ခုခံမြှားအဖြစ်
ငါမသုံးပါရစေနဲ့နော်....
မင်းကိုသနားလို့ပါ....
ငါရဲ့မလှပတဲ့အတိတ်နဲ့ မကိုက်ညီတဲ့ပစ္စုပန်ကြားမှာ
အိုဟောင်းညစ်နွမ်းနေတဲ့ပန်းချီကားချပ်တွေ
စီးချက်မမှန်တော့တဲ့ငါခြေလှမ်းတွေ
ပြိုလဲကုန်တဲ့ငါမျက်ရည်တွေ ....ဒါတွေအားလုံး
ပြောင်းလဲကုန်တာ သူငယ်ချင်းဆို့တဲ့မင်းကြောင့်ပါ.....
ကွဲအက်နေတဲ့ မင်းရဲ့ရှိုက်သံတွေ
ငါမကြားပါရစေနဲ့တော့....
မင်းကိုဆက်ချစ်နေဦးမှာပါ...
အဖြူရောင်သူငယ်ချင်းလေး
အဖြစ်နဲ့ပေါ့.....ထာဝရအတွက်ပါပဲ................

ရင်တွင်းအဖြစ်အထာ


ဘယ်သူမှမသိခင်ကတည်းက
တိတ်တိတ်ကလေးရှိပြီးသား
ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အချစ်
သူလည်းမသိ ကိုယ်ကိုကိုယ်တောင်
မရေရာခဲ့ပါဘူး......
ခိုးကြည့်ခဲ့ရတဲ့နေတွေ
ငေးမောနွမ်းလျတဲ့ညနေခင်းတွေမှာ
ကိုယ်ဟာ နေမြင့်လေ အရူးရင့်လေနဲ့
မိန်းမသားစကား ဘယ်လိုလုပ်ဖွင့်ပြောနိုင်မလဲကွယ်....
တကယ်ပါ...ချစ်တတ်ကြတာခြင်းအတူတူကို
ရင်ဖွင့်ပြမရနိုင်တဲ့ မိန်းကလေးတွေရဲ့ နှလုံးသားစကားအထာ
မျက်ဝန်းတွေမှာ အဓိပါယ် တွေအပြေည့်
ဒါတွေကို မင်းခံစားနားလည်ဖို့
နင်ရဲ့ ရင်ဘတ်တခြမ်းလောက် ငှားခွင့်ပြုပါ ချစ်သူရယ် .....

တိတ်တခိုး ငါညည်းရင်း.....


တိတ်တိတ်လေးချစ်ပြီး
မျှော်လင့်တကြီး ရူးသိပ်ခဲ့ဖူးတယ်...
ပြောင်းလဲလို့မရလဲတဲ့ချစ်ခြင်းတခုဟာ
သူအတွက်ဖြစ်တည့်ခဲ့တာတောင်
သူအချစ်ဟာ ငါ့အတွက်မဖြစ်ခဲ့ပါဘူး...
သူချစ်နေတာက တခြားတစ်ယောက်လေ....
ဝမ်းနည်းစရာကောင်းပေမဲ့လည်း
အစကတည်းက တစ်ဖက်သတ်ချစ်သူမို့.....
အပြစ်မမြင်ရက်ပါဘူးလေ.....
ဒါပေမဲ့လည်းရင်နှင်မဆံတော့ခံစားငိုကြွေးခဲ့ရတယ်......
သူသိပါစေလို့မရည်ရွယ်ပေမဲ့ပြောမိတဲ့စကား.....
ရေးမိတဲ့စာ....စပ်မိတဲ့ကဗျာတွေဟာ
သူနဲ့ပတ်သက်ပြီးခံစားရတဲ့
သီးသန့်ဝေဒနာလေးတွေဖြစ်ခဲ့တယ်.....
ပျော်ရွင်မှုတောင် စိတ်လွတ်ကိုယ်လွတ်
ခံစားလို့မရတဲ့ ကိုယ်က
သူနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုတော့
အနိုင်နိုင် အင်အားနဲ့လက်ခံနေတုန်းပဲ
သူအကြောင်းတစ်ခါတွေးတိုင်း
မျက်ရည်တစ်ခါကျတတ်နေတဲ့
ကိုယ်ရဲ့ရင်ကိုခွဲပြလို့ရရင်
ပြလိုက်ခြင်းပါရဲ့.......
ကိုယ်ရဲ့နှလုံးသားတွေခန်းကုန်ပြီလေ.....

