Tuesday, August 18, 2009

နင်ငါကိုချစ်တယ်လို့ ဘာလို့ဖွင့်မပြောတာလဲ




















ငါရင်ကို ခုန်အောင်လုပ်ခဲ့တဲ့ ချစ်သူရှိတစ်ယောက်ရှိတယ်.. သူနာမည်က ဂျင်း... လွန်ခဲ့တဲ့နှစ်က ငါအမြဲတမ်းသူအကြောင်းကို စဉ်းစားခဲ့တယ် ..ငါတို့ကျောင်းက ပျော်ပွဲစားသွားတဲ့အချိန်မှာ ငါသူနဲ့ ချစ်ခဲ့တယ်... အဲပျော်ပွဲစားမတိုင်ခင်ကတည်းကပေါ့..ငါရဲ့အချစ်က သူအတွက်ဘဲဖြစ်တယ်ဆိုတာ ငါဝန်ခံပါတယ်..အဲဒါနဲ့ ငါတို့ချစ်သူတွေဖြစ်လာခဲ့တယ် ဒါပေမဲ့ ငါတို့ချစ်တဲ့အချစ်က တခြားချစ်သူတွေချစ်တဲ့အချစ်နဲ့ လုံးဝကွာခြားနေတယ်... သူတစ်ယောက်ထဲတာ ငါအာရုံထဲမှာရှိတယ် .. ဒါပေမဲ့ သူအနားမှာ ကောင်မလေးတွေအများကြီးဘဲ ..ငါလဲအဲထဲမှာပါတာပေါ့... အဲဒီထည့်မှာ ငါအတွက်တော့ သူက တစ်ယောက် သော ချစ်သူပေါ့ .. သူအတွက် တော့ ငါဟာတခြားမိန်းကလေးလို့ဘဲပေါ့
'ဂျင်း နင်ရုပ်ရှင်သွားကြည့်ချင်လားလို့' ငါမေးခဲ့တယ်..
'မသွားချင်ဘူး'
'ဘာလို့လဲ ???အိမ်မှာစာလုပ်ရမှာမို့လို့လား???? ငါစိတ်ပျက်စွာမေးခဲ့တယ်..
'မဟုတ်ဘူး... ငါသူငယ်ချင်းနဲ့သွားတွေ့မလို့'
သူကအမြဲတမ်းအဲလို့ဘဲ ... ငါရှေ့မှာလဲ တခြားမိန်းကလေးနဲ့တွဲသွားတယ်... ဒါပေမဲ့ ငါဘာမပြောခဲ့ပါဘူး.. ငါက သူချစ်သူဖြစ်နေလို့ပေါ့.. ချစ်တယ်ဆို့တဲ့စကားလုံးတစ်လုံးကို ငါဘဲပြောရတယ်.. ငါသူကိုသိကတည်းကပေါ့.. အရင်တုန်းကလည်း ငါကိုချစ်တယ်ဆိုတဲ့စကားကို ငါသူဆီက မကြားခဲ့ဖူးဘူး... ငါတို့မှာနှစ်ပတ်လည့်နေ့လဲမရှိခဲ့ဘူး.. သူတရက်မှကိုမပြောခဲ့ဘူး ရက်၁၀၀ ..၂၀၀တာ ပြည့်သွားတယ် နေ့တိုင်း.. ငါတို့နှစ်ယောက်အိမ်မပြန်ခင်မှာ သူကငါလက်ထည့်ကို အရုပ်ကလေးတရုပ်ပေးခဲ့တယ် ဂွတ်ခ်ဘိုင့်လို့ မပြောခင်မှာပေါ့.. တစ်ရက်ကလေးမှ မပျက်ကွက်ခဲ့ဘူး .. အဲဒါဘာကြောင့်လဲဆိုတာ ငါမသိဘူး..
တနေ့မှာ ......
'ငါ.................... အမ်....... ဂျင်း .. ငါလေ.....
'ဂျင်း................. ဘာလဲ ??? ပြောလေ ဘာပြောမလို့လဲ ....
'ငါ....... ......... ငါနင်ကိုချစ်တယ် ...
'ဂျင်း............. ... ဒီအရုပ်ကိုယူပြီအိမ်ပြန်တော့နော်..
သူဘာဖြစ်တာလဲ အဲစကား၃လုံးလေးပြောတာကို အရုပ်ပေးပြီအတင်းကို အိမ်ပြန်ခိုင်းတယ်... ပြန်လှည့်ကြည့်တော့ သူပျောက်သွားတယ် ..သူကပြေးသွားတာကို... သူဆီက နေ့တိုင်းအရုပ်ကလေးတစ်ရုပ်ပြီတစ်ရုပ်အမြဲတမ်းရခဲ့တယ်.. ငါအခန်းတောင်ပြည့်တော့မယ်..အများကြီးဘဲ.... နေ့တနေ့ကိုရောက်ခဲ့တယ်အဲနေ့က ငါမွေးနေ့ ၁၅နှစ်ပြည့်တဲ့နေ့ပေါ့... ငါရဲ့မနက်ခင်းလေးမှာစောစောထခဲ့တယ်.. ငါသူနဲ့ဓါတ်ပုံရိုက်မယ်ပေါ့.. ငါအခန်းလေးထဲငါတစ်ယောက်ထဲနေတယ် .. သူဖုန်းခေါ်မှာကို ငါမျှော်လင့်စောင့်စားနေခဲ့တယ်.. နေခင်းစားကျော်သွားတယ် ..ညစားလဲကျော်သွားပြန်ပြီ ...ကြယ်လေးတွေထွက်ပြီမှောင်တော့မယ်.. သူဖုန်းမခေါ်ခဲ့ဘူး.. ငါရဲ့ ဖုန်းကို အကြိမ်ကြိမ်ပင်ပန်းချင်စွာနဲ့ ငါကြည့်ခဲ့တယ်.. မနက်၂နာရီမှာ.. သူငါဆီကိုရုတ်တရက်ဖုန်းခေါ်တယ် အိပ်ရာကနေ ငါကိုနိုးခဲ့တယ်.. ပြီတော့အိမ်အပြင်ထွက်လာခဲ့တဲ့.. ငါအရမ်းကိုပျော်ရွင်စွာနဲ့ပြေးပြီသူဆီကို ငါသွားခဲ့တယ်..

