
ဘယ်သူမှမသိခင်ကတည်းက
တိတ်တိတ်ကလေးရှိပြီးသား
ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့အချစ်
သူလည်းမသိ ကိုယ်ကိုကိုယ်တောင်
မရေရာခဲ့ပါဘူး......
ခိုးကြည့်ခဲ့ရတဲ့နေတွေ
ငေးမောနွမ်းလျတဲ့ညနေခင်းတွေမှာ
ကိုယ်ဟာ နေမြင့်လေ အရူးရင့်လေနဲ့
မိန်းမသားစကား ဘယ်လိုလုပ်ဖွင့်ပြောနိုင်မလဲကွယ်....
တကယ်ပါ...ချစ်တတ်ကြတာခြင်းအတူတူကို
ရင်ဖွင့်ပြမရနိုင်တဲ့ မိန်းကလေးတွေရဲ့ နှလုံးသားစကားအထာ
မျက်ဝန်းတွေမှာ အဓိပါယ် တွေအပြေည့်
ဒါတွေကို မင်းခံစားနားလည်ဖို့
နင်ရဲ့ ရင်ဘတ်တခြမ်းလောက် ငှားခွင့်ပြုပါ ချစ်သူရယ် .....
.. မရောက်ဖြစ်တာ ကြာပြီ ...
9 months ago
0 Yorum var:
Sen de yaz