Saturday, August 1, 2009

မာယာမရှိတဲ့အချစ်



ချစ်သူ
မာယာတွေ..အိုင်တင်တွေ..မလုပ်တတ်ဘူး
ပွင့်လင်းစွာနေတတ်တယ်
ချွှဲ့ပျစ်ပျစ်စကားလုံးတွေ မပြောတတ်ဘူး
နင်ရည်းစားဟောင်းလိုတော့ မောင်...ကိုကို လို့လဲ မခေါ်တတ်ဘူး
ဟန်ဆောင်တဲ့စကားနဲ့နင်အချစ်ကို ငါမကစားခဲ့ဘူး
PLEASE မပြောပါနဲ့ ငါကို "အိုင်တင်ခံနေတယ်လို့"
ငါဟာအပွင့်လင်းဆုံးနင်ကို စကားပြောခဲ့တယ်
ငါနင်ကိုအရမ်းချစ်တယ် ဒါပေမဲ့ အလိုမလိုက်ဘူးနော်
နင်ရဲ့ ရည်းစားဟောင်းချစ်တဲ့ အချစ်လောက် ငါအချစ်ကိုမမီသေးပါဘူး နော်

Thursday, July 30, 2009

i feel lik that :'(

Wednesday, July 29, 2009

မတက်ဖူးတဲ့တောင်ရဲ့အဖြစ်အပျက်


ဘာရေးရင်ကောင်းမလဲလို့စဉ်းစားနေတာ သူငယ်ချင်းတွေကိုသတိရလို့ သူတို့နဲ့လျှောက်လဲခဲ့အဖြစ်ကိုဘဲရေးတော့မယ်..