'ငါ...................... ဂျင်း......
'ဂျင်း.................. ရော့ဒီမှာနင်အတွက်.....
လာပြန်ပြီအဲအရုပ်သေးသေးလေး....
'ငါ.................... အဲဒါဘာလဲ...??????
'ဂျင်း................ မနေ့က ငါနင်ကိုအရုပ်မပေးခဲ့ဘူး.. အခုလာပေးတာ... ငါအခုအိမ်ပြန်တော့မယ် ..ဘိုင်
'ငါ.................... နေဦး....နေဦး ... ဒီနေ့ဘာနေ့လဲဆိုတာနင်သိလား????????
'ဂျင်း................ ဒီနေ့?????အမ်?????
ငါအရမ်းဝမ်းနည်းသွားတယ်...သူငါမွေးနေ့ကိုသူသတိရမယ်လို့ငါထင်ခဲ့တယ်..... သူဘာမှမဖြစ်သလို့နဲ့
လှည့်ပြီလှမ်းလျှောက်ထွက်သွားတယ်.. အဲဒီချိန်မှာ ..
'ငါ.................. နေအုန်း ...လို့ငါအော်ခေါ်ပြောခဲ့တယ်...
'ဂျင်း............... နင်မှာပြောစရာရှိလို့လား??????
'ငါ................... ပြော နင်ငါကိုချစ်တယ်လို့ အခုပြော......
'ဂျင်း............... ဘာလဲ?????
'ငါ................... ငါကိုချစ်တယ်လို့ပြောလေဟာ.......
အင်အားမရှိလောက်အောင် ဝမ်းနည်းသွားတဲ့ငါကသူ ရဲ့ရင်ခွင်ထဲကိုငါဝင်လိုက်တယ်.. သူကရိုးစင်းတဲ့စကားကိုပြောခဲ့တယ်...
'ဂျင်း............. တစ်စုံတစ်ယောက်ကို ငါချစ်တယ်လို့ပြောဖို့လွယ်ပါတယ်..ငါမပြောချင်ဘူး အဲစကားကိုနင်အလွယ်တကူကြားချင်ရင် တစ်ခြားတစ်ယောက်ကို သွားရှာနိုင်ပါတယ်.....
သူပြောပြီအဝေးကိုပြေးထွက်သွားတယ်....
ငါခြေထောက်တွေလှုပ်လို့မရအောင် ငါခံစားရတယ်.. မြေပြင်ပေါ်မှာ ငါပြိုလဲခဲ့တယ်.. သူကဘာလဲ လွယ်ကူတဲ့စကားကိုသူမပြောခဲ့ဘူး...သူဟာငါအတွက်ချစ်ရမဲ့ချစ်သူကောင်လေးမဟုတ်ဘူးဆိုတာငါခံစားရတယ်...
နောက်တနေ့... ငါအခန်းအောင်းပြီငိုခဲ့တယ်... သူငါဆီကိုဖုန်းမခေါ်ခဲ့တာတောင် သူဖုန်းကိုငါစောင့်စားနေမိတယ်.. သူကတော့မနက်မိုးလင်းတာနဲ့ငါရဲ့အိမ်ရှေ့မှာ အရုပ်သေးသေးလေးကို ပေးမြဲပေးနေခဲ့တယ် သူနေ့တိုင်းပေးတဲ့အရုပ်ကလေးတွေကို ငါအိမ်တောင်ဆောက်လို့ရပြီ...

ဘာမဟုတ်ဘဲ ၁လကုန်သွားပြီကျောင်းပြန်တက်ခဲ့တယ်... ငါရင်ထဲကိုသူနာအောင်လုပ်ခဲ့တယ်..သူကို လမ်းမှာတွေ့လိုက်တယ် ကောင်မလေးတစ်ယောက်နဲ့အတူ.. သူငါကိုပြုံးပြခဲ့တယ်..ငါတခါမှမမြင်ဘူးတဲ့အလုပ်ကို သူငါကိုလုပ်ပြခဲ့တယ်.. ငါကိုအရုပ်သေးသေးလေးပေးတယ်.. ငါအဲအရုပ်ကိုယူပြီအိမ်ကိုတန်းပြီပြေးခဲ့တယ်.... သူပေးတဲ့အရုပ်ကိုငါကြည့်ပြီငါမျက်နှာပေါ်မှာမျက်ရည်တွေစီးဆင်းပြီအကြာကြီးငိုခဲ့မိတယ်.. ဘာကြောင့်အဲအရုပ်တွေဘဲပေးနေရတာလဲ???တခြားကောင်မလေးကိုသွားပေးပါလား..ငါစိတ်ဆိုးစွာနဲ့ သူအရုပ်သေးသေးလေးကိုပစ်လိုက်တယ်.. ရုတ်တရက်ဖုန်းထမြည်ခဲ့တယ်.. အဲဒါသူဆက်တာပေါ့.. သူကပြောတယ်
'ဂျင်း.................. အိမ်နားကကားဂိတ်မှာစောင့်တယ်လာခဲ့
ငါအိမ်ကထွက်လာခဲ့တယ် ငါသိပ်လေးနေတဲ့ခြေလှမ်းတွေနဲ့ကားဂိတ်ကိုငါလှမ်းလာခဲ့တယ်... ငါကိုငါသတိပေးလိုက်တယ်.. သူကိုမေ့နိုင်အောင်လို့..အဲဒါမှပြီမှာ.. သူကအရုပ်အကြီးကိုကိုင်ပြီ ငါဆီကိုလာခဲ့တယ်...

'ဂျင်း............. ဂျို နင်တကယ်လာတယ်နော် ??????
ငါသူကိုမုန်းဖို့ငါမလုပ်နိုင်ဘူး.. သူရဲ့ပုံကဘာမှမဖြစ်သလိုနဲ့ ပျော်ရွှင်နေတယ်... သူအရုပ်ကလေးကိုကိုင်ထားတယ်...