ဟီဟီ ရေးရမှာလဲ ရှက်စရာကြီး ..အဲနေ့က ဘုရင်မွေးနေ့ပေါ့ သူငယ်ချင်းတွေကလည်း တယောက်မှကိုယ်နဲ့ရွယ်တူမရှိဘူး...သူတို့ကအကိုနဲ့လာခင်တော့ ဇင်နဲ့ခင်သွားတာပေါ့ ဘုရင်မွေးနေ့မှာဘာလုပ်မလဲလို့ သူတို့လာမေးတယ် အကိုကို့လာမေးတာ ဇင်ကိုတော့မဟုတ်ဘူး သူတို့ တောင်တက်မယ်တဲ့ အကိုကို့လာခေါ်တယ် အကိုကပြောတယ် ငါတောင်တက်တာ တခါဘဲတက်ဖူးတယ်တဲ့မလိုက်ချင်ဘူးတဲ့ ဇင်ကကြားတော့ ဇင်လိုက်မယ်လို့ ကိုကိုမလိုက်ရင်နေလို့ ဇင်တော့လိုက်မယ်လို့ တခါမှမတက်ဘူးလို့ တက်ချင်တယ်လို့ ပြောလိုက်တယ် အမေ ကဇင်ဇင် ဟုတ်မှလုပ်နော် နင်နော် ..ငါသိတယ်တဲ့ မလုပ်ဖူးတာလုပ်ရင် နင်ဘာဖြစ်မယ်ဆိုတာသိတယ်နော် ...ဘာမှမပြောဘူး လိုက်သွားတယ် တောင်က နည်းနည်းတော့မြင့်တယ် အဲတောင်ဆီကိုသွားရတာတော်တော်ဝေးနေတာကို တောင်က အိမ်နဲ့ နီးနီးလေး ကိုကိုက ဇင်သွားမယ်ဆိုတော့ သူမပါလို့မရတော့ဘူးလေ လိုက်မှရတော့မယ်ဆိုလို့ သူပါ လိုက်လာရတယ် ..ယောကျားင်္လေး ၅ယောက် မိန်းကလေး က ဇင်ဇင်နဲ့ ဆို၃ယောက် ပေါ့ ..တက်မတည်းက အပေါက်လမ်းမတက်ဘူး ကြောက်နေသေးတယ် အံ့ပ....လူများကအပေါ်ရောက်နေပြီ ကြောက်လို့ဆို ပြန်ဆင်းခဲ့တယ် အဆင်းကလည်းလျှောနေတယ် တက်တုန်းကဘယ်လို့တက်လဲတော့မသိ မဆင်းတက်တော့ ကိုကိုရေ အော်ခေါ်ပြီ အောက်ပြန်ပို့ပေးလို့ ကိုကို သူငယ်ချင်းက (မှတ်ချက် ကိုကို သူငယ်ချင်းအားလုံးကဇင်ဇင်ကို အငယ်မ လို့ခေါ်တယ် ) အငယ်မဒီထိရောက်နေပြီမှာဘာလို့ ပြန်ဆင်းမှာလဲ တက်လာခဲ့  နင်တက်လို့မရရင်တောင် ချီသွားမယ်ဆိုလို့ တက်တာ့ပေါ့ ....ကျန်တဲ့အမတွေကလည်းအပေါ်တောင်ရောက်နေပြီလားမသိ..အမြင့်ရောက်လို့မတတ်တက်ရင် ကိုကိုသူငယ်ချင်းကအပေါ်ကလှမ်းဆွဲပေးတယ် ..ဒီလိုနဲ့ တက်ရင်းလမ်းမှာတွေတဲ့ ပန်းတွေခူးတာပေါ့ တောသဇင်တွေကလည်း လှမှလှ မှီတဲ့ ပန်းကို အမြစ်ပါမကျန်ခူးခဲ့ တယ် အိမ်မှာစိုက်ဖို့ဆိုပြီ အကြံနဲ့ပေါ့ ဒီလို့အကူအညီနဲ့တက်လာတာပေါ့ အပေါ်လဲရောက်ရော ရူခင်းလေးက လှလိုက်တာမပြောနဲ့ အိမ်တွေကိုအားလုံးလဲမြင်ရတယ်...ဘယ်နေရာဘာရှိလဲဆိုတာလဲ သိခဲ့ရတယ်...ခနနားပြီ ပြန်ဆင်းမယ်ဆိုပြီဆင်းကြတာပေါ့ကိုကိုသူငယ်ချင်းတွေကဇင်ဇင်အဆင်းမှမဆင်းတက်မှာဆိုလို့ဆိုပြီ လမ်းကြောင်းပြောင်းပြီဆင်းတာပေါ့ အဆင်းကဟုတ်နေတာဘဲ အောက်ရောက်နီးဖို့ နည်းနည်းဘဲလို့တော့တယ်..ဆင်းဖို့အတွက် မတ်နေတဲ့ ကျောက်တန်းကိုမဆင်းရဲဘူး မတ်နေ့တော့ ဆင်းတာကအလယ်ရောက်နေပြီ မဆင်းရဲလို့ အလယ်မှာတစ်နေတယ် ...အောက်ရောက်တဲ့ သူတွေက ဆင်းခဲ့လေး နီးနီးလေး ဘဲ ခုန်ကျဖို့က အောက်မှာကျောက်တုန်း ကြီးတတုံးရှိနေတယ် ..မဆင်းရဲတော့ဘူး ကြောက်လွန်းလို့ ငိုမိတာပေါ့ ..အောက်က ကိုကိုပြောတယ် သူရှိတယ် မကြောက်နဲ့တဲ့ အောက်က ကိုကိုသူငယ်ချင်းကပြန်တက် ပြီ သူကအပေါ်ကနေလက်ကိုကိုင်ပြီထိန်းထားတယ်အောက်မှခြေထောက်နဲ့မိတဲ့နေရာကိုမှီပြီဆင်းတဲ့..
သူတို့ပြောတဲ့အတိုင်းလိုက်စမ်းတာပေါ့ ...မမိဘူးသူတို့ပြောတဲ့နေရာကို ...ဟိုလိုလဲမရဒီလိုလဲမရတာနဲ့ နောက်ဆုံးအကြောက်လွန်းနဲ့ မောတာနဲ့ မေ့သွားတယ် နောက် သတိရလားတော့ အောက်ရောက်နေပြီ ...ဟီဟီ အငယ်မ နင်လုပ်လိုက်ရင် အလန့်တကြားကြီးဘဲ တဲ့..ဘာမှမပြောတော့ဘူး အိမ်ကမသိစေနဲ့တဲ့ ...ဇင်ဇင်ကလည်းပြန်ပြောလိုက်တယ် တခါမှမတက်ဘူးတာကို .....