'ငါ........................... ငါအဲဒါကိုမလိုချင်ဘူးဂျင်း..
'ဂျင်း........................ ဘာကြောင့်လဲ ဘာလို့လဲ????????
ငါသူလက်ထဲကအရုပ်ကို ငါလုယူပြီကားလမ်းမဘက်ကို ငါလွတ်ပစ်လိုက်တယ်...
'ငါ........................... ငါအဲအရုပ်ကိုမလိုချင်ဘူး... ငါဘာကိုမှာမလိုချင်ဘူး.. ဂျင်း နင်လိုမျိုးလူနဲ့ငါထပ်မဆုံချင်ဘူး....
စို့နေတဲ့ငါရင်ထဲစကားလုံးအားလုံးငါထုတ်ပြောခဲ့တယ်... ဒါပေမဲ့ ဒီနေ့ကတခြားနေ့နဲ့မတူဘူး.. သူမျက်လုံးလေးတွေလုံးဝကိုမငြိမ်ဘူး....
'ငါတောင်းပန်ပါတယ် ဂျို' သူရဲ့သိမ်ငယ်တဲ့အသံနဲ့ငါကိုတောင်းပန်ခဲ့တယ်... သူအရုပ်ကလေးကိုကောက်ဖို့လမ်းမဆီကိုသူသွားနေတယ်....
'ငါ.............................. ဂျင်း နင်ရူးနေလား.. ဘာလို့အဲအရုပ်ကိုသွားကောက်နေတာလဲ အဝေးကြီးကိုလွတ်ပစ်လိုက်..... သူငါပြောတာကို အရေးမစိုင်ဘူး...
Honk!! Honk!!! အသံကိုတီးနေတဲ့ကုန်တင်ကားရဲ့ ဦးတည်ရာလမ်းကသူဆီကိုဖြစ်နေတယ်...
'ငါ.............................. ဂျင်း မသွားနဲ့ မသွားနဲ့ ဂျင်း
.ငါအော်ပြီပြောနေတယ် ဒါပေမဲ့သူမကြားဘူး.. သူအရုပ်ကိုကောက်ဖို့ဘဲ အာရုံစူးစိုက်နေတယ်..
'ငါ.................................... ဂျင်း ရှောင်လိုက် အဲနားကနေရှောင်လိုက်လေ..Honk!! ..... Boom
ဒီအသံကြောက်စရာကောင်းတဲ့အသံ.. ငါရင်တွေအရမ်းတုန်နေတယ် သူဘာဖြစ်သွားပြီလဲ.. ငါသူဆီကိုပြေးသွားတယ်.... သူမျက်လုံးလေးထဲမှာ ငါကိုစကားတစ်လုံးပြောခဲ့ပြီအဝေးကိုထွက်သွားတယ်....
အဲနေ့ပြီတော့ ငါအပြစ်နဲ့ဝမ်းနည်းချင်များစွာငါသူကို လက်လွတ်ဆုံးရူံးခဲ့ရတယ်... ငါရူးသွပ်ချင်များစွာနဲ့အချိန်တွေ၂လတော့ကုန်သွားတယ်... သူငါနဲ့ချစ်သူဖြစ်တဲ့နေ့ကစပြီပေးခဲ့တဲ့အရုပ်သေးသေးလေးကို သူထွက်သွားတဲ့အချိန်ထိငါကိုသူပေးခဲ့တယ်... ငါအဲနေ့ကိုသတိရခဲ့တယ် ငါတို့အတူတူချစ်ခဲ့တဲ့အချိန်ဘယ်လောက်ကုန်သွားလဲဆိုတာ ငါအရုပ်ကလေးကိုရေတွက်ခဲ့တယ်

၁...၂....၃.....၄...... ငါစပြီရေတွက်တယ်
၄၈၄....၄၈၅... အဲဒါအားလုံးရေတွက်လို့ကုန်သွားတဲ့အရုပ်လေး၄၈၅ ရုပ်ကိုငါရရှိခဲ့တယ်..
ငါစပြီငိုခဲ့တယ် အရုပ်အားလုံးကိုတင်းကျပ်စွာငါဖက်ထားခဲ့မိတယ် အဲအချိန်မှာ
'I LOVE YOU~ I LOVE YOU~!!!! အရုပ်ကလေးရဲ့ရင်ဘတ်ထဲက အသံကလေးထွက်လာခဲ့တယ်....
'I .....LO...VE...YO...U!!!!! တခြားအရုပ်ကလေးကိုကောက်ပြီ အရုပ်ကလေးရဲ့ရင်ဘတ်ကလေးကို ငါဖိခဲ့တယ်....
'I LOVE YOU......I LOVE YOU.....!!!! မဖြစ်နိုင်ဘူး!! ငါ အရုပ်ကလေးတွေရဲ့ရင်ဘတ်တွေကိုဖိထားလိုက်တယ်..