နောက်တောင်တက်မဲ့ကိစ္စဆိုရင်ဇင်ဇင်တို့ကဝေးဝေးရှောင်ဘဲ..သူတို့နဲ့တွေ့ရင်ပြန်ပြောပြီရီကြတာပေါ့ နောက်တက်ချင်တာတောင်တက်လို့မရတော့ပါဘူး...သူငယ်ချင်းတွေအားလုံးကလည်း နိုင်ငံတွေခြားနေတော့ပြန်ဆုံဖို့ဆိုတာမလွယ်တော့ဘာဘူး

အိပ်ပျော်နေတဲ့ ငါနှလုံးသား

[ Click Me ]



အိပ်ပျော်နေတဲ့

ငါနှလုံးသားကို

နင် အမြဲတမ်း

တံခါးခေါက်
လာနိုးနေလို့

နောက်ဆုံး ကြည့်ဖြူစွာ

ဖွင့်ပေးပြီမှာ


ထွက်သွားရတာလဲ။။

Monday, July 27, 2009

ရောင်းရန်ရှိသည်




သူကို ရောင်းရန်ရှိသည်.......
$ 100 ဘဲပေးပါ ...လိုချင်ပါက ဆက်သွယ်ရန်လိပ်စာ ကွန့်မန်ပေးလိုက်ပါ ဟီဟီ
ဈေးညှိုလို့ရသည် ...

သူရဲ့အကြောင်း
အသက်က 17
နမည်က ဘိုဟိန်း
နေရပ်က သူအိမ်မှာပေါ့
ဝါသနာက သူသီချင်းဆိုတာအရမ်းကောင်း ..ဘောလုံးကန်တာအရမ်းတော်
အချစ်က သူကကျမကိုအသေချစ်တာ အဲလိုမျိုးချစ်တဲ့အချစ်ကဘယ်မှာမမြင်ဘူးသေးဘူး (မယုံရင်ဝယ်ကြည့်)
ရည်းစားက အယောက် ၅၀လောက်ရှိတယ်
ချစ်သူက ၁ယောက်ဘဲရှိသေးတယ် ..........>အဲဒါကျမလေ ဟီဟီ

သိချင်တာရှိသေးရင်ဆက်သွယ်လိုက်ပါနော် ...

Sunday, July 26, 2009

သိပ်ချစ်ခဲ့တယ်



အော် ငါအရမ်းချစ်ရတဲ့သူရယ် ...
နင်ဒီဓါတ်ပုံပို့ပေးတာတောင် ငါနင်အပေါ် စိတ်မကုန်သေးဘူးဆိုတာ
နင်သိပါတယ်နော် ..ငါနင်ကို အရမ်းချစ်တယ် ....
ဒါကအပျော်ပါလို့နင်ပြောခဲ့ပေ့မဲ့
ငါရင်ထဲမှာမကောင်းခဲ့သလို နင်အတွက်နဲ့ငါအရမ်းငိုခဲ့ရတယ် ....
နင်ဒီဓါတ်ပုံလေးပို့ခဲ့တဲ့အချိန်မှာပေါ့ ...
ဘာဘဲဖြစ်ဖြစ် ငါနင်ကိုချစ်တယ် ...
နောက်ထက်ငါငိုအောင် နင်မလုပ်ပါနဲ့တော့ချစ်ရတဲ့သူရယ် ....


Love is patient..
Love is kind..
It does not boast..
It is not proud ..
It is not rude
It is not self-seeking
It is not easily an greed
It keeps no record of wrongs
I love u in my deeply heart ....

သက်ကိုအတွက်




Saturday, July 25, 2009

အော်အရက်..အရက်


အရက် သောက်ရင်မူးမှန်းသိရင် ဘာလို့များသောက်နေပါလဲနော် ......
ကိုယ်ကျန်းမာရေးကိုဂရုစိုက်ရမှန်းမသိအောင် သောက်တာ တော်တော် အသိဥာဏ်မဲနေလို့ဖြစ်မယ်လို့တော့ ကျမထင်ပါတယ်.......အဲဒါကိုများပညာတတ်လို့ပြောရင်တော့ကျမတော့လက်မခံပါရှင်..
တနိုင်ငံလုံးသောက်ကဒီအရက်ကိုသောက်ကြတာဘဲဟုတ်ပါတယ်သောက်ကြပါတယ်...
မသောက်တဲ့သူတွေနည်းသလောက်တော့ရှိပါတယ်.
ကျမလဲသောက်တတ်တာဘဲ..အားလုံးကချင့်ချိန်ပြီသောက်ကြတာလေး ...၀ီစကီလေးးကိုစားပွဲခုံပေါ်မှာတင်ရင် ကျက်သရေရှိတယ်လို့ပြောတဲ့ သူတွေကရှိသေးတယ် နော် .အော်အဲလောက်ထိရှူးတဲ့သူတွေကရှိသေး ...အရက်ကို မိန်းမထက် ချစ်တဲ့သူတွေကတော့တော်တော် ဦးနှောက်မရှိလို့ဘဲ ...ဒီနိုင်ငံကကိုယ်နိုင်ငံမဟုတ်ဘူးဆိုတာကိုယ်သိရဲ့တာနဲ့ မပျော်ပါးနဲ့ပေါ့ ကိုယ်နိုင်ငံမဟုတ်လို့ ကိုယ်ဖြစ်ရင်ကိုယ်ခံရမယ်...အကူအညီလိုရင် ပေးချင်မှပေးမှာ .....သေရင်တောင် လာလှူလိုက်မယ်$၂၀ အဲလောက်ဘဲလူများကပေးမှာ ....ဘယ်သူမှာ လာကူညီနိုင်မှာမဟုတ်ဘူး ...အားလုံးက သူအလုပ်နဲ့သူဘဲ ..ဘယ်သူမှာအလုပ်ပျက်ပြီမလား...ခက်ခက်နဲ့သင်ခဲ့ရတဲ့ ပညာတွေကိုဘယ်မှာအသုံးသွားချလဲ.....အော်အော် အရက်ကြောင့် ဦးနှောက်ကို အသုံးချသင့်တဲ့နေရာမှာတောင်မချတတ်ကြတော့ဘူး နော်......သောက်စရာရှိရင်း လာသောက်ကြပြီသူငယ်ချင်းတွေကကိုယ်ဖြစ်ရင် ဘယ်သူမှာလာမလဲမကြည့်ကြဘူးဆိုတာရောသိရဲ့လား..အခုသိလို့ရောဘာလုပ်လို့ရလဲ ...အားလုံးနောက်မကျသေးပေမဲ့ ပြုပြင်ဖို့ခဲရင်းတယ်နော် .....


မှတ်ချက်...ကျမရဲ့အသိတစ်ယောက်က အရက်အရမ်းသောက်တာကိုကြည့်ပြီ စိတ်တိုတိုနဲ့ ရေးတာ သူကိုမပြောရဲ့လို ဒီမှာဘဲပြောတော့မယ် .......

Friday, July 24, 2009

ဒါလေးများ


သူငယ်ချင်း အသဲမကွဲနဲ့ one go two come နော် ....နင်က ယောကျာ်းလေးဘဲ ဘာဖြစ်မှာမို့လဲ ...ယောကျာ်းလေးပြောတဲ့ စကား၇ခွန်းကို သူဖတ်ရောဘာဖြစ်မှာမို့လဲ
သူငယ်ချင်း ငါရှိတယ် ဘာမှမဖြစ်နဲ့ အဲဒါနင်ကို သူတကယ်မချစ်လို့ ချစ်ရင် နင်ပြောတဲ့အတိုင်း သူနေရင် အဲတာနင်ကိုသူချစ်လို့ဘဲ......အခုနင်ခေါ်လို့သူကအဲယောကျာ်းပြောတဲ့ စကား၇ခွန်းကို သူဖတ်ပီပီ ဆို့တောနင်ကို သူက အဲလိုထင်ရင် ....သူနင်ကို လုံးဝမချစ်လို့သိလားးး
ချစ်သူငယ်ချင်းငါရှိတယ်နော် နင်နားမှာ....

Thursday, July 23, 2009

lovely