'I LOVE U......
I LOVE U.....
I LOVE U .....
I LOVE U .......
I LOVE U ...... အားလုံးအရုပ်ကလေးရဲ့ရင်ဘတ်ထဲက ထွက်လာခဲ့တယ်......
အသံတွေကလည်းမရပ်မနားထွက်လာခဲ့တယ် 'I LOVE U '... ဘာကြောင့်သူကိုယ်တိုင်မဖွင့်ပြောခဲ့တာလဲ့????????? သူရဲ့အသည်းငါနားမှာရှိနေခဲ့တာဘဲ .... ငါကိုအဲလောက်ချစ်နေရက်တာနဲ့ဘာကြောင့်မဖွင့်ပြောခဲ့တာလဲ??????????? ငါမျက်ရည်မထိန်းအောင်ငိုကြွေးနေခဲ့တယ်... ငါအရုပ်သေးသေးလေး အားးလုံးတွေရဲ့ ရင်ဘတ်ကိုငါလိုက်ဖိခဲ့မိတယ်...ငါကုတင်ဘေးက နောက်ဆုံးအရုပ်ကလေးကို ငါကောက်ပြီကြည့်လိုက်တော့ ဒါသူနောက်ဆုံးပေးခဲ့တဲ့အရုပ်ကလေးငါလမ်းမဘက်ကိုပစ်ခဲ့တဲ့အရုပ်ကလေးပေါ့... အဲဒီအရုပ်ကလေးမှာ သွေးတွေစွန်းနေတယ်... ငါအဲအရုပ်ကလေးရဲ့ရင်ဘတ်ကိုနှိပ်လိုက်တော့..... ငါအရမ်းကိုငိုမိတယ်.... ငါအရမ်းလည်းသတိရတယ်သူကို

'ဂျင်း............................ ဂျို နင်သိလား ဒီနေ့ဘာနေ့လဲဆိုတာ?????? ၄၈၆ရက်တိုင်အောင် နင်ကိုငါချစ်ခဲ့နေ့လေးပေါ့... ၄၈၆ရက်ကိုရောနင်သိလား??? ငါမပြောနိုင်ခဲ့ဘူးနင်ကိုချစ်တယ်လို့..ဘာလို့လဲဆိုတော့ ငါအရမ်းရှက်တယ်ဟာပြောရမှာ... ငါကိုခွင့်လွတ်ပါဟာ အရုပ်ကလေးနင်ကိုပေးရတာ... အဲဒါငါပြောခဲ့တယ်ဘဲ ငါနင်ကိုချစ်တယ်လို နေ့တိုင်းပေါ့ဟာ ငါမသေတဲ့အထိ နင်ကိုငါပြောသွားမယ်... ဂျို ငါနင်ကိုချစ်တယ်.....'

ငါမျက်ရည်တွေမဆည်နိုင်အောင် ငါငိုခဲ့တယ်..ငါအရမ်းငိုခဲ့တယ်...ဘာကြောင့်လဲ...ဘာကြောင့်လဲ.....
'ငါ...................................... အို့ဘုရားရယ် ငါကိုဘာကြောင့်အခုမှာပေးသိရတာလဲ သူငါအနားမှာမရှိတော့ဘူး ဒါပေမဲ့သူငါကို သူမသေခင်နောက်ဆုံးအချိန်မှာတောင် ငါကိုသူချစ်ခဲ့တယ်....




ဘာသာပြန်ပြီတင်ပေးထားတာပါ..တခါမှတော့မပြန်ဖူးဘူးကြိုက်လွန်းလို့ပြန်လိုက်တာ ...သူငယ်ချင်းတစ်ယောက် သူငှားလားတဲ့ဝတ္တုလေးထဲမှာတွေ့လို ကြိုက်သွားတာ

3 Yorum var:

သားကြီး said...

ပါးစပ်တစ်ပေါက်ထဲကဖွင့်ပြောရမှာထက်
အရုပ်ပေါင်းများစွာဆီကအသံနဲ့ ချစ်ကြောင်း
ပြောပြခဲ့တာပေါ့နော်
ကောင်မလေးကလည်းကွယ် အရုပ်ကလေးကို
အစကတည်းက ချစ်သူအမှတ်နဲ့ တင်းတင်းကြီးဖက်ထားလိုက်ပါတော့လား
အဲဒါဆို ဒီလိုကြေကွဲဝမ်းနည်းစရာအကြောင်း
ရှိလာတော့မှာမဟုတ်ဘူး
ပထမဆုံးဘာသာပြန်ဆိုပေမယ့် အရေးအသား
ပြေပြစ်တယ်
ဆက်လုပ်ပါ .....အားပေးတယ်

သားကြီး said...

Word Verificationကိုဖြုတ်ထားလိုက်ပါလား
မန့်ရတာ ပိုမြန်တာပေါ့
ပျော်ရွှင်ပါစေဗျာ

Anonymous said...

လာလည်ပါတယ်ဇင်ဇင်ရေ အခုမှလိပ်စာသိလို့ နောက်လည်းလာလည်ပါ့မယ် ..